
နေပြည်တော် မတ် ၁၂
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် သည် အီတလီနိုင်ငံ ရောမမြို့ရှိ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးနှင့် စီမံခန့်ခွဲရေးအရာရှိချုပ်ဖြစ်သူ Mr. Carl Johan Orrenius Skau နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် WFP က မြန်မာနိုင်ငံတွင် ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများ၊ မြန်မာနိုင်ငံနှင့် WFP အကြား ရှေ့ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ အမြင်ချင်း ဖလှယ် ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အီတလီနိုင်ငံ ရောမမြို့ရှိ WFP ရုံးချုပ်၊ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ WFP ရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာ WFP ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
သတင်းစဉ်