
နေပြည်တော် ဒီဇင်ဘာ ၁
ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေသည် အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး ပညာရေး မှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် အောင်မြေ သာစံမြို့နယ် အမှတ်(၁၈) အခြေခံ ပညာ အထက်တန်းကျောင်း (နန်းတွင်း)၊ အမှတ်(၁)အခြေခံ ပညာ အထက်တန်းကျောင်း၊ အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းနှင့် မန္တလေး ပညာရေး ဒီဂရီကောလိပ်ရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်း များကို ကြည့်ရှုစစ်ဆေးသည်။
ဖြည့်ဆည်းဆောင်ရွက်
ပြည်ထောင်စုဝန်ကြီး သည် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာ သင်ကြားနေမှုကို ကြည့်ရှုအားပေး ပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် ဘဝ တိုးတက် အောင်မြင်ရေးအတွက် ပညာကိုကြိုးစား သင်ယူရမည်ဖြစ် ကြောင်း၊ ဆရာ ဆရာမများ ဆုံးမ သင်ကြားသည့်အတိုင်း ကြိုးစား လိုက်နာကြစေလိုကြောင်း ပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံ
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် မန္တလေးတက္ကသိုလ် သို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေး ကာ ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ နှင့်တွေ့ဆုံသည်။
ဆွေးနွေးပြောကြား
ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ အမှန်တကယ် တတ်မြောက်အောင် စေတနာ ထား၍ သင်ကြားပေးရေး၊ တစ်ဦး နှင့် တစ်ဦးအပြန်အလှန်လေးစား တန်ဖိုးထားဆက်ဆံကာ မိမိတို့ တက္ကသိုလ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းလက်တွဲ ဆောင် ရွက်ရေး၊ တက္ကသိုလ်၏ သင်ကြား ရေး၊ စီမံရေးဆိုင်ရာများ အရည် အသွေး တိုးတက်ကောင်းမွန် အောင် ကြိုးစားဆောင်ရွက်ရေး၊ ကျောင်းသန့်ရှင်း သာယာရေး၊ စာမေးပွဲဆိုင်ရာ လုပ်ငန်းများကို စာမေးပွဲ လုပ်ထုံးလုပ်နည်းနှင့် အညီ စနစ်တကျဆောင်ရွက်ရေး၊ ဇန်နဝါရီလတွင် နေပြည်တော် ၌ကျင်းပမည့် သုတေသနစာတမ်း ဖတ်ပွဲတွင် တန်ဖိုးရှိသည့် သုတေ သနစာတမ်းများ ပါဝင်ဖတ်ကြား ရေးတို့ကို ဆွေးနွေးပြောကြားကာ တက္ကသိုလ်အတွက် လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
အကောင်အထည်ဖော်ဆောင်ရွက်
ထို့နောက် အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက တက္ကသိုလ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲ ကို ရုပ်သိမ်းခဲ့သည်။
သတင်းစဉ်