ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၄) ကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ    ၃၁


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) ကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


အစည်းအဝေးသို့  ယာယီသမ္မတ   ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ   ဦးဟင်နရီဗန်ထီးယူ၊   ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊  ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး   စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး   ထွန်းထွန်းနောင်၊    အထူး ဖိတ်ကြားထားသည့်     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ    အတွင်းရေးမှူး    ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးတို့ တက်ရောက်ကြသည်။


အဓမ္မလူသစ်စုဆောင်းခြင်းများ ဆောင်ရွက်


ဦးစွာ     တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ တော်တာဝန်များကို သက်တမ်းတိုးတာဝန်ယူခဲ့သည့် ၆ လတာကာလအတွင်း   ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်ရန်   လိုအပ်သည်များနှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြရာတွင်  နိုင်ငံတော်၏လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ EAO အဖွဲ့အချို့ နှင့် PDF  အမည်ခံအကြမ်းဖက်သမားများသည် ယခု ၆ လတာကာလအတွင်း     နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုနှင့်   ပြည်သူလူထု၏   လူမှုစီးပွားဘဝ ပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပထမဦးစွာ ရှမ်းပြည်နယ် (မြောက်ပိုင်း)ဖြစ်စဉ်များနှင့်  ပတ်သက်ပြီး   တင်ပြလိုပါကြောင်း၊ MNDAA သောင်းကျန်းသူအဖွဲ့သည် ကိုးကန့်ဒေသ အတွင်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်မှစပြီး              “ဝ”ဒေသမှတစ်ဆင့် နမ့်တစ်ချောင်းကိုဖြတ်ကူးပြီး ချင်းရွှေဟော်မြို့ကို Drone များအသုံးပြုကာ အပြင်း အထန်   စတင်တိုက်ခိုက်ခဲ့ပါကြောင်း၊   ယခုကဲ့သို့ တိုက်ခိုက်မှုများ  လုပ်ဆောင်နိုင်ရန်အတွက်လည်း ၂၀၂၂ ခုနှစ်ကတည်းကစပြီး ၎င်းတို့နှင့် မဟာမိတ် ပြုလုပ်ထားသည့်အဖွဲ့များနှင့် အကြိမ်ကြိမ်ဆွေးနွေး ကာ ကြိုတင်ပြင်ဆင်မှုများ   လုပ်ဆောင်ခဲ့သည်ဟု သိရှိရပါကြောင်း၊    မဟာမိတ်ပြုသူများကလည်း လိုအပ်သည့် လက်နက်ခဲယမ်းများရရှိရေး၊ အီလက် ထရွန်နစ်နည်းပညာသာလွန်မှုနှင့် ငွေကြေးသုံးစွဲနိုင် မှုကို အခွင့်အရေးရအောင်  ဖန်တီးပေးကြသည်ကို တွေ့ရပါကြောင်း၊ MNDAA   သောင်းကျန်းသူအဖွဲ့ အနေဖြင့် ၎င်းတို့၏ကြေညာချက်များတွင် အကြောင်း ပြချက်များစွာဖော်ပြသော်လည်း အဓိကရည်မှန်းချက် ကိုသုံးသပ်ကြည့်ရပါက ကိုးကန့်ဒေသအတွင်း အထူး ဒေသ(၁)အနေဖြင့် ဩဇာအာဏာပြန်လည်  တည် ဆောက်လိုခြင်းကြောင့် ယခုကဲ့သို့ တိုက်ခိုက်လာခြင်း လည်း ဖြစ်ပါကြောင်း၊   လက်ရှိ   အခြေအနေတွင် MNDAA   သောင်းကျန်းသူအဖွဲ့အနေဖြင့်   ၎င်းတို့ သိမ်းပိုက်ထားသောမြို့များတွင်ရှိသည့် ပြည်သူလူထု ပိုင်ပစ္စည်းဥစ္စာများကို လုယက်ယူဆောင်ခြင်းများ၊ ဖျက်ဆီးခြင်းများအပြင်  ဒေသခံတိုင်းရင်းသားများ အပေါ် မိသားစုအလိုက် မဝင်မနေရစနစ်ဖြင့် အတင်း အဓမ္မလူသစ်စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့သည်ကို လည်း တွေ့ရှိရပါကြောင်း။


စစ်ဘုရင်ဝါဒကို  အသက်သွင်းခြင်းသာဖြစ်မည်


MNDAA အဖွဲ့အနေဖြင့် ယခုကဲ့သို့ လုပ်ဆောင် ခဲ့ခြင်းသည် ဒီမိုကရေစီကျင့်သုံးနေသည့် မြန်မာနိုင်ငံ တွင် အာဏာကိုဥပဒေနှင့်အညီရရှိနိုင်ရန် ဆောင်ရွက် ခြင်းမပြုဘဲ လက်နက်ကိုင်တိုက်ခိုက်သည့်နည်းဖြင့် ရယူရန် ကြိုးပမ်းခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊  မိမိတို့၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တိုင်းရင်း သားများ၏အခွင့်အရေးများကို တန်းတူပေးအပ်ထား ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အားလုံးကိုလည်း တူညီသည့်အခွင့်အရေးများ ပေးအပ် ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင်လည်း ကိုယ်ပိုင်လုပ်ပိုင်ခွင့်များ ပေးထားပြီးဖြစ်ပါကြောင်း၊ သံလွင်အရှေ့ခြမ်းတွင်ရှိသည့်  ကိုးကန့်နယ်မြေကို ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်မဝင်ခင်တွင် အထူးဒေသအဖြစ် ရှိခဲ့ပါကြောင်း၊ ဦးဖုန်ကြားရှင်ဦးစီး ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် ကိုးကန့် လက်နက်ကိုင်အဖွဲ့သည် အဆိုပါဒေသတွင် တပ်မတော် နှင့်လက်တွဲပြီး ၂၀၀၉  ခုနှစ်အထိ ရှိခဲ့ပါကြောင်း၊ တပ်မတော်တပ်စခန်းဌာနချုပ်များ  အဆိုပါကာလ ကတည်းက တည်ထောင်ဖွင့်လှစ်ခဲ့ပြီး အတူပူးတွဲ အုပ်ချုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊၂၀၀၉ ခုနှစ်တွင် မူးယစ် ဆေးဝါးထုတ်လုပ်မှုများမလုပ်ရန် အကြိမ်ကြိမ်သတိ ပေးတားမြစ်သော်လည်း လိုက်နာမှုမရှိသဖြင့် စစ်ရေး အရ   အရေးယူတိုက်ခိုက်ခဲ့ရခြင်း  ဖြစ်ပါကြောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ၂၀၁၁ ခုနှစ်မှ စပြီး ရွေးချယ်ခံပုဂ္ဂိုလ်များနှင့် အုပ်ချုပ်ခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ထို့နောက် လောက်ကိုင်မြို့ရှိ ရန်လုံကျိုင်း တွင် မြန်မာ - တရုတ် နယ်စပ်ဒေသကုန်သွယ်ရေး၊ ချင်းရွှေဟော်မြို့တွင်  မြန်မာ - တရုတ်နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများကို   နှစ်နိုင်ငံအစိုးရများ သဘောတူချက်ဖြင့်  ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်မှာ ယခုတိုက်ပွဲမတိုင်မီကာလအထိ   ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့်  တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ လိုလားချက်များမှ  အခြေခံဥပဒေအရ ဆောင်ရွက်နိုင်သည့်ကိစ္စရပ်များကို ဆောင်ရွက်ပေး သွားမည်ဖြစ်ပြီး အချို့သောကိစ္စရပ်များကို လွှတ်တော် တွင် မဲခွဲဆုံးဖြတ်အတည်ပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင် လိုသည့်ကိစ္စရပ်များအနက် ဖြစ်နိုင်သည့်ကိစ္စရပ်များ ကို ပြင်ဆင်နိုင်ရန် တပ်မတော်မှသဘောတူညီသည်ကို တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင် များနှင့် တွေ့ဆုံချိန်များတွင်လည်း ဆွေးနွေးပြောကြား ပြီးဖြစ်ပါကြောင်း၊ သမိုင်းကြောင်းနှင့်နိုင်ငံချင်း တရား ဝင် ဆက်ဆံဆက်သွယ် ဆောင်ရွက်ရသည့်လုပ်ငန်း စဉ်များအရ ကိုးကန့်အထူးဒေသတွင် တရားဥပဒေနှင့် အညီသာ  ဆက်လက်ဆောင်ရွက်သွားရမည်   ဖြစ်ပါ ကြောင်း၊ မိမိတို့ကိုယ်စားလှယ်များနှင့် ဆွေးနွေးနေပါ ကြောင်း၊  အဆိုပါအချက်များကို    လျစ်လျူရှုမည် ဆိုပါက   နောက်ခံအကြောင်းတစ်မျိုးမျိုးကြောင့် စစ်ဘုရင်ဝါဒကို  အသက်သွင်းခြင်းသာ   ဖြစ်မည်ဟု ယူဆရပါကြောင်း။


နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြတ်တောက် 


MNDAA သောင်းကျန်းသူအဖွဲ့အနေဖြင့် ချင်းရွှေ ဟော်မြို့ကိုတိုက်ခိုက်ပြီး တစ်ပြိုင်တည်းတွင် ကွမ်းလုံ မြို့ကိုတိုက်ခိုက်ခဲ့ပြီး ၎င်းတို့နှင့် မဟာမိတ်ပြုထား သည့် TNLA သောင်းကျန်းသူအဖွဲ့က လားရှိုး - မူဆယ်  လမ်းကြောင်းပေါ်တွင်ရှိသော   သိန္နီမြို့ကို တိုက်ခိုက်ခဲ့သကဲ့သို့ ကွတ်ခိုင်မြို့ကိုလည်း နှောင့်ယှက် တိုက်ခိုက်မှုများ လုပ်ခဲ့ပါကြောင်း၊ TNLA သောင်းကျန်း သူအဖွဲ့အနေဖြင့် ၂၀၁၆ ခုနှစ်တွင် မူဆယ်ကုန်သွယ် ရေးဇုန်ကို တိုက်ခိုက်ခဲ့သကဲ့သို့ ၂၀၁၈ ခုနှစ်တွင်လည်း မူဆယ်မြို့ပေါ်ရှိ ပြည်သူ့စစ်စခန်းများနှင့် လုံခြုံရေး စခန်းများကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါကြောင်း၊ TNLA သောင်းကျန်းသူ အဖွဲ့အနေဖြင့်  နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ဒေသများကိုလည်း ဆက်လက်တိုက်ခိုက်ခဲ့ပါ ကြောင်း၊ ၎င်းအဖွဲ့၏ရည်ရွယ်ချက်မှာ ပလောင်ဒေသ ရရှိရေး   ဖြစ်ပါကြောင်း၊   ပလောင်ဒေသအတွက် ဖွဲ့စည်းပုံအခြေခံ   ဥပဒေအရ   ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ပေးပြီးဖြစ်ပါကြောင်း၊ သို့သော်   ထိုထက်ပိုမိုသည့်   အာဏာလိုချင်သဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရပါကြောင်း၊   TNLA သောင်းကျန်းသူအဖွဲ့အနေဖြင့် ဒေသခံများ၏ပိုင်ဆိုင် မှုများကို  ဖျက်ဆီးမှု၊  လုယက်မှု၊  တပ်သားသစ် စုဆောင်းမှုများ အလွန်အကျွံပြုလုပ်မှုကြောင့် ဒေသခံ များ အတိဒုက္ခရောက်ကြသကဲ့သို့ ပလောင်ဒေသ၏ အဓိကထွက်ကုန်ဖြစ်သည့် လက်ဖက်ထုတ်လုပ်မှု လည်း  များစွာကျဆင်းသွားခဲ့ပါကြောင်း၊   အခြေခံ ပညာကျောင်းအားလုံး  ပိတ်ထားရပါကြောင်း၊  နဂို ကတည်းက စီးပွားရေး၊  ပညာရေးအားနည်းသည့် ပလောင်ဒေသသည် ပိုမိုပြီး  အခက်အခဲများစွာ ကြုံတွေ့ရပါကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံ သည်ဆိုပါက  နိုင်ငံရေးလမ်းကြောင်းများမှ   ညှိနှိုင်း ဆွေးနွေးနိုင်သည့် အခွင့်အရေးများစွာရှိပါကြောင်း၊ အဆိုပါအချက်ကို မျက်ကွယ်ပြုပြီး လက်နက်အားကိုး ဖြင့် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပါကြောင်း၊ ၎င်းတို့အဖွဲ့ များ အဓိကအသုံးပြုခဲ့သည့်လက်နက်မှာ အိမ်နီးချင်း နိုင်ငံကဝယ်ယူရရှိသည့်  Drone  များကိုသုံးပြီး  Drop Bomb များနှင့် တိုက်ခိုက်ခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ အချို့သော Drone များသည် စစ်သုံးအဆင့်ပြုပြင်သုံး နိုင်ပြီး ဗုံးအကြီးစားများ ချိတ်ဆက်အသုံးပြုနိုင်သည် ကို တွေ့ရှိ ရပါကြောင်း၊ သောင်းကျန်းသူအဖွဲ့များအနေ ဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသတွင် နိုင်ငံတော် ၏နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပြတ်တောက် ပြီး တိုင်းရင်းသား ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်မှု မရရှိစေရန်အတွက် အဓိကပြည်ထောင်စု လမ်းမကြီးများကို ဖြတ်တောက်ပိတ်ဆို့ခဲ့သည်ကို လည်း  တွေ့ရှိရပါကြောင်း၊   နယ်စပ်ကုန်သွယ်ရေး ဆိုသည်မှာ နှစ်နိုင်ငံအစိုးရများ၏ သဘောတူညီချက် ဖြင့်   တရားဝင်ဆောင်ရွက်ရခြင်း   ဖြစ်ပါကြောင်း၊ ထို့ကြောင့်   မူဆယ်ဒေသ   နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများ ပုံမှန်ဆောင်ရွက်နိုင်ရေး တရုတ်နိုင်ငံနှင့် ဆွေးနွေးဆဲဖြစ်သည်ကို တင်ပြလိုပါကြောင်း။


