ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံ

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၄


ကျန်းမာရေး     ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းသည် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Mongkol Visitstump ဦးဆောင်သည့်    ကိုယ်စားလှယ် အဖွဲ့ကို      ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေး      ဝန်ကြီးဌာန၏ ဧည့်ခန်းမ၌      လက်ခံတွေ့ဆုံ သည်။

 


တွေ့ဆုံစဉ်      ကိုဗစ်-၁၉ ကပ်ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး       လုပ်ငန်းများနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ   ပူးပေါင်း ဆောင်ရွက်အောင်မြင်ခဲ့မှု၊ နယ်စပ် ဒေသများတွင်   ငှက်ဖျားရောဂါ၊ ခုခံကျ/ကာလသားရောဂါ၊ တီဘီ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင် ရေးကိစ္စ၊   တနင်္သာရီတိုင်းဒေသ ကြီး   ထားဝယ်မြို့၌   ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ     ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (Thai-land International Coopera-tion Agency: TICA)၏ အထောက် အပံ့ဖြင့်         အဆင့်မြင့်ဆေးရုံ တည်ဆောက်ရေးလုပ်ငန်းကိစ္စ၊ ထိုင်းနိုင်ငံမှ ဆေးပညာရပ်ဆိုင်ရာ တက္ကသိုလ်များနှင့်   နားလည်မှု စာချွန်လွှာ(MoU) လက်မှတ်ရေး ထိုး၍      ဆေးပညာသင်ကြားမှု တိုးမြှင့်ရေးကိစ္စ၊ နှစ်နိုင်ငံ ကျန်းမာ ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကို ရင်းနှီး ခင်မင်စွာ      အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ 

 


တွေ့ဆုံပွဲသို့      ကျန်းမာရေး ဝန်ကြီးဌာနမှ           ဒုတိယ ဝန်ကြီး၊   ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စု      ဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ်   (ပြည်သူ့ ကျန်းမာရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ်(ကုသရေးဦးစီးဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကျန်းမာ ရေး   လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန)နှင့်   တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း   သိရ သည်။ 


သတင်းစဉ်