
နေပြည်တော် ဒီဇင်ဘာ ၇
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဝင်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၏ (၅၈) နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားသို့ တက်ရောက် အမှာ စကားပြောကြားပြီး ထူးချွန် ဝန်ထမ်းများအား ဂုဏ်ပြုဆုများ ချီးမြှင့်သည်။
အဆိုပါ နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် / ဦးဆောင် ညွှန်ကြားရေးမှူးများ၊ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ၌ တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် များ၊ ဌာနမှ အရာထမ်း/ အမှု ထမ်းများ တက်ရောက်ခဲ့ကြသည်။
အသိအမှတ်ပြု
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီးက ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန အနေဖြင့် ဖြတ်သန်းခဲ့ရသည့် ခေတ်အဆက်ဆက်တွင် ကောင်း မြတ်သည့် အစဉ်အလာများကို ထိန်းသိမ်းမြှင့်တင်ပြီး လက်ဆင့် ကမ်း တာဝန်ထမ်းဆောင်လာခဲ့ ကြသည်မှာ (၅၈)နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်၍ ဌာနဝန်ထမ်းအားလုံး အတွက် အလွန်ဂုဏ်ယူဖွယ်ရာ ပင် ဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီး/ပြည်နယ်/ခရိုင် ရုံးပေါင်း ၅၅ ရုံးအထိ တိုးချဲ့ဖွင့်လှစ်ပြီး ဌာန၏ လုပ်ငန်းတာဝန်(၆)ရပ်ကို အစဉ် အဆက် ကျေပွန်အောင်မြင်စွာ ထမ်းဆောင်ခဲ့ကြသည်ကို အသိ အမှတ်ပြုပါကြောင်း၊ ဌာနအနေ ဖြင့် မော်တော်ယာဉ်များ၊ ယာဉ် မောင်းလိုင်စင်များကို ပြဋ္ဌာန်းထား သည့် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ စိစစ်မှတ်ပုံတင် ဆောင်ရွက် ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှ စပြီး နိုင်ငံတော်က မော်တော် ယာဉ် တင်သွင်းမှုဆိုင်ရာ မူဝါဒ ကို ဖြေလျှော့ခွင့်ပြုပေးခဲ့သည့် အတွက် ၂၀၁၁ ခုနှစ်တွင် ယာဉ်စီး ရေ ၂ ဒသမ ၃ သန်းကျော်သာ ရှိခဲ့ရာမှ လက်ရှိ ၂၀၂၂ ခုနှစ်တွင် ယာဉ်စီးရေ ၇ ဒသမ ၂ သန်းကျော် အထိ ဆယ်စုနှစ်ကာလအတွင်း သုံးဆကျော် တိုးတက် မှတ်ပုံတင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ဌာန၏ အဓိကလုပ်ငန်းများ တွင် IT နည်းပညာ အသုံးပြုပြီး Computerized System ဖြင့် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည့်အပြင် QR Code ဖတ်ရှု နိုင်သည့် Smart Card ယာဉ် မောင်းလိုင်စင်များ၊ ယာဉ်နံပါတ် ပြားများအဆင့်အထိ တိုးမြှင့်နိုင်ခဲ့ သည့်အတွက် IT နည်းပညာသုံး ဝန်ဆောင်မှုနှင့် e-Government ဖော်ဆောင်မှုတွင် နိုင်ငံတော်၏ မူဝါဒ၊ မျှော်မှန်းချက်နှင့်အညီ ကောင်းစွာ လိုက်နာအကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပါ ကြောင်း။
National Road Safety Council ၏ Focal Department အဖြစ် NRSC ၏ ဦးဆောင်မှု အောက်တွင် မြန်မာနိုင်ငံ၏ ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းများကို တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အပြင် Global Plan for UN’s Decade of Action for Road Safety (2021-2030)နှင့်အညီ ဒေသတွင်း နိုင်ငံများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အောင်မြင်စွာ ပူးပေါင်းချိတ်ဆက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ အာဆီယံ ကုန်းလမ်းပို့ဆောင်ရေး ကဏ္ဍ၏ Focal Department အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မော်တော် ယာဉ် ဖောင်းကြွနံပါတ်ပြား ပုံစံ အသစ်များအား ပြောင်းလဲ တပ်ဆင်ပေးနိုင်ခြင်းသည်လည်း ဌာန၏ ကြိုးပမ်းဆောင်ရွက်မှု တစ်ခုအဖြစ် အသိအမှတ်ပြုပါ ကြောင်း၊ ဝန်ကြီးဌာနက တာဝန် ယူ ဆောင်ရွက်လျက်ရှိသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍသည် ပြည်သူတစ်ဦးချင်းစီ ၏ စားဝတ်နေရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍအသီးသီးအတွက် အဓိက ကျသကဲ့သို့ နိုင်ငံအတွင်းရှိ တိုင်းရင်းသားများ အချင်းချင်း ကူးလူးသွားလာမှု၊ ထိတွေ့ဆက်ဆံ မှုအတွက်လည်း အရေးပါလှ ပါကြောင်း။
“ပို့ဆောင်ဆက်သွယ် ပြည် ကျိုးရွယ်”ဆိုသည့် ဆောင်ပုဒ်နှင့် အညီ နိုင်ငံနှင့် ပြည်သူ၏ လူမှု စီးပွားဘဝ မြင့်မားတိုးတက်လာ အောင် ရည်မှန်းချက်ထားပြီး ဌာန အကျိုး၊ နိုင်ငံ့အကျိုးကို ဆတက် ထမ်းပိုး ကြိုးပမ်းထမ်းဆောင် သွားကြရန် တိုက်တွန်းမှာကြား လိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ၏ (၅၈) နှစ်မြောက် နှစ်ပတ်လည် နေ့ အထိမ်းအမှတ် Video Clip ကို ပြသသည်။
ဂုဏ်ပြုဆုများ ချီးမြှင့်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီက ချီးမြှင့်သည့် ဂုဏ်ထူး ဆောင်တံဆိပ်ရရှိသူ အရာရှိကြီး များကို လည်းကောင်း၊ ဒုတိယ ဝန်ကြီးများက ၂၀၂၂ ခုနှစ်အတွင်း ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ် ရရှိသူများနှင့် သင်တန်းအသီးသီး ၌ ထူးချွန်ဆုရရှိခဲ့ကြသည့် အရာ ထမ်း/အမှုထမ်းများကို လည်း ကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ် သည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များ သည် ထူးချွန်ဆုရ ဝန်ထမ်းများ၊ ဌာန အရာထမ်း/အမှုထမ်းများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ပြီး ပြည်ထောင်စုဝန်ကြီးက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြား မှုဦးစီးဌာန အငြိမ်းစားညွှန်ကြား ရေးမှူးချုပ်များကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
အတူတကွသုံးဆောင်
နှစ်ပတ်လည်နေ့ အခမ်း အနားအပြီးတွင် ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များ သည် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန နေပြည် တော်ရုံး၊ ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ပညာပေးသင်တန်း ခန်းမ၌ ပြုလုပ်သည့် နှစ်ပတ် လည်နေ့ ဂုဏ်ပြုနေ့လယ်စာ စားပွဲသို့ တက်ရောက်ပြီး ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ဝန်ထမ်းများအားလုံးနှင့် မိသားစု သဖွယ် ရင်းနှီးနွေးထွေးစွာ နေ့လယ်စာ အတူတကွသုံးဆောင် ကြသည်။
အလားတူ ကုန်းလမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်း ဒေသကြီး / ပြည်နယ် / ခရိုင်ရုံး အသီးသီး၌လည်း (၅၈) နှစ် မြောက် နှစ်ပတ်လည်နေ့တွင် သံဃာတော်များအား ဆွမ်း ဆက်ကပ်လှူဒါန်းခြင်း၊ ဌာနမှ အငြိမ်းစားဝန်ထမ်းဟောင်းများ ကို ဖိတ်ကြား၍ ဝန်ထမ်းများနှင့် အတူ ဂုဏ်ပြုနေ့လယ်စာ စားပွဲ များ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
သတင်းစဉ်