နှစ်ဖက်တာဝန်ရှိသူများက ဖြေရှင်းခဲ့ရ

တပ်မတော်အနေဖြင့် ယခုဖြစ်ပွားသည့်တိုက်ခိုက် မှုများသည် နယ်စပ်ဒေသနှင့်  လွန်စွာနီးကပ်ခြင်း ကြောင့် တစ်ဖက်နိုင်ငံမှ အထင်အမြင်လွဲမှားမှုမဖြစ် စေရန်အတွက် မိမိတို့၏စစ်ဆင်ရေးများကို ကာကွယ် ခုခံပိုင်ခွင့်အတွက်    ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement  for  Self-Defence) နှင့် အကြမ်းဖက်သောင်းကျန်းမှု    နှိမ်နင်းရေးဆိုင်ရာ တည်ငြိမ်မှုစစ်ဆင်ရေးအတွက် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်းများ(Rules of Engagement for Counter-Terrorism and Counter-Insurgency Operations to restore normalcy)နှင့်အညီ ဆောင်ရွက်စေပြီး နယ်စပ်ဒေသကျည်ကျော်ကျရောက်မှု မရှိစေရေးနှင့် ယာဉ်ယန္တရားများ  ကျော်လွန်မှုမရှိစေရေး  အကန့် အသတ်ဖြင့် ဒေသခံပြည်သူများ ထိခိုက်မှုမရှိအောင် ဆောင်ရွက်ခဲ့ရပါကြောင်း၊ သောင်းကျန်းသူအဖွဲ့များ အနေဖြင့်  တစ်ဖက်နိုင်ငံက အထင်အမြင်လွဲမှားစေရန် လက်နက်ကြီးများဖြင့် တရုတ်နိုင်ငံထဲသို့  ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခဲ့ခြင်းကြောင့် နှစ်ဖက်တာဝန်ရှိသူ  များက ဖြေရှင်းခဲ့ရပါကြောင်း၊ သောင်းကျန်းသူအဖွဲ့ များအနေဖြင့် တစ်ဖက်က နည်းပညာအသာစီးရယူ ကာ သာလွန်အင်အားဖြင့်  တိုက်ခိုက်လာပြီး  တပ် မိသားစုဝင်များကို    
အဓိက  အန္တရာယ်ပြုလာခြင်းကြောင့်    တပ်မတော် အနေဖြင့် အချို့နေရာများကို စွန့်ခွာပေးခဲ့ရခြင်း ရှိပါ ကြောင်း။


ပြင်းပြင်းထန်ထန် အရေးယူလျက်ရှိ


ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်    ယခုကဲ့သို့ ရှုပ်ထွေးမှုများ  ဖြစ်လာခဲ့ခြင်းသည်   ကျားဖြန့်ဟု ခေါ်သည့် Online လိမ်လည်မှုများမှတစ်ဆင့် ဖြစ်ပေါ် လာခြင်းပင် ဖြစ်ပါကြောင်း၊ အဆိုပါ ကိုးကန့်ဒေသ တွင် ယခင်ကတည်းက  မူးယစ်ဆေးဝါးရောင်းဝယ်မှု များနှင့် လောင်းကစားဝိုင်း လုပ်ဆောင်မှုများရှိခဲ့ပါကြောင်း၊ ကိုဗစ် - ၁၉ ဖြစ်ပွားချိန်တွင် သွားလာမှု ကန့်သတ်ချက်များ  ဖြစ်ပေါ်ခဲ့ပြီး   အွန်လိုင်းမှသာ လောင်းကစားမှုများ  လုပ်ဆောင်ခဲ့ရာမှ   လုပ်ငန်း အတွက် လိုအပ်သည့်ကျွမ်းကျင်သူများနှင့် အထောက် အကူပြုဝန်ထမ်းများကို ခေါ်ဆောင်လာခဲ့ပါကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံခြားသားများပါ လောက်ကိုင်ဒေသ ထဲသို့   တရားမဝင်   ဝင်ရောက်လာသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ လက်ရှိအချိန်တွင်လည်း တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များကြီးစိုးနေသည့် မြန်မာ၊ တရုတ်၊   ထိုင်း  နယ်စပ်ဒေသများတွင်  တရားမဝင် စီးပွားရေးလုပ်ငန်းအများစုရှိနေကြပြီး ကျားဖြန့်ဟု ခေါ်သည့် Online လိမ်လည်မှုများ ၊ Online လောင်း ကစားမှုများကို  ကျယ်ပြန့်စွာပြုလုပ်နေကြသည့် အတွက် မြန်မာ-တရုတ်-ထိုင်း ၃ နိုင်ငံပူးပေါင်းပြီး နှိမ်နင်းရှင်းလင်းမှုများကို ထိရောက်စွာဆောင်ရွက် နိုင်ရန်  ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊  အဆိုပါ လုပ်ငန်းလုပ်နေသူအများစုသည်   တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အကာအကွယ်ပေးထား သည့်     နိုင်ငံခြားသားများသာ   ဖြစ်ပါကြောင်း၊ လက်နက်အားကိုးဖြင့်သာ တရားမဝင်လုပ်ငန်းများ လုပ်ရဲခြင်းဖြစ်သဖြင့် လက်နက်ကိုင်လမ်းစဉ် ချုပ်ငြိမ်း အောင်ဆောင်ရွက်ရမည်   ဖြစ်ပါကြောင်း၊   ပါဝင် ပတ်သက်သူများကိုလည်း ဖော်ထုတ်ပြီး ထိထိရောက် ရောက်   ပြင်းပြင်းထန်ထန်   အရေးယူလျက်ရှိပါ ကြောင်း။


လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်နေ


 ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်အထိ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့်  နိုင်ငံခြားသား များ  လွှဲပြောင်းပေးမှုအနေဖြင့်   တရုတ်နိုင်ငံသား ၄၈၂၁၀ ဦးနှင့်   အခြားနိုင်ငံခြားသား ၁၈၁၀ ဦး၊ စုစုပေါင်း ၅၀၀၂၀ ဦးတို့ကို သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်တွင်လည်း ရှမ်းပြည်နယ် (တောင်ပိုင်း)၊  နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ  နေရာ ၃ နေရာတွင် ပန်ဆန်း၊ လောက်ကိုင်၊ မိုင်းပေါက်၊ မိုင်း လားဒေသမှ ထွက်ပြေးတိမ်းရှောင်လာသည့် တရုတ် နိုင်ငံသား ကျား ၁၀၀၂ ဦး၊ မ ၃၆ ဦး၊ စုစုပေါင်း ၁၀၃၈ ဦးတို့ကို  ဖမ်းဆီးရမိခဲ့ခြင်းကြောင့်   လိုအပ်သည့် စစ်ဆေးမှုများ   ပြုလုပ်ခဲ့ပြီး   သက်ဆိုင်ရာနိုင်ငံကို ဥပဒေ၊  လုပ်ထုံးလုပ်နည်းများနှင့်အညီ   ပြန်လည် လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်နေပါကြောင်း။


ကျောင်းအပ်ရာခိုင်နှုန်း အမြင့်ဆုံးထဲတွင်ပါ


ဆက်လက်၍  AA  သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်ပြီး တင်ပြလိုပါကြောင်း၊ AA သောင်းကျန်း သူအဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ်က တပ်မတော်နှင့် သဘောတူထားသည့်  ယာယီတိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို စတင်ချိုးဖောက်ပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရှမ်းပြည်နယ်(မြောက်ပိုင်း) ဖြစ်စဉ် များတွင် ပါဝင်ကူညီတိုက်ခိုက်ခဲ့ပါကြောင်း၊ အဓိက မှာ  ၎င်းတို့ကို   မဟာမိတ်အဖွဲ့များက   လက်နက် ထောက်ပံ့မှုလိုချင်သဖြင့်   ဖြစ်ပါကြောင်း၊   ရခိုင် ပြည်နယ်သည်  လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခြင်းကြောင့် တပ်မတော် အစိုးရလက်ထက်မှစပြီး   ယနေ့အချိန်အထိ  ရခိုင် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို  များစွာဆောင်ရွက် ပေးခဲ့သဖြင့်  ယခင်ကထက်    အဆပေါင်းများစွာ ပြောင်းလဲတိုးတက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရသည့်အချိန်တွင် လည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တပ် မတော်နှင့်နိုင်ငံတော်မှ ပြင်းပြင်းထန်ထန် ကြိုးပမ်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  မိမိကိုယ်တိုင်လည်း မိုခါမုန်တိုင်းတိုက်ခတ်ပြီး နောက်တစ်ရက်အကြာ တွင် ရခိုင်ပြည်နယ်၊  စစ်တွေမြို့ကို  သွားရောက်ပြီး သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည်များ ကိုကြည့်ရှုပြီး လိုအပ်သည်များ စီမံပေးခဲ့ပါကြောင်း၊ အခြားမြို့နယ်အသီးသီးကိုလည်း   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ  ဒုတိယဥက္ကဋ္ဌနှင့် အခြားသော တပ်မတော် အဆင့်မြင့်အရာရှိကြီးများကို စေလွှတ် ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများကို  ကြည့်ရှုစစ်ဆေးစေခဲ့ ကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်နိုင်ရန်   လိုအပ်သည်များကို    စီမံခန့်ခွဲ ဆောင်ရွက်စေခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရသည် မှာလည်း မိုခါမုန်တိုင်းဒဏ်ခံရသည့်   မိုးတွင်းကာလ ၆ လအတွင်းတွင်   ဒေသခံများ   ပြန်လည်အလုပ် လုပ်နိုင်ရန်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်း များပြီးစီးအောင်   တွန်းအားပေးဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမှုကြောင့် ယခု ပွင့်လင်းရာသီတွင် အလုပ်လုပ်နိုင်ခဲ့ပြီး ၎င်းနယ်မြေ များ အမြန်ပြန်လည်နာလန်ထူလာနိုင်ခဲ့ပါကြောင်း၊ မိုခါမုန်တိုင်းဒဏ်သင့်ဒေသအားလုံး ပုံမှန်အခြေအနေ ထက် သာလွန်သည့်အနေအထားမှာ လုပ်ကိုင်နိုင်ပြီ ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်တစ်ခုလုံး တက္ကသိုလ် နှင့် အခြေခံပညာကျောင်းများအားလုံး မိုခါမုန်တိုင်း အပြီး ပုံမှန်ကျောင်းဖွင့်သည့်ရက်၏ နောက် ၁၇ ရက် အကြာတွင် အားလုံးဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ရခိုင် ပြည်နယ်သည် ကျောင်းအပ်ရာခိုင်နှုန်း အမြင့်ဆုံးထဲ တွင် ပါပါကြောင်း။


လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းတင်လှုံ့ဆော်နေ


သို့သော်လည်း AA သောင်းကျန်းသူအဖွဲ့အနေဖြင့် မိုခါမုန်တိုင်းအပြီး ၇ လခန့်အကြာ  ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၅ နာရီတွင် ရခိုင်ပြည်နယ် နယ်ခြားစောင့် ရဲကင်းစခန်းငယ် တစ်ခုဖြစ်သည့် ဒုံးပိုက်ရဲကင်းစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက် ခြင်းမှစတင်ခဲ့ပါကြောင်း၊ ထို့နောက် Drone  များ အသုံးပြုပြီး ပလက်ဝဒေသတွင်ရှိသည့် လုံခြုံရေး စခန်း ၂ ခုနှင့်   ပေါက်တောမြို့ကို   ဆက်လက် တိုက်ခိုက်ခဲ့ပြီး   လက်ရှိအချိန်တွင်လည်း   ရခိုင် ပြည်နယ်  မြောက်ပိုင်းရှိ   နယ်မြေဒေသအချို့တွင် တိုက်ပွဲများ  ဖော်ဆောင်လျက်ရှိပါကြောင်း၊   AA သောင်းကျန်းသူအဖွဲ့အနေဖြင့် ဒေသမတည်မငြိမ် ဖြစ်အောင် လုပ်ဆောင်နေသည့်အတွက် အဆိုပါဒဏ် ကို ဒေသခံရခိုင်တိုင်းရင်းသားအများစုသာ အဓိက ခံစားနေကြရပါကြောင်း၊ ယခုအချိန်သည် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ပညာသင်ကြားနေသည့်အချိန်ဖြစ်ပါ ကြောင်း၊ ရခိုင်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင် နှစ် စတင်ချိန်တွင် အခြေခံပညာကျောင်းသားဦးရေ ၅၇၃၀၀၀ ဦး  (ငါးသိန်းခုနစ်သောင်း  သုံးထောင်) တက်ရောက်ခဲ့ပြီး ယခုအချိန်တွင် AA သောင်းကျန်းသူ အဖွဲ့၏   အကြမ်းဖက်ခြိမ်းခြောက်မှုများကြောင့် အခြေခံကျောင်းများတွင်၂၇၉၃၉၂ ဦး (နှစ်သိန်း ခုနစ် သောင်း ကိုးထောင်ကျော်)သာ ကျောင်းတက်လျက်ရှိ ပါကြောင်း၊ ၄၈ ဒသမ ၇၆ ရာခိုင်နှုန်းကျော် ပျက်ကွက် မှုဖြစ်ခြင်းကြောင့် AA သောင်းကျန်းသူအဖွဲ့၏ဆိုးကျိုး ကို ဒေသခံတိုင်းရင်းသားကျောင်းသား ကျောင်းသူ များ၏ အနာဂတ်ထိခိုက်သည်အထိ ခံစားနေကြရပါ ကြောင်း၊ AA သောင်းကျန်းသူအဖွဲ့သည်  ၎င်းတို့၏ရခိုင်တိုင်းရင်းသားများကိုပါ သူတို့ အာဏာရရှိရေး တစ်ခုတည်းအတွက်ဖြင့် အရွယ်မရောက်သေးသည့် ကျောင်းသားအရွယ်များကို လက်နက်နှင့် အကြောက် တရားဖန်တီးပြီး လူသစ်စုဆောင်းခြင်းများနှင့် အခြား တိုင်းရင်းသားများအပေါ်   လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းတင်လှုံ့ဆော်နေသည်ကိုလည်း   တွေ့ရပါ ကြောင်း၊ ရခိုင်ပြည်နယ်တွင် ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်နိုင်မှသာ ဒေသခံနောင်လာနောက်သား များကို ကောင်းမွန်သည့်အနာဂတ်ဘဝများ လက်ဆင့် ကမ်းနိုင်မည်ဖြစ်ပြီး  ဒေသသည်လည်း   ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည့်အတွက် တပ်မတော်အနေ ဖြင့် နယ်မြေတည်ငြိမ်အေးချမ်းအောင်  ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ရခိုင်ဒေသရှိ ပြည်သူများအနေဖြင့် လည်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း။


နယ်မြေတည်ငြိမ်မှုမရှိအောင် လုပ်ဆောင်နေ


NCA လက်မှတ်ရေးထိုးခဲ့သည့် EAOအဖွဲ့တစ်ခု ဖြစ်သည့် CNF  သောင်းကျန်းသူအဖွဲ့သည်  CDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့်ပေါင်းပြီး   ချင်း ပြည်နယ်အတွင်း           အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ တပ်မတော် အနေဖြင့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် CNF/CDF  အကြမ်းဖက်    သောင်းကျန်းသူများ ဝင်ရောက်နေရာယူထားသည့်   ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်တိုက်ခိုက်နိုင်ခဲ့ပါကြောင်း၊ CNF/CDF  အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၂၀၂၃ ခုနှစ်၊  နိုဝင်ဘာလအတွင်းတွင်လည်း  ချင်း ပြည်နယ်၊ ဖလမ်းမြို့နယ်တွင်ရှိသည့် ရိဒ်ခေါဒါရ်မြို့၊ မတူပီမြို့နယ်တွင်ရှိသည့် လိုင်လင်းပီမြို့နှင့်ရေဇွာမြို့ တို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည်များ  ရှိပါကြောင်း၊ လက်ရှိအချိန်တွင်လည်း CNF သောင်းကျန်းသူများ အနေဖြင့်   ချင်းပြည်နယ်အတွင်းရှိ   တီးတိန်မြို့၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့နှင့် ဒေသအတွင်း နယ်မြေတည်ငြိမ်မှုမရှိအောင် လုပ်ဆောင်နေသည်ကို တွေ့ရပါကြောင်း။


KNPP/KNDF အဖွဲ့နှင့်ပတ်သက်၍လည်း KNPP/KNDF သောင်းကျန်းသူအဖွဲ့သည်   ၂၀၂၃   ခုနှစ်၊ နိုဝင်ဘာလ  ၁၁   ရက်မှစပြီး   ကယားပြည်နယ် လွိုင်ကော်မြို့ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့မှုများရှိပါကြောင်း၊ ထိုသို့အကြမ်းဖက် မှုကို မလိုလားသည့် ဒေသခံပြည်သူလူထု၏သတင်း ပေးမှုများကြောင့်လည်း KNPP/ KNDF သောင်းကျန်း သူအဖွဲ့ဝင်အများအပြားကို တပ်မတော်အနေဖြင့် ချေမှုန်းနိုင်ခဲ့ပါကြောင်း၊ KNPP/KNDF သောင်းကျန်း သူအဖွဲ့အနေဖြင့်  ထိုသို့  တိုက်ခိုက်နိုင်ရန်အတွက် လက်နက်/ ခဲယမ်းများကို    ကြိုတင်စုဆောင်းရန် ကြိုးစားခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်တွင် ဟိုပုံးမြို့နယ် မိုင်းပျဉ်း ကျေးရွာအုပ်စု  ဆော်တာကျေးရွာတွင်   ၎င်းတို့ လက်နက်များ ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်တွင် ပင်လုံမြို့ ပန်မုန့်ကျေးရွာတွင် တစ်ကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ဟိုပုံး မြို့နယ်၊  စံဖူးကျေးရွာတွင်   တစ်ကြိမ်၊     စုစုပေါင်း  ၃ ကြိမ်အတွင်း လက်နက်ငယ်မျိုးစုံ ၁၁၃၃ လက်၊ RPG ၁၀ လက်၊ ကျည်မျိုးစုံ တစ်သိန်းကျော်၊ လက်ပစ် ဗုံး ၇၆၀၀ ကျော်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ခြောက်လုံးနှင့် အခြားသော  လက်နက်/ ခဲယမ်း   ဆက်စပ်ပစ္စည်း များစွာကို   သိမ်းဆည်းရမိခဲ့ပါကြောင်း၊  အဆိုပါ လက်နက်ခဲယမ်းများသည်   ၎င်းတို့၏  မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံမှ ရရှိခြင်း ဖြစ်ပါကြောင်း။


အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့


ထိုသို့ ကယားပြည်နယ်အတွင်းသို့   လက်နက်/ခဲယမ်းများ  နည်းလမ်းမျိုးစုံအသုံးပြုပြီး   ပို့ဆောင် လျက်ရှိသည်ကို ဖော်ထုတ်ဖမ်းဆီးရမိမှုများ ရှိခဲ့ခြင်း ကြောင့် ကယားပြည်နယ်အတွင်းတွင် အကြမ်းဖက် မှုများ လုပ်ဆောင်နေသည့် KNPP/KNDF သောင်း ကျန်းသူအဖွဲ့နှင့်  PDF အမည်ခံအကြမ်းဖက်သမားများ၏ အကြမ်းဖက် မှုများကို အတိုင်းအတာတစ်ခုအထိ ဟန့်တားနိုင်ခဲ့ ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ကြီးကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အခြေခံသည့်   ပြည်ထောင်စုကြီး တည်ဆောက်နေချိန်တွင် ပဋိပက္ခများ ပိုမိုကြီးမား အောင်၊  နိုင်ငံတော်ကို  ပျက်စီးရာ   ပျက်စီးကြောင်း လုပ်နေကြသည့်   သစ္စာမဲ့တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များရှိနေခြင်းသည်    တိုင်းပြည်အတွက် အန္တရာယ်ကြီးမားပါကြောင်း။


အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ ဖမ်းဆီး


KNU သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်၍လည်း KNU သောင်းကျန်းသူအဖွဲ့သည် ၂၀၂၁ ခုနှစ် နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို အကြောင်းပြုပြီး PDF များကို  လေ့ကျင့်ထောက်ပံ့ပေးမှုများပြုလုပ်သည့်အပြင်  တပ်မတော် တပ်စခန်းငယ်များ၊ မြဝတီမြို့နှင့် ကော့ကရိတ်မြို့များကို နှောင့်ယှက်တိုက်ခိုက်လာ ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်တွင် တပ်မတော် စခန်းတစ်ခုကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့မှုများရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်တွင် ကျိုက်မရောမြို့နယ်တွင်ရှိသည့် ချောင်း နှစ်ခွတံတားကို တိုက်ခိုက်ဖောက်ခွဲဖျက်ဆီးခဲ့သည် ကိုလည်း တွေ့ခဲ့ရပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် နံနက် ၃ နာရီတွင်လည်း KNU သောင်းကျန်းသူ အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များအနေ ဖြင့် ကော့ကရိတ်မြို့၏ ၈ နေရာကို ထပ်မံလာရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့်    တပ်မတော်အနေဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပါကြောင်း၊ KNU သောင်းကျန်း သူအဖွဲ့အနေဖြင့် နိုင်ငံရေးအရ သဘောထားကွဲလွဲမှု များကို အကြောင်းပြပြီး ဒေသအတွင်းအကြမ်းဖက် လုပ်ရပ်များကို နည်းလမ်းပေါင်းစုံနှင့် လုပ်ဆောင် နေသည့်အပြင် ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အနီး တွင် Online လိမ်လည်မှုများ၊ Online လောင်းကစားမှု များအပြင် လူမှောင်ခိုမှုများအထိ လုပ်ဆောင်နေသည် ကို အထောက်အထားများနှင့် တွေ့ရှိရခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်း၍ ဖမ်းဆီးနှိမ်နင်း ခြင်းလုပ်ငန်းများကို  လုပ်ဆောင်ပြီး  တရားဥပဒေ စိုးမိုးမှုရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ KNU သောင်းကျန်းသူအဖွဲ့အနေဖြင့် ကရင်ပြည်နယ် အတွင်း ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ တိုးတက်နေမှုအခြေအနေကောင်းများ ရပ်တန့်စေရန် အတွက် တိုက်ပွဲများဖော်ဆောင်လျက်ရှိခြင်းကြောင့် တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း။


ရိုင်းစိုင်းစွာခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့


PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉  ရက်အထိ   ၆  လတာကာလအတွင်း  နိုင်ငံ တစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/ သံဃာပျံလွန် ၃ ပါး၊ အပြစ်မဲ့ပြည်သူ သေဆုံး ၄၃၈ ဦး၊ နိုင်ငံ့ဝန်ထမ်း သေဆုံး ၇၉ ဦး စုစုပေါင်းသေဆုံး ၅၂၀ ဦး ဖြစ်ပွားခဲ့ပါကြောင်း၊ အကြမ်းဖက်ဖျက်ဆီး မှုများအနေဖြင့် လျှပ်စစ်/ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၉၇ ခု၊ ကျန်းမာရေးအဆောက်အဦ   ၆ လုံး၊     စာသင် ကျောင်း/ ပညာရေး အဆောက်အဦ ၁၃ လုံးအပါအဝင် လူနေအိမ်များ၊ အခြားအဆောက်အဦများ ဖျက်ဆီး ခြင်း ခံခဲ့ရပါကြောင်း၊  PDF   အမည်ခံအကြမ်းဖက် သမားများအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ရဟန်း/ သံဃာ ပျံလွန် ၇၇ ပါး၊  သီလရှင် ၂ ပါးရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ သေဆုံး ၅၆၇၇ ဦး၊ နိုင်ငံ့ဝန်ထမ်းသေဆုံး ၁၁၂၄ ဦး စုစုပေါင်းသေဆုံး ၆၈၈၀ ဦး  ဖြစ်ပွားခဲ့ပါကြောင်း၊ အကြမ်းဖက်ဖျက်ဆီးမှုများအနေဖြင့် ဆက်သွယ်ရေး/လျှပ်စစ်တာဝါတိုင် ၅၅၉ ခု အပါအဝင် ကျန်းမာရေး အဆောက်အဦ ၅၃ လုံး၊ ဘာသာရေးအဆောက်အဦ ၆၆ လုံး၊  လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၁၄၈၇ ခု၊ စာသင်ကျောင်း/ ပညာရေးအဆောက်အဦ ၆၇၀ လုံးအပါအဝင် လူနေအိမ်များ၊ အခြားအဆောက် အဦများ   များစွာဖျက်ဆီးခြင်း   ခံခဲ့ရပါကြောင်း၊ ထို့အပြင် ပညာရေးနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်း များအပေါ် ၄၁၃ ကြိမ် ရိုင်းစိုင်းစွာခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊  နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင်လည်း KNPP သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက လွိုင်ကော်တက္ကသိုလ်ကို ရည်ရွယ် ချက်ရှိရှိ   တိုက်ခိုက်ခဲ့ပြီး   တက္ကသိုလ်တွင်  တာဝန် ထမ်းဆောင်နေသည့် ပညာရေးဆိုင်ရာဝန်ထမ်းများ နှင့်  ပညာသင်ကြားလျက်ရှိသည့်    ကျောင်းသား ကျောင်းသူများကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပါကြောင်း။


သောင်းကျန်းသူအဖွဲ့များနှင့် အကြမ်းဖက်အဖွဲ့ များအနေဖြင့် နိုင်ငံအတွင်း တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်ပြီး ၎င်းကိုအခွင့်ကောင်းယူကာ ၎င်းတို့၏ ဝင်ငွေရလမ်းဖြစ်သည့် မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် သယ်ဆောင်ရောင်းချခြင်းများ လုပ်ဆောင်နေကြ သည်ကို တွေ့ရှိရပါကြောင်း၊ မူးယစ်ဆေးဝါးထုတ်လုပ် ရောင်းချခြင်းသည်  ငွေကြေးခဝါချမှု၊   လက်နက် မှောင်ခိုမှု၊ အကြမ်းဖက်မှုတို့ကို အထောက်အပံ့ဖြစ် စေခြင်းကြောင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုကိုခြိမ်းခြောက်နေသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါ ကြောင်း၊ မြန်မာနိုင်ငံအတွင်းတွင် တရားမဝင်မူးယစ် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့်ဓာတုပစ္စည်း များနှင့် ဆက်စပ်ပစ္စည်းများကို   ထုတ်လုပ်နိုင်ခြင်း မရှိခြင်းကြောင့် သောင်းကျန်းသူအဖွဲ့များအနေဖြင့် အခြားနိုင်ငံများမှ နည်းမျိုးစုံဖြင့် မြန်မာနိုင်ငံအတွင်း သို့ ချိတ်ဆက်သယ်ဆောင်လျက်ရှိပါကြောင်း။ 


မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီး ရမိမှုနှင့်ပတ်သက်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ  ၆ လတာ ကာလအတွင်း ဘိန်းဖြူ ၁ ဒသမ  ၁  တန်ကျော်၊  စိတ်ကြွရူးသွပ်ဆေးပြား ၁၁၇ သန်းကျော်၊ အိုက်စ် ၁၄ ဒသမ ၆၆၅ တန်ကျော် အပါအဝင် ဖမ်းဆီးရမိမှု အမှုပေါင်း ၃,၂၇၂ မှု၊ တန်ဖိုးငွေကျပ် ၇၈၁ ဒသမ ၀၂ ဘီလီယံနှင့် ဖမ်းဆီးရမိသူ ကျား/မ စုစုပေါင်း ၄၃၇၃ ဦး ရှိခဲ့ပါကြောင်း၊  မြန်မာနိုင်ငံတွင်   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၉ ရက် အထိ ဘိန်းဖြူ ၆ ဒသမ ၀၅ တန်ကျော်၊  စိတ်ကြွရူးသွပ် ဆေးပြား ၆၂၉ သန်းကျော်၊ အိုက်စ် ၅၃ တန်ကျော်၊ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှု အမှုပေါင်း ၂၁၀၉၈ မှု၊ တန်ဖိုးငွေကျပ် ၃၃၅၄ ဘီလီယံ ကျော် ဖမ်းဆီးရမိသူ ကျား/မ စုစုပေါင်း ၂၉၄၈၆ ဦး ရှိခဲ့ပါကြောင်း၊  AA သောင်းကျန်းသူအဖွဲ့မှ အဖွဲ့ဝင် များ၏ မူးယစ်ဆေးဝါးသယ်ဆောင်မှုကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ သတင်း ဆက်စပ်၍ ဖော်ထုတ်ဖမ်းဆီးမှုများအရ ငွေကျပ် ၅၁ ဒသမ ၈၇ ဘီလီယံတန်ဖိုးရှိ အိုက်စ် (မက်သ်အဖက် တမင်း) ၂ တန်ကျော်၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၈၀၀ ကီလိုနှင့်အတူ   AA   သောင်းကျန်းသူများ ပါဝင်သည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို  ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပါကြောင်း။


နာမည်ဆိုးနှင့်ကျော်ကြားသည့်နေရာတစ်ခုဖြစ်ခဲ့


မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က မူးယစ် ဆေးဝါးထုတ်လုပ်မှုကိုကြည့်ပါက လမ်းပန်းဆက်သွယ် ရေးခက်ခဲသည့်နေရာများ၊  အုပ်ချုပ်မှုအလှမ်းဝေး သည့် နေရာများ၊ ဖွံ့ဖြိုးမှုနောက်ကျနေသည့်နေရာများ၊ လုံခြုံရေးတည်ငြိမ်မှုမရှိသည့် နေရာများနှင့် လူသူအရောက်အပေါက်နည်းပြီး တောတောင်ထူထပ် သည့်နေရာများတွင်  စိုက်ပျိုးထုတ်လုပ်ခဲ့သည်ကို တွေ့ရပါကြောင်း၊ လွတ်လပ်ရေးရပြီးနောက် တရုတ်ဖြူ တို့ မြန်မာနိုင်ငံအတွင်း ကျူးကျော်ဝင်ရောက်ချိန်မှ စပြီး  ရှမ်းပြည်နယ်တွင်   ဘိန်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားလာခဲ့ပါကြောင်း၊     ၎င်းနောက် ဗမာပြည်ကွန်မြူနစ်ပါတီကစပြီး     နောက်ပိုင်း ပေါ်ပေါက်လာသည့် သောင်းကျန်းသူလက်နက်ကိုင် အဖွဲ့အစည်းများက ၎င်းတို့  ရေရှည်ရပ်တည်နိုင်ရေး အတွက် ဘိန်းစိုက်ပျိုးထုတ်လုပ်ရောင်းချမှုကို တိုးချဲ့ လုပ်ဆောင်ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ်သည် ကမ္ဘာ ပေါ်တွင် ဘိန်းထုတ်လုပ်မှုအများဆုံးဟူသည့် နာမည် ဆိုးနှင့်ကျော်ကြားသည့်နေရာတစ်ခု ဖြစ်ခဲ့ပါကြောင်း။


