ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မကွေးတိုင်းဒေသကြီးအတွင်းရှိ ဝါကြိတ်စက်ရုံများ၊ ဆီစက်လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဧပြီ   ၂၅
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် မကွေးတိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်နှင့်အတူ ယနေ့  နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ရှိ စန်းသီရိ ဝါကြိတ်စက်ရုံနှင့်  ဝါစေ့ဆီ ထုတ်လုပ်သည့်လုပ်ငန်း သို့ရောက်ရှိပြီး    ဝါများကြိတ်ခွဲနေမှု၊      ဝါစေ့ဆီ ထုတ်လုပ်နေမှု  အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ 
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အမှတ်(၃)   အကြီးစားစက်မှုလုပ်ငန်း   ကြီးကြပ်မှု အောက်ရှိ   ဝါကြိတ်စက်ရုံ   (တောင်တွင်းကြီး)   သို့ ရောက်ရှိပြီး    စက်ပစ္စည်းကိရိယာများ    တပ်ဆင် ထားရှိမှု အခြေအနေကို လှည့်လည်ကြည့်ရှု စစ်ဆေး ကာ     လိုအပ်သည်များကို        တာဝန်ရှိသူများအား မှာကြားသည်။ 
အမြန်အကောင်အထည်ဖော်
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးမြို့ရှိ ရွှေပြည်သာမြေပဲခွဲစက်၊ ဆီစက်၊ မြေပဲ ဆားလှော်လုပ်ငန်းသို့   ရောက်ရှိပြီး   လုပ်ငန်းများ ဆောင်ရွက်နေမှုကို   လှည့်လည်ကြည့်ရှုကာ    ပြည် ထောင်စုဝန်ကြီးက  စားသုံးသူများ  ဘေးအန္တရာယ် ကင်းရှင်းစွာ စားသုံးနိုင်ရေးအတွက် အရည်အသွေး ကောင်းမွန်သည့် ဆီများထုတ်လုပ်ရန်၊ ဆီသန့်စင် စက်ရုံကို အမြန်အကောင်အထည်ဖော် ဆောင်ရွက် ရန် မှာကြားသည်။
ယင်းနောက်   မကွေးတိုင်းဒေသကြီးအတွင်းရှိ  ဆီလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကို မကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ်၊ မကွေးတိုင်းဒေသကြီး  စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊   ဆီစက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဦးစွာ    ပြည်ထောင်စုဝန်ကြီးက     မကွေးတိုင်း ဒေသကြီးအတွင်းရှိ     ဆီစက်လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေးအတွက်    လုပ်ငန်းရှင်များ   ရင်ဆိုင် ကြုံတွေ့နေရသည့်     အခြေအနေများကို    သိရှိပြီး လိုအပ်သည်များ ပံ့ပိုးပေးနိုင်ရေးရည်ရွယ်၍ လုပ်ငန်း ရှင်များနှင့် ရင်းရင်းနှီးနှီးဖြင့် စကားဝိုင်းဆွေးနွေးပွဲ ပုံစံဖြင့်      တွေ့ဆုံဆွေးနွေးလိုခြင်းဖြစ်ကြောင်း၊ စားသုံးဆီထုတ်လုပ်မှု Supply Chain တစ်လျှောက် ကို လေ့လာကြည့်လျှင် ဆီထွက်သီးနှံများဖြစ်သည့်  မြေပဲ၊  နှမ်း၊  နေကြာတို့၏   စိုက်ဧက  တိုးချဲ့ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အရည်အသွေးပြည့်မီ သော  ဆီထွက်သီးနှံများ  ထွက်ရှိရေးစသည်တို့ကို စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်  ဆည်မြောင်းဝန်ကြီး ဌာနမှ       တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ထွက်ရှိလာသော ဆီထွက်သီးနှံများကို အရည်အသွေး မြင့်မားသည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအတွက်  စက်မှုဝန်ကြီးဌာနအနေဖြင့် ဆီစက်လုပ်ငန်းရှင်များ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။   
