
နေပြည်တော် ဒီဇင်ဘာ ၂၁
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Naypyitaw State Academy သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ဆဲစာသင်ဆောင်များ အရည်အသွေး ပြည့်မီရေးနှင့် အချိန်မီပြီးမြောက်ရေးဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်ရေး၊ သွားလာရေး၊ ပညာသင်ယူ ရေးကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြ ရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင် ခန်းများ၊ လက်တွေ့ခန်းများတွင် တက္ကသိုလ်ကျောင်း သား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဘာသာရပ် အလိုက် ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါ တက္ကသိုလ်ခန်းမတွင် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများနှင့်သင်ကြား စီမံဝန်ထမ်းများကို တွေ့ဆုံ၍ Naypyitaw State Academy ကို နိုင်ငံတော်၏ ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်အောင် ဦးတည်ချက်ထားဆောင်ရွက်နေပါ ကြောင်း၊ Naypyitaw State Academy မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အစဉ်လေ့လာသင်ယူ၍ အမြဲမပြတ်ကြိုးစားနေရန် လိုအပ်ပါကြောင်း၊ အားလုံးက ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဖြည့်ဆည်းဆောင်ရွက်ပေး
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy အတွင်းရှိ စားသောက် ဆိုင်တန်းများကို သွားရောက်စစ်ဆေးကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး သည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ သုတေသန စာတမ်းဖတ်ပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်သည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာ နိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ တက္ကသိုလ် ပါမောက္ခချုပ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုလာမည့် ဇန်နဝါရီလတွင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ သုတေသနစာတမ်းဖတ်ပွဲ ကို နေပြည်တော်တွင် နိုင်ငံတော်အဆင့် ခမ်းခမ်း နားနား ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့မှ ဆရာကြီး၊ ဆရာမကြီး များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များအနေဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် အရည်အသွေးရှိ သောစာတမ်းများ ဖတ်ကြားနိုင်ရေး၊ တက္ကသိုလ် အလိုက် ပြခန်းများပြသနိုင်ရေးအတွက် လိုအပ် သည် များကို ယခုအစည်းအဝေးတွင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က သုတေသနစာတမ်း ဖတ်ပွဲဖတ်ကြားမည့်အစီအစဉ်များ၊ တက္ကသိုလ် အလိုက် ပြခန်းများ ပြသမည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက် များကို ပြောကြားသည်။
အကြံပြုဆွေးနွေး
ယင်းနောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဆရာကြီး၊ ဆရာမကြီးများနှင့် ပါမောက္ခချုပ်များ က သုတေသနစာတမ်းဖတ်ပွဲဖြစ်မြောက်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေးပြောကြားကြ သည်။ ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဝင်းထွန်းတို့က ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာ စကား ပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကျင်းပမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုလေ့လာ၍ လိုအပ်သည်များ မှာကြား ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်