
နေပြည်တော် မတ် ၁၂
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန် မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)သို့ရောက်ရှိပြီး သွေးကြောသွင်း ဆေးရည်များထုတ်လုပ်မှု၊ ဆေးဝါး များထုတ်လုပ်ရာတွင် လိုအပ် သည့် အထောက်အကူပြုအလုပ်ရုံ များ၊ ကုန်ကြမ်းသိုလှောင်ရုံများနှင့် စက်ရုံနေ့ ကလေးထိန်းကျောင်း တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
ထို့နောက် စက်ရုံမှူးက ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူ ထားသည့် ဆေးဝါးများထုတ်လုပ် ပေးခဲ့မှုနှင့် ထုတ်လုပ်ပေးရန် ကျန်ရှိနေမှုအခြေအနေကို ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်စွမ်းအားအရ ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ လိမ်းဆေး၊ ဆေးမှုန့်၊ ကာကွယ်ကုသဆေး၊ မြွေဆိပ်ဖြေဆေး၊ အသည်းရောင် အသားဝါ (ဘီ) ကာကွယ်ဆေး၊ လက်သန့်ဆေးရည်နှင့် သွားတိုက် ဆေးတို့ ထုတ်လုပ်နိုင်မှုအခြေအနေ ကို အခြေခံ၍ စနစ်တကျတွက်ချက် ရန်၊ ဆေးဝါးများတိုးမြှင့်ထုတ်လုပ် နိုင် ရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို လက်တွေ့ကျကျ ရေးဆွဲဆောင်ရွက်ရန်၊ ထို့ပြင် စက်ပစ္စည်းများ စဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ကြိုတင်စစ်ဆေး၍ ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်၊ ဈေးကွက်လိုအပ် ချက်အတိုင်း ထုတ်လုပ်နိုင်ရေး အတွက် လူ၊ ကုန်ကြမ်း၊ စက်ပစ္စည်း၊ နည်းစဉ်၊ အရည်အသွေးအာမခံမှု နှင့် အရည်အသွေးထိန်းသိမ်းခြင်း စသည်တို့ကို အသေးစိတ်တွက်ချက် ဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည် သာကေတမြို့နယ်ရှိ ယုဇနဆီအုန်းစက်ရုံသို့ ရောက်ရှိ ပြီး ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် ဒေသခံပြည်သူများ အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိ ရေးအတွက် စက်ရုံအား စဉ်ဆက် မပြတ်လည်ပတ်နိုင်ရေး ကြိုးစား ဆောင်ရွက်ရန်၊ ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းဖြစ်၍ ယခုထက် ပိုမိုထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက် ရန်၊ ဆီအထွက်နှုန်းကောင်းမွန်စေရေးအတွက် မျိုးကောင်းမျိုးသန့် များကို ရွေးချယ်စိုက်ပျိုးရန်နှင့် လိုအပ်သော သွင်းအားစုများကို အပြည့်အဝ ဖြည့်ဆည်းပေးရန်၊ စက်မှုဝန်ကြီးဌာနအနေဖြင့် စားသုံး သူများ ဘေးအန္တရာယ်မဖြစ်စေ ရေးအတွက် ထုတ်လုပ်မှုနည်းစဉ် တစ်လျှောက်ရှိ အဆင့်တိုင်းတွင် စနစ်တကျ စစ်ဆေးကြပ်မတ် ဆောင်ရွက်ရန်နှင့် ပုဂ္ဂလိကစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို အပြည့်အဝ ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း ပြောကြားကာ စားအုန်းဆီသန့်များ ထုတ်လုပ်နေ သည့် နည်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်