ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တောင်ကြီးခရိုင်အတွင်းရှိ ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

 

တောင်ကြီး     ဇန်နဝါရီ     ၁၂


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်  ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊    နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့ သာသနာ့ဗိမာန်ရှိ ယာယီ တိုက်ပွဲရှောင် ပြည်သူများကို  ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားသည်။ 
ထောက်ပံ့ကြေးများ ပေးအပ်နိုင်ရေး
ထို့နောက်  လူမှုဝန်ထမ်း၊    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထောက်ပံ့ သော Smart အထည်ချုပ်စက်ရုံမှ ထုတ်လုပ်သည့် ကျား/ မအင်္ကျီများ၊ ကိုယ်တိုက် ဆပ်ပြာများ၊ အသက် ၇၀ နှစ်နှင့်အထက်များ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန် ဆောင်မိခင်နှင့် အသက် ၅ နှစ် အောက်ကလေးများ အား လူမှုရေးအထောက်အပံ့အဖြစ် ထောက်ပံ့ငွေများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တို့ကထောက်ပံ့သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲ ခြောက်၊ ကြက်ဥတို့ကို လူဦးရေအလိုက်၊ အိမ်ထောင်စု အလိုက် ထောက်ပံ့ပေးအပ်ကြပြီး ယာယီတိုက်ပွဲရှောင် ပြည်သူများထဲမှ အငြိမ်းစားဝန်ထမ်းများ အငြိမ်းစား လစာထုတ်ယူနိုင်ရေး၊  ဆေးတက္ကသိုလ်အပါအဝင် တက္ကသိုလ်များ၊ စာသင်ကျောင်းများတွင် ကျောင်း သား ကျောင်းသူများ ဆက်လက်ပညာသင်ကြားရေး၊ ပညာသင်ထောက်ပံ့ကြေးများ   ပေးအပ်နိုင်ရေးတို့ အတွက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ    ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊   ပြည်နယ် ဝန်ကြီးချုပ်နှင့်  ဒုတိယဝန်ကြီးတို့သည်   ဟိုပုံးမြို့ လုမ္မနီဘုန်းတော်ကြီးကျောင်းနှင့်   တောင်ကြီးမြို့ တောင်ကျောင်းကြီး ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ပြီး ဆရာတော် သံဃာတော်များအား ဖူးမြော်ကန်တော့ကာ ယာယီတိုက်ပွဲရှောင်ပြည်သူ များအား   အဝတ်အထည်၊     ကိုယ်တိုက်ဆပ်ပြာ၊ ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်သူများအတွက် လူမှုရေးအထောက်အပံ့ငွေ၊   နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့က ထောက်ပံ့ သော ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥ တို့ကို လူဦးရေအလိုက်၊ အိမ်ထောင်စုအလိုက်ပေးအပ် ထောက်ပံ့ပြီး    ယာယီတိုက်ပွဲရှောင်ပြည်သူများကို နွေးထွေးရင်းနှီးစွာ တွေ့ဆုံအားပေးစကား ပြောကြား သည်။ 
စားနပ်ရိက္ခာများကိုထောက်ပံ့
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် တောင်ကြီး မြို့ ကရင်နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းသို့သွားရောက်၍ အဝတ်အထည်၊ ဆပ်ပြာ၊ ထောက်ပံ့ ငွေ၊ စားနပ်ရိက္ခာများကိုထောက်ပံ့ပြီး ယာယီတိုက်ပွဲ ရှောင်ပြည်သူများကို အားပေးစကားများ ပြောကြား ကြသည်။
ယာယီတိုက်ပွဲရှောင်      ပြည်သူများအတွက် ထောက်ပံ့မှုများအနေဖြင့် ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဟိုပုံးမြို့နယ်၊ ဆီဆိုင် မြို့နယ်၊  ပင်လောင်းမြို့နယ်များမှ   ယာယီတိုက်ပွဲ ရှောင်ပြည်သူ အိမ်ထောင်စု  ၂၉၆၆  စုရှိ   လူဦးရေ ၁၁၄၅၀ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ   အဝတ် အထည်နှင့်ဆပ်ပြာ တန်ဖိုးငွေကျပ်သိန်း ၁၅၀၀ ခန့်၊ လူမှုရေးထောက်ပံ့ငွေ လူဦးရေ ၁၂၆၁ ဦးအတွက် ငွေကျပ် ၃၇၈ သိန်းကျော်၊  နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဆန်၊ ဆီ၊ ဆား၊ ပဲခေါက်ဆွဲခြောက်၊  ကြက်ဥ  စသည့်စားနပ်ရိက္ခာ ထောက်ပံ့မှု ငွေကျပ် ၈၈၁ သိန်းကျော်တို့ကို ထောက်ပံ့ ခဲ့ရာ   ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် ထောက်ပံ့မှု စုစုပေါင်းငွေကျပ် ၂၇၅၉ သိန်းဖြစ်သည်။
တောင်ကြီးခရိုင်အတွင်းရှိ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့နယ်၊  ရွှေညောင်မြို့နယ်၊   ကျောက် တစ်လုံးကြီးမြို့နယ်၊   ရပ်စောက်မြို့နယ်အတွင်းမှ တိုက်ပွဲရှောင်ပြည်သူ    အိမ်ထောင်စု   ၁၃၂၅   စုမှ လူဦးရေ ၅၀၇၃ ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့်   ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အဝတ်အထည်နှင့် ဆပ်ပြာတန်ဖိုးငွေကျပ်  ၆၆၄ ဒသမ ၅ သိန်းခန့်၊ လူမှုရေးထောက်ပံ့ငွေမှာ လူဦးရေ ၅၅၄ ဦးအတွက် ငွေကျပ် ၁၆၆ ဒသမ ၂ သိန်း၊ နယ်စပ် ရေးရာဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဆန်၊ ဆီ၊ ဆား၊ ပဲခေါက်ဆွဲခြောက်၊ ကြက်ဥ စသည့် စားနပ်ရိက္ခာထောက်ပံ့မှု ငွေကျပ် ၃၉၃ သိန်းကျော် တို့ကို   ထောက်ပံ့ခဲ့ရာ   တောင်ကြီးခရိုင်အတွက် ထောက်ပံ့မှုစုစုပေါင်းငွေကျပ် ၁၂၂၃ ဒသမ ၇ သိန်း ဖြစ်သည့်အတွက်  ယနေ့  ထောက်ပံ့မှုစုစုပေါင်းမှာ ငွေကျပ် ၃၉၈၃ သိန်းခန့်ဖြစ်ကြောင်း သတင်းရရှိ သည်။                          

သတင်းစဉ်