ဘိန်းကို ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးပြီး   ရှမ်းပြည်နယ်သည် ဒေသတွင်း၌ မူးယစ်ဆေးဝါးများ ထွက်ရှိမှု၏ ဗဟိုချက်ဖြစ်ကြောင်းနှင့် အဆိုပါဒေသမှ တရားမဝင်မူးယစ်ဆေးဝါးများကို ကုန်းလမ်းကြောင်း မှ မှောင်ခိုသယ်ဆောင်ခြင်းကို  စစ်ဆေးမှုများ  ပိုမို တင်းကျပ်သည့်အတွက် ရေလမ်းကြောင်းမှ လှေများ ဖြင့် အခြားနိုင်ငံများကို မှောင်ခိုတင်သွင်းလျက်ရှိသည် ကို မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာကုလသမဂ္ဂ ရုံး(UNODC)၏ ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာ တွင်  ဖော်ပြခဲ့သည်ကိုလည်း   တွေ့ရှိရပါကြောင်း၊ UNODC နှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများအန္တရာယ်  တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့တို့ ပူးပေါင်းပြီး ဘိန်းစိုက်ပျိုး/ ထုတ်လုပ်မှုကိုတိုင်းတာခဲ့ရာ ၂၀၁၂ ဘိန်းစိုက်ရာသီမှ စ၍ တစ်နှစ်ထက် တစ်နှစ် နှစ်စဉ် လျော့ကျလာခဲ့သည် ကို တွေ့ရှိရသော်လည်း UNODC ၏  ၂၀၂၃ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုး/ ထုတ်လုပ်မှုအနေဖြင့် ၄၀၁၀၀ ဟက်တာ  စိုက်ပျိုးခဲ့သည်ကို   ဖော်ပြခဲ့ပါ ကြောင်း၊ ၂၀၂၁ ခုနှစ်က  ဘိန်းစိုက်ပျိုးမှု  ၃၀၂၀၀ ဟက်တာစိုက်ပျိုးခဲ့ခြင်းကြောင့် ၂၀၂၂ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုသည် ၃၃ ရာခိုင်နှုန်း တိုးတက်လာ သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ဘိန်းစိုက်ပျိုးမှု ကို တရုတ်၊  မြန်မာ၊  ထိုင်း  ၃  နိုင်ငံအပြင်  အခြား နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး စုံစမ်း စစ်ဆေးခြင်း၊ တိုင်းတာခြင်းနှင့် ဖျက်ဆီးခြင်းများကို ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း။


ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်မှသာ ပိုမိုအောင်မြင်မည်


မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်  သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး   မူးယစ် ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂ အပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက် အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ် ရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးပပျောက်ရေးကို နိုင်ငံတိုင်းကလည်း  အမျိုးသားရေးတာဝန်အဖြစ် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဘက်ပေါင်းစုံမှကြိုးပမ်းဆောင်ရွက်မှသာ ပိုမိုအောင်မြင်မည် ဖြစ်ပါကြောင်း။


အကြမ်းဖက်သောင်းကျန်းသူများသည် နိုင်ငံတော် အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ယွင်းပြီး မတည် မငြိမ်ဖြစ်စေရေး  ဘက်ပေါင်းစုံမှ   တိုက်ခိုက်လျက် ရှိသောကြောင့်    ဒေသခံပြည်သူ့စစ်များအပါအဝင် ပြည်သူ့ကာကွယ် ရေးနှင့်   လုံခြုံရေးစနစ်ကို   တိုးမြှင့်ဆောင်ရွက်ရန်  စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊      နိုင်ငံတော် တည်ငြိမ်အေးချမ်းမှသာ ဒီမိုကရေစီစနစ်ကို ခိုင်မာစွာ လျှောက်လှမ်းနိုင်မည်ဖြစ်သည့်အတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ချမှတ်ထားသည့် ရည်မှန်းချက်များ၊         ဦးတည်ချက်များအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် လည်း    နိုင်ငံတော်တည်ငြိမ်အေးချမ်းရန်အတွက်  လုံခြုံရေးတပ်ဖွဲ့ဝင်များသာမက      ပြည်သူလူထု တစ်ရပ်လုံးကလည်း အကြမ်းဖက်တိုက်ခိုက်မှုများ ကို    ဝိုင်းဝန်းကာကွယ်တားဆီးပေးရန်     လိုအပ်ပါ ကြောင်း၊  ပြည်သူ့လုံခြုံရေးစနစ်နှင့်  ပတ်သက်၍ လည်း လက်ရှိအချိန်တွင်   သက်ဆိုင်ရာနယ်မြေ အလိုက် ဆောင်ရွက်ရန် စီမံလျက်ရှိပြီး ပြည်သူလူထု နှင့်ပူးပေါင်းကာ ဒေသအလိုက် လုံခြုံရေးအပြည့်အဝ ဆောင်ရွက်နိုင်ရန်   ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ထိုမှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးစနစ်ကို သွားရမည်ဖြစ်ပါကြောင်း၊ အရေးကြီးသည်မှာ ဒေသ အလိုက်ရှိနေသည့် ဆန့်ကျင်ဘက်အဖွဲ့များ၏သတင်း ကို ပေးရန်ဖြစ်ပါကြောင်း၊ သတင်းပေးသူကိုလည်း အထူးလျှို့ဝှက်ပေးရန်   လိုပါကြောင်း၊   ယင်းသို့ ဆောင်ရွက်သည့်အခါတွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် နှင့် နိုင်ငံတော်ကြီးကို   ဖွံ့ဖြိုးတိုးတက်လိုစိတ်ရှိသူ တိုင်းရင်းသားပြည်သူအားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြရန် လိုအပ်ပါကြောင်း၊  ထိုသို့နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို   နှောင့်ယှက်ဖျက်ဆီးရုံ သာမက အမျိုး၊ ဘာသာ၊ သာသနာအပေါ် စော်ကား လာကြသောကြောင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့်  ရနိုင်သမျှသောနည်းလမ်းမျိုးစုံအသုံးပြုပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုအပြည့် အဝပြန်လည်ရရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။


ပညာသင်ကြားရေးကို တိုက်ရိုက်ထိခိုက်


ပညာရေးကဏ္ဍနှင့်ပတ်သက်၍   ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း နိုင်ငံတစ်ဝန်းလုံးရှိ   အခြေခံ ကျောင်းများ အနေဖြင့် ကျောင်းအပ်နှံသူ ၈၁၀၈၂၂၇ ဦးရှိခဲ့ပြီး ယနေ့အချိန်တွင်  ၆၇၆၇၇၆၃   ဦးသာ ကျောင်းတက်ရောက်လျက်ရှိသောကြောင့် အကြောင်း အမျိုးမျိုးဖြင့်  ကျောင်းတက်ရန်    ပျက်ကွက်သူ ၁၃၄၀၄၆၄ ဦး  ရှိကြောင်းကို   တွေ့ရှိရပါကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ၁၆ ဒသမ ၅၃ ရာခိုင်နှုန်းဖြစ်ပါ ကြောင်း၊ ပျက်ကွက်သည့်ဒေသများကိုပြန်ကြည့်ပါ က ကရင်ပြည်နယ်ဒေသအချို့၊ ချင်းပြည်နယ်၊ ကယား ပြည်နယ်၊    ရခိုင်ပြည်နယ်နှင့်     ရှမ်းပြည်နယ် (မြောက်ပိုင်း) ဒေသတို့တွင် ဖြစ်နေသည်ကို တွေ့ရှိ ရပါကြောင်း၊  တိုက်ပွဲများဖြစ်ပွားပြီး   တည်ငြိမ် အေးချမ်းမှုမရှိခြင်း၏     ရလဒ်များဖြစ်သည်ကို ထင်ရှားစွာသိနိုင်ပါကြောင်း၊ တက္ကသိုလ်များအနေ ဖြင့်လည်း  ၂၀၂၃ - ၂၀၂၄  ပညာသင်နှစ်အတွင်း ကျောင်းဖွင့်ချိန်တွင် စတင်တက်ရောက်သူ ၁၁၂၉၆၈ ဦးရှိခဲ့ပြီး   ယနေ့အချိန်တွင်  အေးချမ်းစွာပညာ သင်ကြားလျက်ရှိသူ ၈၆၆၈၇ ဦး  ရှိသောကြောင့် ပျက်ကွက်သူ ၂၆၂၈၁ ဦး ရာခိုင်နှုန်းအားဖြင့် ၂၃ ဒသမ ၃ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ လွိုင်ကော်တက္ကသိုလ် အနေဖြင့် ၁၀၀ ရာခိုင်နှုန်း တက်ရောက်နိုင်ခြင်းမရှိဘဲ ချင်းပြည်နယ်၊  ရခိုင်ပြည်နယ်နှင့်  ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင်ရှိသည့် တက္ကသိုလ်များတွင်လည်း ကျောင်းတက်ရန်ပျက်ကွက်မှု ရာခိုင်နှုန်းအများဆုံး ဖြစ်သည်ကို တွေ့ရပါကြောင်း၊ အချို့ကျောင်းသား၊ ကျောင်းသူများသည် အခြားပြည်နယ်၊ တိုင်းဒေသ ကြီးရှိ တက္ကသိုလ်များသို့ ပြောင်းရွှေ့ကျောင်းတက်နေခြင်းများလည်း  ရှိပါကြောင်း၊   အကြမ်းဖက် သောင်းကျန်းသူများ၏လုပ်ရပ်သည် နိုင်ငံတော်၏ အနာဂတ်လူသားအရင်းအမြစ်များဖြစ်သည့် လူငယ် များ ပညာသင်ကြားရေးကို တိုက်ရိုက်ထိခိုက်စေပါ ကြောင်း၊ ယင်းလုပ်ရပ်သည် နိုင်ငံတော်၏အနာဂတ် အတွက် စိုးရိမ်ဖွယ်ရာဖြစ်သောကြောင့် ပြည်သူလူထု တစ်ရပ်လုံး၊   နိုင်ငံတကာအဖွဲ့အစည်းအားလုံးက ဝိုင်းဝန်းဆန့်ကျင်ရမည်ဖြစ်ပါကြောင်း။


လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်တစ်ခုဖြစ်


မိမိတို့နိုင်ငံသည်     ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းလျက်ရှိသောကြောင့်  နိုင်ငံရေးအရ၊ တိုင်းရင်းသားရေးအရ၊ ဘာသာရေးအရ သဘောထား ကွဲလွဲမှုများ မဖြစ်သင့်တော့ဘဲ ငြိမ်းချမ်းစွာနှင့် ဒီမိုကရေစီနှင့်လွှတ်တော်လမ်းကြောင်းအပေါ် ရောက်ရှိ နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ NCA စာချုပ်ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက် တွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလ သမဂ္ဂအပါအဝင် နိုင်ငံတကာက အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများရှေ့မှောက်တွင် ခမ်းနား ထည်ဝါစွာ လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်တစ်ခု ဖြစ်ပါကြောင်း၊ Union Accord အဖြစ် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးထားသည့်သမိုင်းဝင် စာချုပ်ဖြစ်သောကြောင့် မည်သည့်အချိန်မျှ ပျက်ပြယ် မှုမရှိဘဲ တည်ရှိနေမည့်စာချုပ်ဖြစ်ပါကြောင်း။ 


၂၀၂၃ ခုနှစ်၊  အောက်တိုဘာလ  ၁၅  ရက်တွင် ကျရောက်သည့် တစ်နိုင်ငံလုံး  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားကိုလည်း   ပြည်တွင်း   ပြည်ပမှ သက်ဆိုင်သူစုံစုံလင်လင်နှင့်     လက်တွေ့ကျကျ၊ အဓိပ္ပာယ်ရှိရှိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း။


မိမိအနေဖြင့် NCA စာချုပ်ကို လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ၊ စာချုပ်ကို လက်မှတ်မရေးထိုးရသေးသောအဖွဲ့ အစည်းများနှင့်တွေ့ဆုံဆွေးနွေးချိန်များတွင် ၎င်းတို့ ၏ လိုလားချက်များကို လက်နက်ကိုင်ပြီးတောင်းဆို ပါက ဒီမိုကရေစီစနစ်ကို သွေဖည်ရာရောက်မည်ဖြစ် သောကြောင့်   ငြိမ်းချမ်းရေးစားပွဲဝိုင်းမှတစ်ဆင့် လွှတ်တော်၌သာ လိုလားချက်များကို တောင်းဆိုရန် အကြိမ်ကြိမ်ပြောခဲ့ပါကြောင်း၊ NCA လက်မှတ်ရေးထိုး ထားသည့်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနက် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသည့် အချို့အဖွဲ့များနှင့်  NCA စာချုပ်ကို လက်မှတ်မထိုး ရသေးသည့် လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ အနက် KIA၊ SSPP/SSA၊ KNPP သောင်းကျန်းသူအဖွဲ့များအနေဖြင့် PDF အမည်ခံအကြမ်းဖက်သမားများကို အားပေး ကူညီခဲ့ပြီး နိုင်ငံတစ်ဝန်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်စေခဲ့သည်ကို တွေ့ရပါကြောင်း။


တည်ဆဲဥပဒေများကို လေးစားလိုက်နာ


နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် စတင်ဖွဲ့စည်းစဉ်ကတည်းက စစ်မှန်စည်းကမ်းပြည့်ဝ သည့်   ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနှင့်   ဒီမို ကရေစီနှင့်    ဖက်ဒရယ်စနစ်ကို   အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသည့်   နိုင်ငံရေး ရည်မှန်းချက် ၂ ရပ်ကို ချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းနိုင်ငံရေးရည်မှန်းချက် ၂ ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် နိုင်ငံသားတိုင်း ၏  ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည်  အရေးကြီးပါ ကြောင်း၊ မည်သူမဆို၊  မည်သည့်အဖွဲ့အစည်းမဆို ဒီမိုကရေစီလမ်းကြောင်းက သွေဖည်သွားနိုင်သည့် လုပ်ဆောင်ချက်များကို ရှောင်ရှားကြရမည်ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ   တည်ဆဲဥပဒေ များကို  လေးစားလိုက်နာကြရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူအားလုံး၏   ဆန္ဒဖြစ်သည့် ဒီမိုကရေစီနှင့်   ဖက်ဒရယ်စနစ်ကို   အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရာတွင်လည်း    ဒီမို ကရေစီစနစ်၊  ဖက်ဒရယ်စနစ်တို့နှင့် ပတ်သက်ပြီး မိမိတို့နိုင်ငံနှင့်  သဟဇာတဖြစ်သည့်   စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံ၏တိုင်းဒေသကြီး၊ ပြည်နယ်များတွင် တိုင်းရင်း သားလူမျိုးတစ်မျိုးတည်းသာ  နေထိုင်သည့်   တိုင်း ဒေသကြီး၊ ပြည်နယ်ဟူ၍ မရှိပါကြောင်း၊   လူမျိုး ပေါင်းစုံ  ပျံ့နှံ့နေထိုင်နေကြပါကြောင်း၊   ထို့ကြောင့် နိုင်ငံရေးအနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံး သွားမည်ဖြစ်ပြီး အုပ်ချုပ်ရေးအနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို ကျင့်သုံးနိုင်ရေး  ဆောင်ရွက်နေခြင်းပင်  ဖြစ်ပါ ကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် လည်း  ဖက်ဒရယ်ဆိုင်ရာ  လုပ်ပိုင်ခွင့်နှင့်ပတ်သက် ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေဇယား  (၁၊ ၂၊ ၃၊ ၅) ပါ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊  ပြည်နယ် အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊  ဒေသတို့ အတွက် ခွင့်ပြုပေးထားပြီးဖြစ်ပါကြောင်း။ 


ရွေးကောက်ပွဲကို ပါဝင်ကူညီရန်လို


တပ်မတော်အနေဖြင့်  ဖွဲ့စည်းပုံအခြေခံဥပဒေ သည် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ပြီး ပြည်သူ့ ဆန္ဒနှင့်အညီ  ပြဋ္ဌာန်းထားသည့်   ဥပဒေဖြစ်ခြင်း၊ ၂၀၀၈ ခုနှစ်မှ အတည်ပြုပြဋ္ဌာန်းထားပြီး ခေတ်ကာလ အခြေအနေနှင့်အညီ ပြင်ဆင်သင့်သည်များရှိနိုင်ခြင်း တို့ကြောင့်  ပြင်ဆင်သင့်   ပြင်ဆင်ထိုက်သည်များ ပြင်ဆင်သွားရမည်ကိုလည်း သဘောတူကြောင်းကို အကြိမ်ကြိမ်ပြောခဲ့ပြီးဖြစ်ပါကြောင်း၊ ယခင်အစိုးရ ကာလများအတွင်း၌ အချက်တော်တော်များများကို ပြင်ပေးနိုင်ခဲ့သော်လည်း ပြည်သူလူထု၏   ဆန္ဒခံယူပွဲ များ မပြုလုပ်နိုင်သေးသည့်အတွက် အတည်မပြုနိုင် သေးသည့်အချက်များလည်း ရှိပါကြောင်း၊ အခြေခံ ဥပဒေ၏ အခန်း(၁၂)တွင် မည်သို့ပြင်ရမည်ဟူသော ပြဋ္ဌာန်းချက်များ ပါဝင်သည့်အတွက် အခြေခံဥပဒေ နှင့်အညီသာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်လမ်း ကြောင်းမှသာ ဆောင်ရွက်နိုင်မည်လည်း    ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရက  ချမှတ်ထား သည့် ရှေ့လုပ်ငန်းစဉ်များအတိုင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ်  ကျင်းပနိုင်ရေး ဆောင်ရွက်ပေးပြီးဖြစ်ပေါ်လာသည့် လွှတ်တော်များ မှတစ်ဆင့် ခေတ်စနစ်နှင့် မကိုက်ညီသည့်အချက် များကို ပြင်ဆင်သွားရမည်ဖြစ်ကြောင်းကို  တင်ပြ လိုပါကြောင်း၊ NCA  စာချုပ်ကို  လက်မှတ်ရေးထိုး ထားသည့်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့်လည်း နိုင်ငံ၏ဒီမိုကရေစီစနစ် ခိုင်မြဲစေရေး မဖြစ်မနေဆောင်ရွက်ရမည့် ရွေးကောက်ပွဲကို ပါဝင် ကူညီရန်လိုအပ်ပါကြောင်း။


သင်ခန်းစာယူဆောင်ရွက်သွားရန်လို


မြန်မာ့တပ်မတော်အနေဖြင့် ပြည်သူများလိုလား သည့် ပါတီစုံဒီမိုကရေစီစနစ်ကို စနစ်တကျဖြစ်ပေါ် လာအောင် ဦးဆောင်ဖော်ဆောင်ပေးခဲ့သည့် အဖွဲ့ အစည်းဖြစ်သကဲ့သို့  မြန်မာ့ဒီမိုကရေစီစနစ်ခိုင်မာအောင်  တည့်မတ်ဆောင်ရွက်ပေးနေသည့်   အဖွဲ့ အစည်းတစ်ခုပင် ဖြစ်ပါကြောင်း၊  ပါတီစုံဒီမိုကရေစီ စနစ်ကိုကျင့်သုံးရာတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲသည် ယင်းစနစ်၏အသက်ပင်ဖြစ်သော ကြောင့် လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ ဖြစ်မှသာလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ပုံပေါ်စေ မည်ဖြစ်ပါကြောင်း၊   ရွေးကောက်ပွဲတစ်ရပ်သည် လွတ်လပ်၊ သန့်ရှင်း၍ တရားမျှတမှုအပြည့်ရှိမှသာ ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ်ပေါ်လွင်စေမည် ဖြစ်သကဲ့သို့ ဒီမိုကရေစီစနစ်ကိုလည်း ပီပြင်စေမည် ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ယခင် NLD ပါတီ အနေဖြင့်  စည်းကမ်းမဲ့စွာဖြင့်   ဆောင်ရွက်ခဲ့သော ကြောင့် နိုင်ငံအတွက်  အမည်းစက်တစ်ခုဖြစ်ပေါ် စေခဲ့ပါကြောင်း၊ ထိုကဲ့သို့ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ် စေရေး   စစ်မှန်စည်းကမ်းပြည့်ဝသည့်   ပါတီစုံဒီမို ကရေစီစနစ်ကို    ခိုင်ခိုင်မာမာနှင့်    သင်ခန်းစာယူ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။


ရွေးကောက်ပွဲတွင်      ပါတီစုံပါဝင်စေရေးသည် အရေးကြီးသောကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့်     ယခင်နိုင်ငံရေးပါတီများနှင့်  ၄  ကြိမ်  တွေ့ဆုံပြီး  ယခင်ရွေးကောက်ပွဲများတွင် ဖြစ်ပေါ်ခဲ့သည့် လေလွင့်ဆုံးရှုံးသည့်မဲများ မဖြစ်စေ  ရေးအတွက် မဲများသူအနိုင်ရသည့်စနစ်(First Past The Post)    FPTP    စနစ်အစား     မြန်မာနိုင်ငံနှင့် သင့်လျော်ပြီး    ရိုးရှင်းလွယ်ကူသည့်      စာရင်းပိတ် အချိုးကျကိုယ်စားပြုစနစ်   (Closed List-PR)     ကို ပေါင်းစပ်ကျင့်သုံးရန် နိုင်ငံရေးပါတီများက သဘော တူပြီး ဖြစ်ပါကြောင်း၊ အချိုးကျကိုယ်စားပြုစနစ်နှင့်  ကိုက်ညီသည့် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြင်ဆင်ထုတ်ပြန်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံရေးပါတီ များအနေဖြင့်    နိုင်ငံတော်တာဝန်ကို   ဦးဆောင်ပြီး  ဆောင်ရွက်ရမည်ဖြစ်သောကြောင့် ခိုင်မာအားကောင်း သည့်    အဖွဲ့များဖြစ်စေရေး      နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊   နည်းဥပဒေများကို   အသစ် ပြဋ္ဌာန်းထုတ်ပြန် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပြဋ္ဌာန်း ထုတ်ပြန်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း  ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီအဖြစ်  ပြန်လည်မှတ်ပုံတင်ခွင့်လျှောက်ထားသည့်     ပါတီ ၅၀ ပါတီနှင့် ပါတီအသစ်တည်ထောင်ခွင့်လျှောက် ထားသည့် ပါတီ ၁၅ ပါတီ၊ စုစုပေါင်း ၆၅ ပါတီရှိပြီ  ဖြစ်ပါကြောင်း၊ ဥပဒေနှင့်အညီ ပြန်လည်မှတ်ပုံတင်ခွင့်  လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ ပါတီ ရှိပြီး   ၎င်းနိုင်ငံရေးပါတီများသည်   မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ  ၂၅  အရ  နိုင်ငံရေးပါတီအဖြစ်မှ  အလို အလျောက် ပျက်ပြယ်ပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့်        ပြန်လည် မှတ်ပုံတင်ခွင့်နှင့် အသစ်တည်ထောင်မှတ်ပုံတင်ခွင့် တင်ပြလာသည့် နိုင်ငံရေးပါတီ ၆၅ ပါတီအနက်မှ နိုင်ငံရေးပါတီ   ၄၇  ပါတီကို  မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး နိုင်ငံရေးပါတီ ၂ ပါတီကို ဥပဒေနှင့်အညီ ပါတီမှတ်ပုံ တင်ခွင့်   ပယ်ဖျက်ခဲ့သည့်အတွက်   လက်ရှိတည်ဆဲ နိုင်ငံရေး ပါတီ ၄၅ ပါတီ ရှိပါကြောင်း။


၂၀၂၄   ခုနှစ်၊   ဇန်နဝါရီလ  ၆  ရက်တွင်လည်း မိမိဦးစီးပြီး မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည့် နိုင်ငံ ရေးပါတီများမှ   ဥက္ကဋ္ဌများ၊    ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို    တွေ့ဆုံပြီး    နိုင်ငံတော်တွင်  ဖြစ်ပေါ်နေသည့်    လက်ရှိနိုင်ငံရေး    ပြောင်းလဲခဲ့ရမှု အခြေအနေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ ၏   အကြမ်းဖက်တိုက်ခိုက်မှုများကို    ကျယ်ပြန့်စွာ ပုံဖော်လုပ်ဆောင်လာမှု အခြေအနေ၊ PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေမှုအခြေအနေ၊ အစိုးရ၏စီးပွားရေးနှင့် လူမှုရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်အောင်  ဆောင်ရွက် နေမှု အခြေအနေ၊  ရွေးကောက်ပွဲ  လုပ်ဆောင်မည့် အခြေအနေများကို ပွင့်လင်းစွာချပြခဲ့ပြီး တက်ရောက် လာသည့်  ပါတီများကလည်း  လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ် အမြင်များ  နှင့် ပါတီဆိုင်ရာအခက်အခဲများကို တင်ပြဆွေးနွေး ခဲ့ကြပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး  ဝိုင်းဝန်းကြိုးပမ်းကြရန်အားလုံးက သဘောတူခဲ့ကြ ပါကြောင်း၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေမှ  ပြင်ဆင်သင့်သည်များကိုလည်း ပြင်ဆင်သည့်ဥပဒေ ထုတ်ပြန်ခဲ့ပြီး    ဖြစ်ပါကြောင်း၊     ဖွဲ့စည်းပုံအခြေခံ ဥပဒေ  (၂၀၀၈  ခုနှစ်)  ၏  ပုဒ်မ  ၄၂၉  တွင်လည်း  “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည်  ပုဒ်မ ၄၂၆ အရ အမိန့်ကို ပယ်ဖျက်ကြောင်းကြေညာ သည့်နေ့မှစ၍ ခြောက်လအတွင်း ဖွဲ့စည်းပုံအခြေခံ  ဥပဒေပါ    ပြဋ္ဌာန်းချက်များနှင့်အညီ   အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးရမည်” ဟု ဖော်ပြထားပါ ကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ် ၏ နံပါတ် (ငါး) အချက်တွင်ပါသည့်အတိုင်း ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးကို       ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏      အန္တိမ ရည်မှန်းချက်မှာ    လွတ်လပ်၍     တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရေးပင်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲရာနှုန်းပြည့် ကျင်းပအောင်မြင်ရန် ခက်ခဲသော်လည်း ပြည်သူတို့  ၏     မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး     စွမ်းအားရှိသမျှ လုပ်ဆောင်သွားမည်ဖြစ်ပြီး စည်းစနစ်ကျနမှုရှိသည့်  အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။


ပြည်သူများ၏မဲပေးခွင့်ဆန္ဒပြုမှုများကို
အလေးထားစဉ်းစားရမည်


ဒီမိုကရေစီစနစ်တွင် လွှတ်တော်သည် နိုင်ငံရေး အရ    အမြင့်ဆုံးဖြစ်သောကြောင့်     တိုင်းရင်းသား အားလုံးက  မိမိတို့ဒေသအခွင့်အရေးများကို တရား ဥပဒေနှင့်အညီ   တောင်းဆိုနိုင်ရေး  နိုင်ငံရေးစင်မြင့် လွှတ်တော်တွင် ပါဝင်နိုင်အောင်လည်း ဆောင်ရွက်  သွားမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  နိုင်ငံတော်၏သမ္မတကို ပြည်ထောင်စုလွှတ်တော်မှ ရွေးချယ်ရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် များကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အလိုက် လွှတ်တော်များမှ ရွေးချယ်ပေးရခြင်းဖြစ်ပါ ကြောင်း၊   လွှတ်တော်အသီးသီးတွင်  အစည်းအဝေး အထမြောက်ရေးအတွက် သိက္ခာရှိသည့်လွှတ်တော် အစည်းအဝေးဖြစ်အောင် သတ်မှတ်ကိုယ်စားလှယ် များ ရွေးချယ်တက်ရောက်နိုင်ရေး မဖြစ်မနေဆောင် ရွက်သွားရမည်ဖြစ်ပါကြောင်း၊  အဆိုပါလွှတ်တော်များတွင်သက်ဆိုင်ရာဒေသအလိုက် ပါတီများပါဝင် မှသာ  လွှတ်တော်အတွင်း  ကိုယ်စားပြုမှုများမည်  ဖြစ်ပြီး ပြည်သူတို့၏အသံနှင့် ဖြစ်စေချင်သည့်အချက်  များကို ပြောခွင့်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့လူဦးရေ၏  ပျမ်းမျှ  ၂၈  ရာခိုင်နှုန်းခန့်သည် မြို့ပေါ်နေပြီး ၇၂ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေကြပါကြောင်း၊ အချို့ပြည်နယ်နှင့်   တိုင်းဒေသကြီးများတွင်   ယခု အချိုးထက် ပိုကွာဟပါကြောင်း၊ ထို့ကြောင့် မြို့ပေါ်  တစ်ခုတည်း၏  ဆန္ဒကိုသာမကြည့်ဘဲ ကျေးလက်နေ ပြည်သူများ၏    မဲပေးခွင့်       ဆန္ဒပြုမှုများကိုလည်း အလေးထားစဉ်းစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်ရှိတည်ငြိမ်အေးချမ်းမှု နည်းပါးနေသည့် စစ်ကိုင်း တိုင်းဒေသကြီး၊   ကယားပြည်နယ်၊   ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်    စသည့်    တိုင်းဒေသကြီးများနှင့် ပြည်နယ်များအလိုက်   ဒေသတည်ငြိမ်  အေးချမ်း ရေးကို    အလေးအနက်ထား     ဆောင်ရွက်နေပြီး ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင် ရွက်လျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် မည်သည့်  တိုင်းဒေသကြီး၊ မည်သည့်ပြည်နယ်သည် ငြိမ်းချမ်းမှု မရှိသောကြောင့်    ရွေးကောက်ပွဲလုပ်၍မရ     ဟူ၍ ချန်ထားခဲ့၍ မရပါကြောင်း၊ အထက်တွင် မိမိတင်ပြ ခဲ့သည့် လွှတ်တော်အစည်းအဝေးများ အထမြောက် အောင်  ရွေးကောက်ပွဲလုပ်နိုင်ရမည်ဖြစ်ပြီး ထိုသို့  ချန်လှပ်ထားခဲ့ပါက    ယင်းဒေသတွင်     ဒီမိုကရေစီ ဆိတ်သုဉ်းသွားမည်၊ အာဏာရှင်စနစ်၊ စစ်ဘုရင်စနစ် များဝင်လာမည်၊ ဒေသခံတိုင်းရင်းသားပြည်သူများ နစ်နာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒီမိုကရေစီ စနစ်ကို       အမှန်တကယ်    လိုလားသည်ဆိုပါက လွတ်လပ်ပြီး   တရားမျှတသည့်     ရွေးကောက်ပွဲကို လုပ်နိုင်အောင် ကြိုးစားရမည်ဖြစ်ပြီး နိုင်ငံရေး ပါတီ များကလည်း ဝိုင်းဝန်းကူညီပေးရန် လိုပါကြောင်း။


တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဆန္ဒမဲပေးပိုင် ခွင့်ရရှိစေရေး မဲစာရင်းအခြေခံ အချက်အလက်များကို မှန်ကန်စွာပြုစုရမည်ဖြစ်ပါကြောင်း၊ အခြေခံအချက် အလက်များ     မှန်ကန်မှသာ     မဲစာရင်းများလည်း မှန်ကန်မည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင်     မဲစာရင်းမှားယွင်းမှုကြောင့် အမည်းစက်ဖြစ်ခဲ့ရသည့် အဖြစ်မျိုး ထပ်မံမဖြစ်စေ ရေး အဖြစ်နိုင်ဆုံး မဲစာရင်းမှန်ကန်အောင် ဆောင် ရွက်ရန်လိုပါကြောင်း၊  ထို့ကြောင့် ၂၀၂၄ ခုနှစ်တွင်  ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး  ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အောင်မြင်စွာ ကောက်ယူနိုင်ရေးနှင့်      စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့်  အခက်အခဲများကို  ကြိုတင် ပြင်ဆင်ထားနိုင်ရေး    စမ်းသပ်သန်းခေါင်စာရင်းကို လည်း ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် မြို့နယ် ပေါင်း ၂၀ အတွင်းရှိ စာရင်းကောက်ကွက် ၁၀၀ ၌  ပဏာမဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊  လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသည့် လူဦးရေကို အခြေခံပြီး ခန့်မှန်း တွက်ချက်ရာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်  မြန်မာနိုင်ငံရှိ ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ ၂ သန်း ဖြစ်ပါကြောင်း၊    တစ်နိုင်ငံလုံး     အတိုင်းအတာနှင့် သန်းခေါင်စာရင်း    ကောက်ယူပြီးမှသာ      လူဦးရေ စာရင်းထွက်လာမည်ဖြစ်ပြီး မဲစာရင်းများ ပြုစုနိုင် မည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းများ အပြည့် အဝကောက်ယူနိုင်မှသာ မှန်ကန်သည့်မဲစာရင်းများ ရရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲကို မှန်ကန်စွာပြုလုပ် နိုင်မည် ဖြစ်ပါကြောင်း။


