
ရန်ကုန် ဒီဇင်ဘာ ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက ပညာရေး သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံအုတ်မြစ်ဖြစ် ပါကြောင်း၊ ယနေ့ ပညာရေး အားနည်းနေမှုကို ပညာရေး ဝန်ကြီးဌာနရှိ တက္ကသိုလ်များမှ ဆရာဆရာမများနှင့် အခြေခံ ပညာမှ ဆရာ ဆရာမများ ဝိုင်းဝန်း ဆောင်ရွက်မှသာလျှင် ပညာရေး တိုးတက်လာမည် ဖြစ်ကြောင်း၊ ပညာရေးနိမ့်ကျလျှင် ဘက်စုံ နိမ့်ကျမည်ဖြစ်ပြီး အလွတ်ကျက် မှတ်သည့်စနစ်ကို ပပျောက်စေ ရန် နှင့် အမှန်တကယ်တတ်မြောက် အောင် သင်ကြားပေးရမည်ဖြစ် ကြောင်း၊ ဆရာ ဆရာမများ အနေဖြင့် မိမိတို့၏အရည်အချင်း မြင့်မားအောင် မိမိတို့ကိုယ်တိုင် စာများများဖတ်ရန် လိုအပ်ပါ ကြောင်း၊ တော်သော၊ စာသင် ကောင်းသော ဆရာ ဆရာမများ ဖြစ်ရန်အတွက် ကိုယ်တိုင်လေ့လာ သင်ယူကာ မိမိသင်ပြသော ဘာသာရပ်ကို အမှန်တကယ် တတ်ကျွမ်းရမည် ဖြစ်ကြောင်း၊ ဘာသာရပ် တစ်ခုတည်းကိုသာ လေ့လာနေရုံသာမက ဆက်စပ်နေ သည့် ဘာသာရပ်များကိုလည်း လေ့လာရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများသည် မိမိ သင်ကြားနေသည့် တပည့်များ အား အမှန်တကယ်တော်သော၊ တတ်မြောက်သော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် စေတနာထား၍ သင်ကြားပေးကြ ရန်လိုအပ်ကြောင်း။
ပညာရေး ဝန်ကြီးဌာနသည် ပညာတတ်များ အများဆုံး ရှိသည့် နေရာဖြစ်သည့်အတွက် မိမိတို့၏ ဂုဏ်သိက္ခာကိုထိန်းသိမ်း စောင့်ရှောက်ကြရန် လိုအပ် ကြောင်း၊ သုတေသနနှင့် စပ်လျဉ်း ၍ သုတေသနသည် တက္ကသိုလ်၏ အသက်သွေးကြော ဖြစ်သည့် အတွက် သုတေသန ဆောင်ရွက် ရေး၊ သင်ကြားရေး၊ အရည်အချင်း မြှင့်တင်ရေးအတွက် ဘာသာရပ် ဌာနများ၏ စာကြည့်တိုက်များ အတွက် ဘာသာရပ်ရည်ညွှန်း စာအုပ်များ ဖြည့်ဆည်းရန် လိုအပ် သော ရန်ပုံငွေများ ဖြည့်ဆည်းပေး သွားမည်ဖြစ်ပါကြောင်း၊ ဌာန များအတွက် ရေသန့်စက်များ ဖြည့်ဆည်းပေးသွားမည် ဖြစ်ပါ ကြောင်း၊ ဘာသာရပ်ဆိုင်ရာ ဆရာဆရာမများ တစ်ယောက်နှင့် တစ်ယောက် ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးဖြင့် ညီညွတ်စွာ တာဝန်ကျေပွန်အောင် ထမ်းဆောင် ကြရန် မှာကြားလိုပါကြောင်း ပြောကြားပြီး ဆရာ ဆရာမများ နှင့် ဝန်ထမ်းများက လိုအပ်သည် များကို တင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် သင်္ဃန်း ကျွန်းမြို့နယ် သင်္ဃန်းကျွန်း ပညာရေးဒီဂရီကောလိပ်သို့ ရောက် ရှိ၍ ဆရာ ဆရာမများ၊ သင်တန်း သား သင်တန်းသူများနှင့် တွေ့ဆုံ အမှာစကား ပြောကြားကာ ကျောင်းအုပ်ဆရာမကြီးကလိုအပ် သည်များကို တင်ပြရာ ပြည် ထောင်စုဝန်ကြီးက ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းပေးပြီး သင်တန်းသား သင်တန်းသူ ဆရာ ဆရာမများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် လသာ မြို့နယ် အမှတ်-၁ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိ ပြီး ကျောင်းအတွင်း ကျောင်းသား ကျောင်းသူများ စိုက်ပျိုးထား သော ပရဆေးပျိုးဥယျာဉ်နှင့် ပန်းအလှပင်များကို လည်း ကောင်း၊ ဘာသာစကား သင်ကြား ရေး Language Lab အခန်းတွင် Grade-9 ကျောင်းသားကျောင်းသူ များ၏ သင်ကြားသင်ယူနေမှုများ ကိုလည်းကောင်း၊ စာကြည့်တိုက် ဖွင့်လှစ်ထားရှိမှုတို့ကို လည်း ကောင်း လှည့်လည်ကြည့်ရှုပြီး (ဝဲပုံ) Language Lab အသစ် လဲလှယ်တပ်ဆင်ရေး၊ စာအုပ်ဗီရို နှင့် စာအုပ်များ ဖြည့်တင်းရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး အတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးသည်။
အလားတူ ဒဂုံမြို့နယ် အမှတ်-၁ အခြေခံပညာ အထက် တန်းကျောင်းနှင့် တာမွေမြို့နယ် အမှတ်-၁ အခြေခံပညာ အထက် တန်းကျောင်းများတွင် ကျောင်း သားကျောင်းသူများ စာသင်ယူနေ မှုများကို ကြည့်ရှုပြီး လိုအပ်ချက် များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်