ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(စစ်ကိုင်း)တို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ် သင်တန်းသား သင်တန်းသူများ အတည်ပြုရွေးချယ်

 

နေပြည်တော်    ဧပြီ    ၃၀  


နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး  သင်တန်းသားရွေးချယ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ - ၂ ဗိုလ်ချုပ် ဖြိုးသန့်သည်   ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်လင်း၊ တာဝန်ရှိသူ များနှင့်အတူ   ဧပြီ   ၂၈  ရက်မှ   ဧပြီ  ၃၀ ရက်အထိ  ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်အစည်းအဝေးခန်းမနှင့်     ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ   စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီ ကောလိပ်  အစည်းအဝေးခန်းမ၌  ၂၀၂၂-၂၀၂၃  ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက်ကြမည့် သင်တန်းသား သင်တန်းသူများ အတည်ပြုရွေးချယ်ခြင်း  အခမ်းအနားသို့ တက်ရောက်သည်။

 


နယ်စပ်ရေးရာ  ဝန်ကြီးဌာန အနေဖြင့်        နယ်စပ်ဒေသရှိ တိုင်းရင်းသား        လူငယ်များ၏ လူ့စွမ်းအား       အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေး   အတွက် ပြည်ထောင်စုတိုင်းရင်းသားလူမျိုး များ     ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စု     တိုင်းရင်းသား လူငယ်များ    စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်   (စစ်ကိုင်း)တို့သို့ တက်ရောက်ကြမည့်      သင်တန်း သား သင်တန်းသူများကို ရွေးချယ် ရာတွင် နယ်စပ်ဒေသတိုင်းရင်သား လူငယ်များ   ဖွံ့ဖြိုးရေးသင်တန်း ကျောင်း ၄၅ ကျောင်းမှ တက္ကသိုလ် ဝင်တန်းအောင်မြင်ပြီး သတ်မှတ် အမှတ်ပြည့်မီသူများနှင့်     တိုင်း ဒေသကြီးနှင့်          ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဝင်ခွင့်အရည်အချင်း သတ်မှတ် ချက်နှင့် ကိုက်ညီသော တိုင်းရင်း သား တိုင်းရင်းသူများကို လူတွေ့ စစ်ဆေး      အတည်ပြုရွေးချယ် ခဲ့သည်။

 


ယခု      ပညာသင်နှစ်တွင် သင်တန်းသားရွေးချယ်ရေး ဗဟို ကော်မတီက    စိစစ်ရွေးချယ်ပေး သည့်     မြန်မာနိုင်ငံတစ်ဝန်းရှိ ဝေးလံခေါင်းပါးသော    နယ်စပ် ဒေသများမှ  B.Ed  ပညာရေးဘွဲ့ သင်တန်းအတွက် ၃၂၂ ဦး၊ ဝိဇ္ဇာ၊ သိပ္ပံ၊ A.G.T.I ဒီပလိုမာသင်တန်း အတွက်   ၃၇၇   ဦးတို့ကို  စိစစ် အတည်ပြုပြီးပါက B.Ed ပညာ ရေးဘွဲ့ ၅ နှစ်၊  ဝိဇ္ဇာ၊  သိပ္ပံဘွဲ့ ၄ နှစ်၊  A.G.T.I   ဒီပလိုမာ  ၃  နှစ် သင်ကြားပေးသွားမည်  ဖြစ်ပြီး ကျောင်းဆင်းပြီးချိန်တွင် ဒီပလိုမာ ဘွဲ့များ အပ်နှင်းပေးကာ B.Ed ဘွဲ့ ရရှိသူများကို    အထက်တန်းပြ ဆရာ   ဆရာမများအဖြစ်လည်း ကောင်း၊   ဝိဇ္ဇာ၊   သိပ္ပံ၊  A.G.T.I ဒီပလိုမာရရှိသူများကို ဝန်ကြီးဌာန များတွင်   အကြီးတန်းစာရေးနှင့် အဆင့်တူ   ရာထူးနေရာများတွင် လည်းကောင်း   နိုင်ငံ့ဝန်ထမ်းများ အဖြစ်   ခန့်အပ်တာဝန်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 


ထို့နောက်    ဒုတိယဝန်ကြီး သည် ဆရာ ဆရာမ၊ ဝန်ထမ်းများ နှင့်       ပထမနှစ်သင်တန်းသား သင်တန်းသူများကို       ဘွဲ့နှင်း သဘင်ခန်းမတွင်      တွေ့ဆုံအမှာ စကားပြောကြားပြီး   သင်တန်း သား  သင်တန်းသူများထားရှိမည့် အိပ်ဆောင်များ၊   စာသင်ဆောင် များ၊ စားရိပ်သာများနှင့် သင်တန်း သား  သင်တန်းသူများ  အာဟာရ ပြည့် လုံလောက်စွာ စားသုံးနိုင်ရေး မွေးမြူရေးနှင့် စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးပြီး     လိုအပ်သည်များ မှာကြားကြောင်း သိရသည်။ 

သတင်းစဉ်