ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၊ တက္ကသိုလ်၊ သိပ္ပံနှင့်ကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်  ၁၉


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည်   ယနေ့နံနက်  ၁၀ နာရီတွင်   မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ် ဦးမောင်ကို၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ   ပုသိမ်ကြီးမြို့နယ်  လိန်ပင် ကျေးရွာတွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ဇီဝနည်းပညာသုတေသနဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်နေသည့် တန် ၁၀၀ နေခြည် သဘာဝဇီဝမြေဩဇာ ရှေ့ပြေးစမ်းသပ်ထုတ်လုပ်နေမှု များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 


သဘာဝဇီဝမြေဩဇာထုတ်လုပ်


ကြည့်ရှုစစ်ဆေးစဉ်  စိုက်ပျိုးရေး၊   မွေးမြူရေး နှင့်   ဆည်မြောင်းဝန်ကြီးဌာန  ညွှန်ကြားရေးမှူး ဦးသန်းဇော်ထွန်းနှင့်      ဇီဝနည်းပညာသုတေသန ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အေးအေးခိုင်တို့က  သဘာဝဇီဝမြေဩဇာထုတ်လုပ် မှုနည်းစဉ်နှင့် အရည်အသွေးစစ်ဆေးခြင်း၊ ထုတ်ကုန် အသစ်ပြင်ဆင်ခြင်းတို့ကို    ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသော ဝန်ကြီးများက ဖြည့်စွက် ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးချုပ် တို့က    လိုအပ်သည်များကို   မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 


စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး


ဆက်လက်၍         ပြည်ထောင်စုဝန်ကြီးသည် မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ် သို့   ရောက်ရှိပြီး   မန္တလေးမြို့ရှိ  တက္ကသိုလ်၊  သိပ္ပံ၊ ကျောင်းများရှိ ပါမောက္ခချုပ်၊  ဒုတိယပါမောက္ခချုပ် များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများနှင့် ဆရာ၊ ဆရာမများကို တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်၊ သိပ္ပံနှင့်ကျောင်းများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးမှာ အလွန်အရေးကြီးပါကြောင်း၊ သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအားအရင်း အမြစ် ပြုစုပျိုးထောင်ခြင်းများကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်လို အပ်ပါကြောင်း၊ စာသင်ခန်းများ လက်တွေ့ခန်းများနှင့်      စာကြည့်တိုက်များ    ပိုမို တိုးတက်ကောင်းမွန်အောင် စနစ်တကျဆောင်ရွက် ထားရှိနိုင်ရေး၊ တက္ကသိုလ်၊ သိပ္ပံနှင့် ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်စေရေး၊   သန့်ရှင်းသာယာလှပ စေရေးနှင့် မိုးရာသီကာလအတွင်း သစ်ပင်ပန်းပင်များ အရိပ်ရအပင်များ စနစ်တကျ စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားသည်။

 


သင်ကြား သင်ယူ ဆောင်ရွက်နေမှုတင်ပြ


ထို့နောက်      မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ  ပါမောက္ခချုပ်က  တာဝန် ထမ်းဆောင်လျက်ရှိသော အိန္ဒိယပညာရှင်များနှင့် သင်ကြားသင်ယူဆောင်ရွက်နေမှုများကို တင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဝန်ကြီးချုပ် တို့က  လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရ သည်။                         

သတင်းစဉ်