ယခုဆွေးနွေးပွဲ၌ စားသုံးဆီထုတ်လုပ်မှုမြင့်မား ရေးအတွက်   ဆောင်ရွက်ရာတွင်   ဖြည့်ဆည်းပေး ရမည့် အချက်များ၊ မူဝါဒပိုင်းဆိုင်ရာ ပံ့ပိုးပေးရမည့် ကိစ္စရပ်များကို လုပ်ငန်းရှင်များမှ တင်ပြပေးစေလို ကြောင်း၊   သို့မှသာ  မိမိတို့အနေဖြင့်    ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များကို ကောင်းစွာ သိရှိဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊   စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေ ဖြင့် ဆီထွက်သီးနှံ (နှမ်း၊ မြေပဲ၊ နေကြာ) စိုက်ပျိုးခြင်း အတွက် တစ်နိုင်ငံလုံးတွင် ဇုန်ခုနစ်ခု သတ်မှတ်ပြီး တိုးချဲ့စိုက်ပျိုးသွားရန်    စီမံဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးတွင် ဇုန်နှစ်ခုပါဝင်ပြီး စိုက်ပျိုး ဧက  ၁၃   သန်း    လျာထားဆောင်ရွက်လျက်ရှိ ကြောင်း၊   ထို့ကြောင့်   မကွေးတိုင်းဒေသကြီးတွင်  ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့ကို  တိုးချဲ့စိုက်ပျိုးသွားမည်ဆိုပါက ဆီစက်အရေအတွက် နှင့် စက်များ၏ ထုတ်လုပ်နိုင်မှုစွမ်းအား မြှင့်တင်ရန်  လိုအပ်သဖြင့်  အရည်အသွေးပိုင်းတွင်လည်း  စံချိန် စံညွှန်းများနှင့် ကိုက်ညီသော စားသုံးဆီများထုတ်လုပ် နိုင်ရန်   ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊    ဆီအိုး ကြီးဟု သတ်မှတ်ထားသည့် မကွေးတိုင်းဒေသကြီး တွင် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးပြီး စားသုံးဆီ များ   တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့်  တိုင်းဒေသကြီး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး   ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်းများလည်း     ပိုမိုဖန်တီး  ပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီစက်လုပ်ငန်း ရှင်များအနေဖြင့် ယခုတွေ့ဆုံဆွေးနွေးပွဲတွင် မိမိ တို့၏    လိုအပ်ချက်များနှင့်ပတ်သက်၍      ပွင့်ပွင့် လင်းလင်း  ဆွေးနွေးတင်ပြပေးကြရန်  ဖိတ်ခေါ်ပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် က  တိုင်းဒေသကြီးအတွင်း၌   ဧက  ၃၁  သိန်းခန့် စိုက်ပျိုးနိုင်ပြီး ယာဧကသည် ၂၂ သိန်း ခန့်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးမှ   တစ်နှစ်လျှင်   ဆီတန်ချိန် ပေါင်း ၁၈၀၀၀၀ ခန့် ထွက်ရှိပြီး ဒေသတွင်းမှ တန်ချိန် ၀ ဒသမ ၆ သိန်းသာ အသုံးပြုလျက်ရှိပြီး ကျန်ပိုလျှံ ဆီများကို အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း၊      ယခုဆွေးနွေးပွဲတွင် လုပ်ငန်းရှင်များမှ လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲ များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးစေလို ကြောင်း ပြောကြားသည်။
အသေးစိတ်ပြန်လည်ရှင်းဖြေကြား
ထို့နောက် ဆီစက်လုပ်ငန်းရှင်များက ဆီထွက် သီးနှံများ ကြိတ်ခွဲ၍ စားသုံးဆီထွက်ရှိမှု အခြေအနေ၊ ကုန်ကြမ်းရရှိမှုအခြေအနေ၊ ဈေးကွက်အခြေအနေ၊ ပြည့်ဝသည့် စားသုံးဆီများ စားသုံးနိုင်ရေးအတွက် ပြည်သူများသို့ အသိပညာပေးရေးကိစ္စတို့ကို ရှင်းလင်း တင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန် ရှိသူများက လုပ်ငန်းရှင်များ၏ တင်ပြချက်တစ်ချက် ချင်းအပေါ် အသေးစိတ် ပြန်လည်ရှင်းဖြေကြားကာ  ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားသုံးဆီဖူလုံ စေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များ ကို   လက်တွေ့ကျကျ   ပေါင်းစပ်ဆောင်ရွက်ပေးရန် ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စလေ မြို့ရှိ သိန်းဌေး ဝါကြိတ်စက်နှင့် ဝါစေ့ဆီစက်ရုံသို့ ရောက်ရှိပြီး ဝါကြိတ်ခွဲနေမှု၊ ဝါစေ့ဆီ ထုတ်လုပ်နေမှု၊ ထုတ်လုပ်ပြီး ဝါစေ့ဆီများအား သန့်စင်နေမှုအခြေ အနေတို့ကို လှည့်လည်အားပေး ကြည့်ရှုခဲ့ကြောင်း  သိရသည်။                                        သတင်းစဉ်