
ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ အာဆီယံရဲ့ Charter များနှင့်အညီ
ဆောင်ရွက်သွားမယ်လို့ ဖော်ပြခဲ့၊ အကြမ်းဖက်မှုများ အမြန်ဆုံးရပ်ဆိုင်းရန်နဲ့ အားလုံးက ထိန်းသိမ်းကြပ်မတ်ခြင်းဖြင့် အတတ်နိုင်ဆုံး
ဆောင်ရွက်ကြဖို့ ဖြစ်ပေမယ့်လည်း ဧပြီလ ကြေညာချက်ထုတ်ပြန်ပြီးနောက်ပိုင်းမှာ CRPH နဲ့ NUG တို့ရဲ့လှုံ့ဆော်မှု၊ EAO အချို့ရဲ့
ပါဝင်ပတ်သက်မှု အားပေးမှုများနဲ့ အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာဖြစ်ပေါ်လာတာကို တွေ့ရှိရ၊ ဒါကို ယနေ့ထက်တိုင် ရှင်းလင်းနေရဆဲဖြစ်
အောက်တိုဘာ ၁၈
ချစ်ခင်လေးစားအပ်တဲ့ တိုင်းရင်းသားမိဘပြည်သူများခင်ဗျာ မကြာခင် ရောက်ရှိလာတော့မယ့် သီတင်းကျွတ်အခါသမယမှာ အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါ စေကြောင်း နှုတ်ခွန်းဆက်သမေတ္တာပို့သအပ်ပါတယ်၊ ကျွန်တော်တို့မြန်မာတို့ရဲ့ယဉ်ကျေးမှုထုံးတမ်းစဉ်လာမှာတော့ နှစ်သစ်ကူးသင်္ကြန် အခါသမယနဲ့ သီတင်းကျွတ်ပွဲတို့ဟာ အထွတ်အမြတ်ထားတဲ့ ပွဲများ ဖြစ်ပါတယ်၊ ကိုဗစ်ကာလမှာ အကျပ်အတည်းများ ရှိနေတဲ့အတွက် ကြောင့် ဒီပွဲအခမ်းအနားတွေကို မလုပ်ဆောင်နိုင်သော်လည်းဘဲ ကျွန်တော်တို့အနေနဲ့ ဒီအခမ်းအနားတွေကို အလေးအနက်ထား ပါကြောင်း ပြောကြားလိုတယ်၊ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့ မှာ ပြုလုပ်ခဲ့တဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲမသမာမှုတွေ ကြီးမားစွာဖြစ်ပွားခဲ့တာ မိဘပြည်သူများသိရှိပြီး ဖြစ်ပါတယ်၊ ရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့ ရှက်ဖွယ်ရာကောင်းတဲ့ မရိုးသားမှုများဟာ တိုင်းပြည်အတွက် အရုပ်ဆိုးအကျည်းတန်တဲ့ ဖြစ်စဉ်များဖြစ်ပါတယ်၊ ဒါကိုကျွန်တော်တို့ သင်ခန်းစာယူပြီးတော့မှ နောင်မှာဒီလိုမဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားရမှာ ဖြစ်ပါ တယ်၊ ဒီမဲမသမာမှုနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တွေကို စိစစ်တဲ့အခါမှာ ပြည်သူပြည်သားအားလုံး ထိခိုက်တာတွေရော နိုင်ငံတော်အပေါ်မှာ ထိခိုက်တာတွေရော ဖော်ထုတ်တွေ့ရှိရပါတယ်၊ ဒါကြောင့် တာဝန်ရှိ သူများကိုလည်း ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက် လျက်ရှိကြောင်း ကျွန်တော်ပြောကြားလိုပါတယ်။
