
နေပြည်တော် မတ် ၂၃
တနင်္သာရီတိုင်းဒေသကြီးသို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်းနှင့် အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ကျွန်းရတနာ အစည်းအဝေးခန်းမ၌ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးဆိုင်ရာ အချက် အလက်များအား ရှင်းလင်းတင်ပြ ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆီအုန်းပင် စိုက်ပျိုးထုတ်လုပ်မှု အခြေအနေများ၊ ကိုကိုးသီးနှံပင် စိုက်ပျိုးထုတ်လုပ်နိုင်မှု အခြေ အနေများနှင့် ‘ဝ’ ဥ စိုက်ပျိုး ထုတ်လုပ်နိုင်မှု အခြေအနေများကို အသီးသီး ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း က လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့်အတူ ဆောက်လုပ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရွှေလေး၊ တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက် ရောက်ကြကြောင်း သတင်းရရှိ သည်။
သတင်းစဉ်