ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းခတ်မြို့၊ မိုင်းယောင်းမြို့တို့ရှိ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများ ကြည့်ရှုအားပေး

 

နေပြည်တော်   ဖေဖော်ဝါရီ  ၁၆


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး    ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင်    မိုင်းခတ်မြို့ အခြေခံပညာ          အထက်တန်း ကျောင်းသို့ရောက်ရှိပြီး    ကျောင်း အတွင်း      လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 

 


ထို့နောက်       ပြည်ထောင်စု ဝန်ကြီးက   မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ များကို  ကျောင်းသား ကျောင်းသူ များ အေးချမ်းစွာ  ပညာသင်ကြား နိုင်ရေးအတွက်   လိုအပ်သည်များ ကို    ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊      ဆရာ ဆရာမများအနေဖြင့်       နိုင်ငံ အတွက်       ပညာတတ်များ မွေးထုတ်       ပေးနိုင်ရေးအတွက်    ဝိုင်းဝန်းလက်တွဲ   ကြိုးစားဆောင် ရွက်ကြစေလိုကြောင်း   မှာကြား သည်။

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးသည်     ကျောင်းအတွင်း အန္တရာယ်ရှိ   ကျောင်းဆောင် ဖျက်သိမ်း၍    ပေ   ၁၄၀ x ၃၀  ရှိ သုံးထပ်စာသင်ဆောင်သစ်  တည် ဆောက်နိုင်ရေး၊   အန္တရာယ်ဆောင် ဖျက်သိမ်းစဉ်အတွင်း ကျောင်းသား ကျောင်းသူများ  ပညာသင်ကြားမှု မထိခိုက်စေရေး စီစဉ်ဆောင်ရွက် ပေးရန်၊ ရေရရှိရေးအတွက် အဝီစိ တွင်း၊ ရေစင်များ  ဖြည့်ဆည်းပေး ရေးနှင့် ဆရာ ဆရာမ  လိုအပ်ချက် များ    ဖြည့်ဆည်းပေးနိုင်ရေးတို့ အတွက်    လိုအပ်သည်များ    စီမံ ဆောင်ရွက်ပေးသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်     မိုင်းယောင်းမြို့ အခြေခံပညာ    အထက်တန်း ကျောင်းသို့          ရောက်ရှိကာ ကျောင်းသား    ကျောင်းသူများ အေးချမ်းစွာ    ပညာသင်ကြားနေ မှုများကိုကြည့်ရှု၍         ငယ်စဉ် ကတည်းက    ပညာကို   ကြိုးစား သင်ကြားကြရန်၊ အခက်အခဲများ ကြုံတွေ့ပါကလည်း    စိတ်ဓာတ် မကျဘဲ    ပညာတတ်    လူတော် လူကောင်းများဖြစ်အောင် ကြိုးစား ကြရန် အားပေးစကား  ပြောကြား သည်။

 


ထို့နောက်     ပြည်ထောင်စု ဝန်ကြီးသည် ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု     စစ်ဆေး၍ ကျောင်းအတွက်    လိုအပ်သော ကျောင်းဆောင်အဝင် ကွန်ကရစ် လမ်း၊  ဘတ်စကက်ဘောကွင်း၊ ဝန်ထမ်းအိမ်ရာ၊   ကျောင်းသား ကျောင်းသူများ ဆိုင်ကယ်ထားရန် အမိုးပါအဆောက်အအုံ၊         RCC သုံးထပ်စာသင်ဆောင်နှင့်  ရေစက် စသည့် လိုအပ်ချက်များကို ညှိနှိုင်း ဖြည့်ဆည်း       ဆောင်ရွက်ပေး ကြောင်း သိရသည်။  

သတင်းစဉ်