ဒီမိုကရေစီနိုင်ငံတစ်ခုမှာ သဘောထားကွဲလွဲမှု ရှိမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲအရ ဖြစ်ပေါ် လာတဲ့ နိုင်ငံရေးအရအရေးပေါ်အခြေအနေ ကြေညာမှုပေါ်မှာ သဘော ထားကွဲလွဲပြီး ဒီအပေါ်မှာအခြေခံတဲ့ ဆူပူဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့တာ ကျွန်တော်တို့ တွေ့ရှိရပါတယ်၊ သူတစ်ပါးတွေရဲ့ သွေးထိုးလှုံ့ဆော်မှု တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဆူပူဆန္ဒပြမှုတွေအပြင် အကြမ်းဖက် လုပ်ရပ်သတ်ဖြတ် ဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်များလည်း ရှိခဲ့ပါတယ်၊ အချို့ က ပြဿနာတွေကိုကိုယ်တိုင် ကိုယ်ကျ ပါဝင်ပြီးတော့မှ လှုံ့ဆော်တာ တွေရှိပါတယ်၊ ဒီထက်လွန်ကဲပြီးတော့မှ အကြမ်းဖက်လုယက် သတ်ဖြတ်မှုတွေလည်း ကျူးလွန်ခဲ့တာရှိပါတယ်၊ ဒါတွေကို ကျွန်တော် တို့ ဖော်ထုတ်အရေးယူထားတာတွေရှိပါတယ်၊ တိုင်းပြည်တစ်ခုဟာ နိုင်ငံရေးအယူအဆ သဘောထားမတူညီမှုကတစ်ဆင့် အကြောင်း အမျိုးမျိုးကြောင့် အခုအခြေအနေမျိုး ဖြစ်ပွားခဲ့ရာမှာ ကျွန်တော်တို့ အနေနဲ့ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကို ချမှတ်ပြီးတော့မှ ဆောင်ရွက်လျက် ရှိပါတယ်၊ ကျွန်တော်တို့ ရည်မှန်းဆောင်ရွက်တဲ့နေရာမှာ တိုင်းပြည် သာယာဝပြောရေးနဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ နိုင်ငံ ပြည်ထောင်စုစစ်စစ် ဖြစ်လာရေးတို့အတွက် ဖြစ်ပါတယ်၊ ဒါကြောင့် အေးအေးချမ်းချမ်းနဲ့ တိုင်းပြည်တစ်ခု ပြောင်းလဲစေချင်တဲ့ ဆန္ဒရှိပါတယ်၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေး၊ စစ်မှန်တဲ့ ဒီမိုကရေစီဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အုပ်စုများဖြစ်တဲ့ CRPH ၊ NUG တို့ရဲ့ သွေးထိုးလှုံ့ဆော်မှုများနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဆူပူ ဆန္ဒပြမှုများတွင်ပါဝင်တဲ့အတွက်ကြောင့် ပြစ်ဒဏ်ကျမှုခံရသူများနဲ့ အမှုစစ်ဆေးဆဲသူများမှ သင့်လျော်သူများကို လာမယ့်သီတင်းကျွတ် အခါသမယမှာ စိတ်အေးချမ်းမြေ့စွာ ကုသိုလ်ကောင်းမှု ပြုလုပ်နိုင်ဖို့ အတွက် လွတ်ငြိမ်းချမ်းသာခွင့်များပေးမည်ဖြစ်ကြောင်း ကျွန်တော် ပြောကြားလိုပါတယ်၊ ဆက်လက်ပြီး ဒီအမိန့်ကိုထုတ်ပြန်သွားပါမယ်၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့၊ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့ ငြိမ်းချမ်းရေး နှစ်ပတ်လည်နေ့အခမ်းအနားတွေမှာလည်း လွှတ်သင့်လွှတ်ထိုက် သူများကိုလည်း ကျွန်တော်တို့ လွှတ်ခဲ့ပြီးဖြစ်ပါတယ်။
