ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက် ၉ ရပ်

၁။    နိုင်ငံရေး


    (က)    စစ်မှန်၍  စည်းကမ်းပြည့်ဝသော  ပါတီစုံဒီမို ကရေစီစနစ်ကို တရားမျှတမှုအပြည့် ကျင့်သုံး ပြီး ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံ သည့်    ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး၊


    (ခ)    တစ်နိုင်ငံလုံး   ထာဝရငြိမ်းချမ်းရေး  ရရှိရေး အတွက်   တစ်နိုင်ငံလုံး   ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး  သဘောတူစာချုပ်(NCA) ပါအတိုင်း  အလေးထားလုပ်ဆောင်ရေး၊


    (ဂ)    လွတ်လပ်၍  တက်ကြွပြီး ဘက်မလိုက်သော    နိုင်ငံခြားရေး  မူဝါဒကိုကျင့်သုံးပြီး  နိုင်ငံများ အကြား   ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး   “မူ”ကို   ဆက်လက်လိုက်နာကျင့်သုံးရေး၊

 


၂။    စီးပွားရေး


    (က)    စိုက်ပျိုးရေးနှင့်   မွေးမြူရေးကို  အခြေခံသည့်  ကုန်ထုတ်လုပ်မှုကို   ခေတ်မီနည်းစနစ်များ ဖြင့်  ပိုမိုဖွံ့ဖြိုးတိုးတက်အောင်   ဆောင်ရွက်ပြီး        အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊


    (ခ)    စျေးကွက်စီးပွားရေးစနစ်      တည်ငြိမ်အောင် ဖော်ဆောင်ပြီး  နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု များကို  ဖိတ်ခေါ်၍    တိုင်းရင်းသား ပြည်သူ    တစ်ရပ်လုံး၏    စီးပွားရေး      ဖွံ့ဖြိုးတိုးတက် အောင် တည်ဆောက်ရေး၊


    (ဂ)    ပြည်တွင်းစီးပွားရေး  လုပ်ငန်းများကို  အားပေး  ကူညီပြီး   နိုင်ငံတော်၏     ထုတ်ကုန်များစွာ  ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်း များ  ဆောင်ရွက်ဖော်ဆောင်ရေး၊

 


၃။    လူမှုရေး


    (က)    စစ်မှန်သော      မျိုးချစ်စိတ်ဓာတ်ဖြစ်သည့်     ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊


    (ခ)    တိုင်းရင်းသားလူမျိုးအပေါင်းတို့၏     ဓလေ့ ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်  နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ  များ    မပျောက်ပျက်အောင်  ထိန်းသိမ်းစောင့် ရှောက်ရေး၊


    ( ဂ)    တစ်မျိုးသားလုံး        ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး။