ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဟင်္သာတမြို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်

 

နေပြည်တော်   ဒီဇင်ဘာ   ၁၂
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့နံနက်ပိုင်းက ဧရာဝတီ တိုင်းဒေသကြီး ဟင်္သာတမြို့၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်း၌        ကျင်းပသော ဘေးအန္တရာယ်ကြောင့်        ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၃/၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
ချိတ်ဆက်အသုံးပြုဆောင်ရွက်
ဦးစွာ  ပြည်ထောင်စုဝန်ကြီးက   ယနေ့ဖွင့်လှစ် သော သင်တန်းတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲ မှု၏ အပိုင်းသုံးခုဖြစ်သည့်  ဘေးမဖြစ်မီဆောင်ရွက်ရ မည့်အစီအမံများ၊ ဘေးဖြစ်နေစဉ်တုံ့ပြန်ဆောင်ရွက် ရမည့်လုပ်ငန်းရပ်များ၊   ဘေးဖြစ်ပြီးနောက် လုပ် ဆောင်ရမည့်   ပြန်လည်ထူထောင်ရေး၊   ပြန်လည် တည်ဆောက်ရေးအစီအစဉ်များ   စသည့်  ကာလ အပိုင်းအလိုက်  ဆောင်ရွက်ရန်များအပြင် အခြား ဗဟုသုတဖြစ်စေနိုင်မည့် ဘေးအန္တရာယ်နှင့် ဆက်စပ် သည့် အကြောင်းအရာများကို   လေ့လာကြရမည် ဖြစ်ပါကြောင်း၊ သင်တန်းသား  သင်တန်းသူများအနေ ဖြင့် သင်တန်းကာလအတွင်း  မိမိတို့၏အတွေ့အကြုံ များနှင့်ပေါင်းစပ်၍        အချင်းချင်းဆွေးနွေးခြင်း၊ ပူးပေါင်းလုပ်ဆောင်ကြခြင်းတို့ဖြင့်   သင်တန်းကာလ အတွင်း  အချိန်ကိုအကျိုးရှိစွာ အသုံးပြုပြီး အတွေ့ အကြုံဗဟုသုတများ    ရယူကြရန်နှင့်     ရရှိသည့် အသိပညာဗဟုသုတများကို       ဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများ၌  မိမိတို့၏   ပင်မတာဝန် များနှင့်    ချိတ်ဆက်အသုံးပြု   ဆောင်ရွက်ကြရန် မှာကြားသည်။
ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက  အမှာစကား ပြောကြားသည်။
သင်တန်းသို့  ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်တို့ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊  ပညာရေး ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့မှ အရာထမ်း၊  အမှုထမ်း  ၅၉  ဦး  တက်ရောက် ကြပြီး  သင်တန်းကာလမှာ  ဒီဇင်ဘာ ၂၂ ရက်အထိ   ဖြစ်ကြောင်း သိရသည်။                    

သတင်းစဉ်