ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများအား လက်ခံတွေ့ဆုံ

 

နေပြည်တော်   ဇူလိုင်   ၂၆


အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန  (၁)    ပြည်ထောင်စုဝန်ကြီး  ဗိုလ်ချုပ်ကြီး  မိုးအောင်သည်   ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများမှ  အမျိုးသားလုံခြုံရေး ဆိုင်ရာ  အကြီးအကဲများအား  ယနေ့တွင် နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။


ပြည်ထောင်စု        ဝန်ကြီး  ဗိုလ်ချုပ်ကြီး    မိုးအောင်သည်  ယနေ့တွင်       သီရိလင်္ကာနိုင်ငံ ကာကွယ်ရေး     ဝန်ကြီးဌာန၏ အတွင်းဝန်     General  Kamal Gunaratne (Retd)  ကို   လည်း ကောင်း  ၊      ထိုင်းနိုင်ငံမှ  H.E. Mr. Ruchakorn NAPAPORN-PIPAT    ကို    လည်းကောင်း     သီးခြားစီ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ်  နှစ်နိုင်ငံအချင်းချင်း၊ ဒေသတွင်း ဘင်းမ်စတက်လုံခြုံရေး ဆိုင်ရာ     နိုင်ငံများအချင်းချင်း ပူးပေါင်း    ဆောင်ရွက်မှုများမှ တစ်ဆင့် တွေ့ကြုံနေရသည့် စိန်ခေါ် မှုများကို   ဖြေရှင်းဆောင်ရွက်နိုင် မည့်အခြေအနေ၊     မြန်မာနိုင်ငံ ၏     နိုင်ငံရေးဖြစ်ပေါ်တိုးတက် ပြောင်းလဲလာမှု   အခြေအနေနှင့် လွတ်လပ်ပြီး     တရားမျှတသည့် ပါတီစုံ     ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေး  ကြိုတင်ပြင်ဆင်ဆောင် ရွက်လျက်ရှိသည့် အခြေအနေများ နှင့် စပ်လျဉ်း၍   ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်   ဆွေးနွေးကြ သည်။


တွေ့ဆုံပွဲသို့    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန  (၁)   ဒုတိယဝန်ကြီး   ဗိုလ်ချုပ်       ခွန်သန့်ဇော်ထူးနှင့်  တာဝန်ရှိသူများ တက်ရောက်ကြ သည်။                   

  သတင်းစဉ်