ဆက်လက်ပြီး အခုတလော မြန်မာနိုင်ငံနဲ့ အာဆီယံနိုင်ငံ ဆက်ဆံရေးအခြေအနေများ ဖြစ်ပေါ်မှုနဲ့ပတ်သက်ပြီး ကျွန်တော် အသိပေးလိုပါတယ်၊ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ ပြုလုပ်ခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးမှာ မူအားဖြင့် ဘုံသဘောတူညီချက် (၅)ခု ရရှိခဲ့ပါတယ်၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ် တာဝန်ပေးနိုင်ဖို့အတွက် အခက်အခဲအမျိုးမျိုးနဲ့ ဆွေးနွေးပြီးတဲ့နောက်ပိုင်းမှာ ဩဂုတ်လ ၄ ရက်နေ့က ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) Dato Erywan Pehin Yusof ကို ကျွန်တော်တို့ သဘောတူညီခဲ့ခြင်းဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ သဘောတူညီချက်ကို မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ယဉ်ကျေးမှုနဲ့ အာဆီယံရဲ့ Charter များနှင့်အညီ ဆောင်ရွက်သွား မယ်လို့ ဖော်ပြခဲ့ပါတယ်၊ ဒီ ၅ ချက်ထဲက ပထမအချက်က အရေး အကြီးဆုံးဖြစ်ပါတယ်၊ အကြမ်းဖက်မှုများ အမြန်ဆုံးရပ်ဆိုင်းရန်နဲ့ အားလုံးက ထိန်းသိမ်းကြပ်မတ်ခြင်းဖြင့် အတတ်နိုင်ဆုံးဆောင်ရွက် ကြဖို့ ဖြစ်ပေမယ့်လည်း ဧပြီလ ကြေညာချက်ထုတ်ပြန်ပြီး နောက်ပိုင်း မှာ အကြမ်းဖက်အဖွဲ့လို့ ထုတ်ပြန်ကြေညာထားတဲ့ CRPH နဲ့ NUG တို့ရဲ့ လှုံ့ဆော်မှု၊ EAO အချို့ရဲ့ ပါဝင်ပတ်သက်မှု အားပေးမှုများနဲ့ အကြမ်းဖက်မှုများ ပိုမိုဆိုးရွားစွာ ဖြစ်ပေါ်လာတာကို တွေ့ရှိရပါတယ်၊ ဒါကို ကျွန်တော်တို့ ယနေ့ထက်တိုင် ရှင်းလင်းနေရဆဲဖြစ်ပါတယ်၊ သူတို့အကြမ်းဖက် လုယက်သတ်ဖြတ်ဖျက်ဆီးတာတွေကို ဘယ်သူမှ အလေးအနက်ထား ဟန့်တားထိန်းသိမ်းမှုတွေ ပြုတာမတွေ့ရပါဘူး၊ ကျွန်တော်တို့ကိုပဲ တောင်းဆိုမှုတွေ ပြုလုပ်ပြီးတော့မှ ကျွန်တော်တို့ပဲ ဒီပြဿနာကို ရှင်းလင်းနေရတာဖြစ်ပါတယ်၊ ဒါကိုအာဆီယံအနေနဲ့ ဆောင်ရွက်ပေးဖို့လိုမယ်လို့ ကျွန်တော်ပြောလိုပါတယ်၊ တစ်ဆက် တည်းမှာပဲ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံ လာရောက်ရေးကိစ္စမှာလည်း အဆိုပြုတောင်းဆိုချက်များ အမျိုးမျိုး ဖြစ်ပေါ်လာတဲ့အတွက်ကြောင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေရဆဲ ဖြစ်ပါတယ်၊ နိုင်ငံတစ်ခုဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရား စီရင်ရေးကို ပိုင်းခြားခွဲဝေပြီး ဆောင်ရွက်ပါတယ်၊ လိုအပ်ချက်အရ သီးခြားထုတ်ပြန်တဲ့ အမိန့်နဲ့ဥပဒေများမှအပ ပိုင်းခြားဆောင်ရွက်မှု အတိုင်းလုပ်ကြရတာဖြစ်ပါတယ်၊ ကျွန်တော်တို့နိုင်ငံဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်နေတယ်ဆိုတာကြေညာ ထားပြီးဖြစ်ပါတယ်၊ အာဆီယံကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုတွေမှာ ညှိနှိုင်းပြီး မရနိုင်တာတွေရှိပါတယ်၊ ဘယ်လိုပဲဖြစ်ပါစေ ကျွန်တော် တို့နိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တာနဲ့အညီ အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ အာဆီယံထိပ်သီးအစည်း အဝေးနဲ့ အာဆီယံအပေါင်း အစည်းအဝေးများကိုလည်း အာဆီယံ ရဲ့ အခြေခံမူများနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။
ဆက်လက်ပြီး ကျွန်တော်တို့ဆောင်ရွက်နေတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်မှုလုပ်ငန်းစဉ်များနဲ့ ပတ်သက်ပြီး ကျွန်တော်နည်းနည်း ရှင်းပြလိုပါတယ်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှာ ကိုဗစ်ရောဂါ မြန်မာနိုင်ငံမှာ စတင်ကူးစက်ခဲ့ပြီးတော့မှ ပထမလှိုင်းဟာ မတ်လ ၂၃ ရက်နေ့ကနေ ဩဂုတ်လ ၁၅ ရက်နေ့အထိ ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းများအရ ကျွန်တော်သိရပါတယ်၊ ဒုတိယလှိုင်းဟာ ဩဂုတ်လ ၁၆ ရက်နေ့ကနေပြီးတော့ စတင်ဖြစ်ပွားခဲ့ပြီး မေလ ၂၆ ရက်နေ့အထိ ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းများအရ ကျွန်တော်တို့ တွေ့ရှိရပါတယ်၊ ဒီကာလတွေဟာ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲလွန် ကာလနဲ့ နိုင်ငံရေးအကျပ်အတည်းများဖြေရှင်းနေရတဲ့ကာလတွေ ဖြစ်ပါတယ်၊ ဆေးဝါးမပြည့်စုံမှု၊ ပစ္စည်းမပြည့်စုံမှု၊ ကျန်းမာရေးဝန်ထမ်း များ မပြည့်စုံမှုတွေကြောင့် အခက်အခဲများစွာနဲ့ ဖြေရှင်းကျော်လွှား ပြီးတော့ ဆောင်ရွက်ရပါတယ်၊ ကုသဆေးနဲ့ပတ်သက်ပြီးတော့မှ အိန္ဒိယနိုင်ငံက ကုသဆေး သန်း ၃၀ ဝယ်ယူခဲ့သော်လည်းပဲ အိန္ဒိယ နိုင်ငံရဲ့ ကိုဗစ်ရောဂါဖြစ်ပွားမှုအခက်အခဲတွေကြောင့် ကျွန်တော်တို့ ၂ သန်းသာ ရရှိခဲ့ပါတယ်၊ နောက်ထပ် မရရှိခဲ့ပါဘူး၊ ဒါကြောင့် ကျွန်တော်တို့ အခြားမိတ်ဆွေနိုင်ငံတွေကနေ ကာကွယ်ဆေးရရှိရေး ကြိုးပမ်းခဲ့ရာမှာ တရုတ်နိုင်ငံက ဝယ်ယူရရှိခဲ့ပါတယ်၊ အခု သန်း ၂၀ ရရှိခဲ့ပြီးဖြစ်ပါတယ်၊ ဒီလထဲမှာလည်း ထပ်ရောက်မှာဖြစ်ပါတယ်၊ လှူဒါန်းမှုအနေနဲ့ အိန္ဒိယနိုင်ငံက ၂ ဒသမ ၅ သန်း၊ တရုတ်နိုင်ငံက ၄၆၂၀၈၀၀ ရရှိခဲ့ပြီးဖြစ်ပါတယ်၊ နောက်ထပ် တရုတ်နိုင်ငံနဲ့ ရုရှား နိုင်ငံက ၈ သန်း ရရှိရေးဆောင်ရွက်နေဆဲဖြစ်ပါတယ်၊ ကိုဗစ်ဆေးထိုး ပေးမှုအနေနဲ့ မနေ့ကအထိ နှစ်ကြိမ် ဆေးထိုးသူပေါင်း ၄၆၉၉၀၃၈ ယောက်၊ တစ်ကြိမ်ဆေးထိုးပြီးသူပေါင်း ၆၈၄၇၂၄၂ ယောက် စုစုပေါင်း Dose ၁၆၂၄၅၃၁၈ ကြိမ်ရှိကြောင်း စိစစ်တွေ့ရှိရပါတယ်၊ နောက် ကျောင်းများကိုလည်း မကြာခင်ဖွင့်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် ကြောင့် ကျောင်းသားများကိုလည်း ဆေးထိုးရေးလုပ်ငန်းတွေကို ၁၂ ရက်နေ့ကစပြီး စတင်ဆောင်ရွက်လျက်ရှိပါတယ်။
ဆက်လက်ပြီး ကာကွယ်ဆေး ထပ်မံဝယ်ယူရရှိရေးနဲ့ ပြည်တွင်း မှာ ထုတ်လုပ်ရရှိနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း ပြောလိုပါတယ်၊ ဒီလို လှူဒါန်းရရှိ၊ ဝယ်ယူရရှိတဲ့ ကာကွယ် ဆေးများကိုလည်း ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွား မယ်ဆိုတဲ့အကြောင်းလည်း ကျွန်တော်တို့ ပြောလိုပါတယ်၊ တတိယ လှိုင်းဟာ မေလ ၂၇ ရက်နေ့ကစပြီး ဝင်ရောက်ခဲ့တာဖြစ်ပါတယ်၊ တတိယလှိုင်း ဝင်ရောက်ပြီးတဲ့ နောက်ပိုင်းမှာ ဇူလိုင်လ ၁၄ ရက်နေ့ ဟာ ပိုးတွေ့လူနာပေါင်း ၇၀၈၃ ယောက် အမြင့်ဆုံးဖြစ်ခဲ့တာကို ကျွန်တော်တို့ တွေ့ခဲ့ပါတယ်၊ ၃၃ ဒသမ ၁၇ ရာခိုင်နှုန်း ရှိပါတယ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှာ ပိုးတွေ့လူနာပေါင်း ၅၅၀၆ ဦးရှိပြီးတော့မှ ၄၀ ဒသမ ၈၂ ရာခိုင်နှုန်း၊ ရာခိုင်နှုန်းအားဖြင့် အမြင့်ဆုံးဖြစ်တာကို တွေ့ရပါတယ်၊ ဒါပေမယ့်လည်း နိုင်ငံတော်ပိုင်း တာဝန်ရှိသူများ ကနေပြီး စနစ်တကျကြပ်မတ်ဆောင်ရွက်ပေးမှု၊ ပြည်သူများရဲ့ တာဝန်သိသိ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် အခုအချိန်မှာ ဖြစ်ပွားမှုနှုန်းဟာ ၂၂၀၀ ပတ်ဝန်းကျင်နဲ့ ဖြစ်ပွားမှုနှုန်း ၇ ရာခိုင်နှုန်း အထိ ကျဆင်းသွားတာကို တွေ့ရပါတယ်၊ ဒီအတွက် ပူးပေါင်း ဆောင်ရွက်မှုအားလုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်၊ ကျွန်တော့်အနေနဲ့ ဒီလကုန်မှာ ၃ ရာခိုင်နှုန်းအထိ ကျဆင်းရေး အတွက်ကို ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ မကြာခင်မှာကျောင်းတွေဖွင့်ဖို့ ကျွန်တော်တို့ ရည်ရွယ်ချက် ရှိပါတယ်၊ ကိုဗစ်ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်မှုသေချာမှသာ ကျောင်းဖွင့်နိုင်မှာဖြစ်ပါတယ်၊ ဒါ့အပြင် အလုပ်အကိုင်အခွင့်အလမ်း