
၁။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော (၂၀၁၉-၂၀၂၀) ပညာသင်နှစ် အတွက် အောက်ဖော်ပြပါ ဘွဲ့ကြိုသင်တန်းအသီးသီးကို (၃-၂-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်-
(က) တိရစ္ဆာန်ဆေးပညာ စတုတ္ထနှစ် (ဒုတိယနှစ်ဝက်)
( ခ ) တိရစ္ဆာန်ဆေးပညာ တတိယနှစ် (ဒုတိယနှစ်ဝက်)
( ဂ ) တိရစ္ဆာန်ဆေးပညာ ဒုတိယနှစ် (ဒုတိယနှစ်ဝက်)
(ဃ) မွေးမြူရေးပညာ ဒုတိယနှစ် (ဒုတိယနှစ်ဝက်)
၂။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးပါက ကာကွယ်ဆေးထိုးပြီးကြောင်း ကတ်ပြားနှင့်အတူ သင်တန်းရေးရာဌာနသို့ ကျောင်းအပ်ချိန်တွင် သတင်းပို့ရမည်ဖြစ်ပါသည်။ ကာကွယ်ဆေးမထိုးနှံရသေး ပါကလည်း ကာကွယ်ဆေးထိုးနှံရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် အမြန်ဆုံးပူးပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါသည်။
၃။ အသေးစိတ်အချက်အလက်များအား သင်တန်းရေးရာဌာန ဖုန်း ၀၆၇-၃၄၁၆၆၅၉ သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်