များကလည်း ပြည်ပြည့်ဝဝ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် မိဘပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းနှင့်ပတ်သက်ပြီး သတ်မှတ် ထားချက်တွေကို ပိုမိုပြီး အလေးထားလိုက်နာပေးကြဖို့ ကျွန်တော် ပြောကြားလိုပါတယ်၊ ယနေ့ကာလမှာ ရှမ်းပြည်နယ်အချို့ဒေသများ၊ မကွေးတိုင်းအချို့ဒေသများ ဖြစ်ပွားမှုနှုန်း မြင့်မားနေဆဲဖြစ်ပါတယ်၊ ဒါကို ကြပ်မတ်ထိန်းသိမ်းပေးဖို့ ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်။
ဆက်လက်ပြီး ကျန်းမာရေးနဲ့ဆက်စပ်နေတဲ့ ကိစ္စရပ်တစ်ခု ကျွန်တော် ပြောပြလိုပါတယ်၊ ဒါကတော့ ဆီစားသုံးမှုဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကနေ စားအုန်းဆီ တန်ချိန် ၈ သိန်းကျော် တင်သွင်းခဲ့ရပါတယ်၊ အမေရိကန်ဒေါ်လာ အားဖြင့် သန်းပေါင်း ၈၃၀ ကျော်ဖြစ်ပါတယ်၊ လူတစ်ယောက်ကို ၆ ပိဿာနှုန်းနဲ့ စားမယ်ဆိုရင်တောင်မှ မြန်မာနိုင်ငံမှာ ဆီလိုအပ်ချက် ဟာ တန်ချိန် ၅ သိန်းပဲရှိပါတယ်၊ တကယ်လို့ ၇ ပိဿာနှုန်းနဲ့ စားမယ် ဆိုရင် ဆီလိုအပ်ချက် ၅ ဒသမ ၈ သိန်းရှိပါတယ်၊ တကယ်လို့ ၈ ပိဿာနဲ့စားမယ်ဆိုရင် ဆီလိုအပ်ချက် ၆ ဒသမ ၆ သိန်းရှိပါတယ်၊ အခု ၈ သိန်းကျော် သွင်းထားတဲ့အတွက်ကြောင့် ဆီစားသုံးမှုဟာ လွန်စွာမှ များပြားနေတယ်လို့ ပြောရမှာဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံများဖြစ်တဲ့ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ ပဲပုပ်၊ နေကြာ၊ ဆီအုန်း စိုက်ပျိုးမှုတွေရှိပြီးတော့မှ ထုတ်လုပ်မှုလည်းရှိပါတယ်၊ ဒါတွေနဲ့သာ ပေါင်းစပ်မယ်ဆိုရင် ဆီစားသုံးမှုဟာ အတော်များနေတယ်လို့ ကျွန်တော် ပြောရမှာဖြစ်ပါတယ်၊ ဒီအတွက် ဆီစားသုံးမှုလျှော့ချခြင်း အားဖြင့် တစ်ဖက်က ကျန်းမာရေးအတွက်လည်း များစွာအထောက် အကူပြုမှာဖြစ်သလို ပြည်ပကနေ ဆီဝယ်ယူမှုအတွက် သုံးစွဲနေရတဲ့ နိုင်ငံခြားငွေလည်း များစွာလျှော့ချနိုင်မှာဖြစ်ပါတယ်၊ ဒါကြောင့် မိဘပြည်သူများအနေနဲ့ ဆီစားသုံးမှုကို ကျန်းမာရေးအမြင်အရသော် လည်းကောင်း၊ နိုင်ငံရဲ့လိုအပ်ချက်အရသော်လည်းကောင်း ဒါကို ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းသိမ်းစားသုံးနိုင်ဖို့အတွက်လည်း ကျွန်တော် မေတ္တာရပ်ခံလိုပါတယ်။
သီတင်းကျွတ်အခါသမယမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ထပ်မံဆုတောင်း မေတ္တာ ပို့သအပ်ပါတယ် ကျေးဇူးတင်ပါတယ်။