ပြည်ထောင်စုရွေးကောက်ပွဲ            ကော်မရှင်က မဲဆန္ဒရှင်များအနေဖြင့်    မဲပေးရာတွင်    ရှင်းလင်း လွယ်ကူစွာ မဲပေးနိုင်ရေး၊ မဲရလဒ်မှန်ကန်ရေး၊ ပယ်မဲ မရှိရေး၊  မဲမသမာမှု  မပြုလုပ်နိုင်ရေးနှင့်  ပွင့်လင်း မြင်သာမှုရှိစေရေးအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine) နှင့် စပ်လျဉ်းသည့် ရှင်းလင်းပြသခြင်းများ၊ လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်းများ    ဆောင်ရွက်ပေး လျက်ရှိပြီး နေပြည်တော်ရှိ ဗဟိုအဆင့်အဖွဲ့အစည်း များ၊    ဝန်ကြီးဌာနများ၊      နေပြည်တော်ကောင်စီ၊ နေပြည်တော် စည်ပင်နှင့် တက္ကသိုလ်များ စုစုပေါင်း  ၄၂ ဖွဲ့၊ ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ မြို့နယ် ၈ ခုနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အားလုံးတို့တွင် ဆောင်ရွက်ခဲ့ပြီး မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်များတွင် ဆက်လက်ဆောင် ရွက်လျက်ရှိပါကြောင်း။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  အနေဖြင့်  နိုင်ငံတော်၏ ဒီမိုကရေစီစနစ်လမ်းကြောင်း မှန်ကန် ခိုင်မာစေရေးအတွက်    နိုင်ငံ့တာဝန်ကို     ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ထမ်းဆောင်နေရခြင်းဖြစ်ပါ ကြောင်း၊   ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၄၂၅  အရ သာမန်အားဖြင့် သက်တမ်းတိုးမှုကို ၆ လ နှစ်ကြိမ် ပေး၍ရသော်လည်း လက်ရှိအချိန်သည် ရှမ်းပြည် နယ် (မြောက်ပိုင်း) ဒေသ၊ စစ်ကိုင်းတိုင်းဒေသအချို့၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဖြစ်ပေါ် နေသည့်   လက်နက်ကိုင်ပဋိပက္ခများကြောင့်   နိုင်ငံ  တော်၏ တရားဥပဒေစိုးမိုးမှုနည်းပါးကာ ဒေသခံ တိုင်းရင်းသားပြည်သူလူထု၏ လူမှုစီးပွားဘဝများ ဆုံးရှုံးလျက်ရှိပါကြောင်း၊ ယင်းအခြေအနေကို အခွင့် ကောင်းယူပြီး NUG နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက နိုင်ငံတစ်ဝန်း အကြမ်းဖက်တိုက်ခိုက် မှုများအပြင်   ပြည်သူလူထု   ကြောက်ရွံ့ထိတ်လန့် အောင် လုပ်ဆောင်လျက်ရှိသောကြောင့် နိုင်ငံအတွင်း  တရားဥပဒေစိုးမိုးကာ တည်ငြိမ်အေးချမ်းမှု ပြန်လည် ရရှိအောင် လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ သာမန် အခြေအနေမဟုတ်သည်မှာ       သိသာထင်ရှားပါ ကြောင်း၊    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ အနေဖြင့် နယ်စပ်ဒေသများတွင် တရားဥပဒေစိုးမိုးမှု မရှိအောင် တိုက်ပွဲများဖော်ဆောင်မှုနှင့်အတူ Online  လိမ်လည်သည့်အဖွဲ့များနှင့် အကျိုးတူပူးပေါင်းလာသည်ကိုတွေ့ရသည့်အတွက် နယ်စပ်ဒေသ တည်ငြိမ် ရေး၊    လုံခြုံရေးနှင့်     တရားဥပဒေစိုးမိုးမှုရှိအောင် ဆောင်ရွက်ပြီး Online လိမ်လည်မှုများ အမြစ်ပြတ် သည်အထိ     သက်ဆိုင်ရာနိုင်ငံများနှင့်   ညှိနှိုင်းပြီး  ချေမှုန်းနှိမ်နင်းရန်    လိုအပ်ပါကြောင်း၊    အထက်ပါ လုပ်ငန်းများကို   ထိရောက်စွာ  လုပ်ဆောင်နိုင်ရေး အတွက် ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့ကာကွယ် ရေးစနစ်ကို ဖော်ဆောင်နိုင်ရေး ပြည်သူ့လုံခြုံရေးစနစ် ကို မြှင့်တင်ဆောင်ရွက်သွားရန် လုပ်ဆောင်နေပြီ ဖြစ်ပါကြောင်း၊ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးမှု     အပြည့်အဝရရှိသည့်      နိုင်ငံဖြစ်စေရေး တက်ရောက်လာသည့် အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီအဖွဲ့ဝင်များက ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်လည်း တိုက်တွန်းလိုပါကြောင်း၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို     လျှောက်လှမ်းမည်ဖြစ်သဖြင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ       ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပါတီမှတ်ပုံတင်ခွင့် များ ဆောင်ရွက်ပေးသည့်အတွက် ပါတီများ အင်အား တည်ဆောက်ခြင်းနှင့် စည်းရုံးခြင်းများလုပ်ဆောင် ကြရန်    လိုအပ်နေပါကြောင်း၊       ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ    အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေး   ဝိုင်းဝန်း      ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း။


ပါတီစုံရွေးကောက်ပွဲကျင်းပနိုင်ရေး 
ကြိုးပမ်းစီမံဆောင်ရွက်ရမည်


မိမိတို့အစိုးရအနေဖြင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် နိုင်ငံတော် တာဝန်ကို     ရယူခဲ့ရသည့်     အစိုးရဖြစ်ပါကြောင်း၊ ပြည်သူများ    လိုလားတောင့်တခဲ့သည့်      “စစ်မှန် စည်းကမ်းပြည့်ဝသည့်      ပါတီစုံဒီမိုကရေစီစနစ်” မယိမ်းယိုင်အောင်      စောင့်ရှောက်ခဲ့ပါကြောင်း၊ အစိုးရတာဝန် စတင်ယူစဉ်ကတည်းက ယနေ့တိုင် ရှေ့လုပ်ငန်းစဉ်တိုင်း၌ “လွတ်လပ်တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ” ကျင်းပ နိုင်ရေး အမြဲထည့်သွင်း ဦးတည်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ဆန့်ကျင်ဘက် အဖွဲ့အစည်းများအနေဖြင့်  ပြည်သူလိုလားသည့်        ပါတီစုံဒီမိုကရေစီစနစ်ကို မျက်ကွယ်ပြုပြီး နိုင်ငံတော်ကြီး မအေးချမ်းအောင်၊ ပြည်သူများ၏   လူမှုစီးပွားဘဝ    ပျက်ယွင်းအောင် မိုက်မဲသည့်အတ္တကို ရှေ့တန်းတင်ပြီး အကြမ်းဖက် လမ်းစဉ်ကို နေ့စဉ်နှင့်အမျှ ပုံဖော်ဆောင်ရွက်နေကြ သည်ကို   တွေ့နိုင်ပါကြောင်း၊   နိုင်ငံတော်တည်ငြိမ် အေးချမ်းပြီး ပုံမှန်၊ သာမန်အခြေအနေရောက်လာပါက နိုင်ငံတော်အာဏာကို မတရားဖြတ်လမ်းနည်းဖြင့် ရယူမည့် ၎င်းတို့၏ အကြမ်းဖက်အစီအမံများ ကျရှုံး သွားမည်ကို အထူးစိုးရိမ်နေကြပါကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအနေဖြင့်    နိုင်ငံအတွင်း     အကြား အလပ်မရှိ         ပါတီစုံရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုးပမ်းစီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ရွေးကောက်ပွဲကြီး   မဖြစ်အောင်   ဖန်တီးပုံဖော်နေ သည့်   အခက်အခဲများနှင့်   စိန်ခေါ်မှုများကိုလည်း ကြိုးပမ်းပြီးရင်ဆိုင်ဖြေရှင်း   ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊   နိုင်ငံသားတိုင်း  တည်ငြိမ်အေးချမ်းမှု၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ     ဒီမိုကရေစီ၏ အခွင့်အရေးများကို  အပြည့်အဝ   ခံစားခွင့်ရအောင် ဆက်လက်ပြီး    ကြိုးပမ်း      ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။


လက်ရှိနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေးနှင့်  လုံခြုံရေးကို   အဘက်ဘက်က    ပျက်ယွင်းအောင် လုပ်ဆောင်နေသော အဖျက်လုပ်ငန်းများကို ကာကွယ် လျက်ရှိသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ပြည်သူ့စစ်အဖွဲ့အစည်းများ၏ ရှေ့တန်းကျကျ ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းဆောင်မှုများသည် သမိုင်းဝင် လုပ်ရပ်များဖြစ်ပါကြောင်း၊ ၎င်းတို့ကို ပိုမိုထောက်ပံ့မှု ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊ ထို့အတူပင် ပြည်သူ လူထုအနေဖြင့်  လုံခြုံရေးအရ  စိုးရိမ်ပူပန်မှုများကို လျော့ပါးစေလိုသည့်စိတ်နှင့်     ကိုယ်တိုင်ပူးပေါင်း ဆောင်ရွက်လိုသည့်      ဆန္ဒပြင်းပြလျက်ရှိသည်ကို အသိအမှတ်ပြုသကဲ့သို့ ပူးပေါင်းလုပ်ဆောင်နိုင်ခွင့် ကိုလည်း ဥပဒေနှင့်အညီ စနစ်တကျဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းကို ပြောကြားလိုပါကြောင်း။


လက်ရှိအခြေအနေတွင်       ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဖြစ်သည့် လွတ်လပ်တရားမျှတပြီး ဥပဒေစည်းကမ်းနှင့်     ညီညွတ်သည့်     အထွေထွေ ရွေးကောက်ပွဲဖြစ်နိုင်ရေး၊ ပြည်သူအားလုံး မိမိတို့၏ ဆန္ဒကို လွတ်လပ်စွာဖော်ထုတ်နိုင်ရေး လိုအပ်ချက် များစွာရှိနေပါသေးကြောင်း၊ တည်ငြိမ်အေးချမ်းသည့်  ပုံမှန်အနေအထား၊       သာမန်အနေအထားရောက် အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ သာမန်အခြေ အနေ မဟုတ်သောကြောင့် လိုအပ်ချက်နှင့် လုပ်ဆောင် ရမည့် အချက်များကို အရှိန်အဟုန်မပျက် ဆက်လက် လုပ်ဆောင်နိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးနိုင်ရေး တင်ပြအပ်ပါကြောင်း ဖြင့် ပြောကြားသည်။


အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ
အဖွဲ့ဝင်များက ဆွေးနွေးတင်ပြ


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏    တင်ပြချက်များနှင့်စပ်လျဉ်း၍      အမျိုးသား  ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များက  ဆွေးနွေးတင်ပြကြရာ      ဦးစွာ       ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆွေးနွေးပြောကြားရာတွင်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏   တင်ပြချက် ကိုထောက်ခံပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန် မြတ်က    ဆွေးနွေးပြောကြားရာတွင်   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရှင်းလင်းတင်ပြဆွေးနွေး ချက်များသည်       အကြောင်းအခြင်းအရာများအရ သော်လည်းကောင်း၊      ဥပဒေအကြောင်းအရသော်  လည်းကောင်း   ကျိုးကြောင်းညီညွတ်မှုရှိပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံတစ်ဝန်း လုံး   အရေးပေါ်အခြေအနေ   ကြေညာထားသည့် ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးမြှင့်ပေးခြင်း အား ထောက်ခံပါကြောင်းဖြင့် ပြောကြားသည်။


ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆွေးနွေးပြောကြားရာတွင်  အမျိုးသားကာကွယ်ရေးနှင့်      လုံခြုံရေးကောင်စီသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က       ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍   ၆   လ   သက်တမ်းတိုးမြှင့်   ပေးနိုင်ရေး တင်ပြမှုအပေါ် မိမိအနေဖြင့် ထောက်ခံပါကြောင်းကို ဦးစွာပြောကြားလိုပါကြောင်း၊   ပထမအချက်အနေ ဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူ့ လူမှုစီးပွားဘဝ တိုးတက်ခိုင်မာရေးအတွက် ဆက်လက် ဆောင်ရွက်သွားရန် လုံခြုံရေးဆိုင်ရာများကို ဆက် လက် ဆောင်ရွက်ပေးသွားရမည်ဖြစ်ပြီး  တစ်နိုင်ငံလုံး  တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို လည်း        ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊   ဒုတိယအချက်အနေဖြင့်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ အန္တိမ ရည်မှန်းချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင် စွာ   ကျင်းပနိုင်ရေး     အဓိကလိုအပ်ချက်ဖြစ်သည့်  မဲစာရင်းများ   မှန်ကန်မှုရှိစေရေးအတွက်    ပြည်လုံး ကျွတ်   သန်းခေါင်စာရင်းကောက်ယူရေး   ကိစ္စကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရရှိလာသည့် စာရင်း အချက်အလက်များ မှန်ကန်မှသာလျှင် မဲစာရင်းများ မှန်ကန်မည်ဖြစ်သည့်အတွက်       အဆင့်အလိုက်  ဆက်လက်     ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်  အထက်ပါအချက်နှစ်ချက်ကို မဖြစ်မနေ ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံတစ်ဝန်း လုံး    အရေးပေါ်အခြေအနေ    ကြေညာထားသည့် ကာလအား ၆ လ သက်တမ်းတိုးမြှင့်ရန် တင်ပြခြင်း အပေါ် ထောက်ခံပါကြောင်းဖြင့် ဆွေးနွေးသည်။


ထို့နောက်     ကာကွယ်ရေးဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး   ဗိုလ်ချုပ်ကြီး  တင်အောင်စန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ       အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာရေးနှင့်    ဒီမိုကရေစီနှင့်    ဖက်ဒရယ်စနစ်ကို အခြေခံသည့်      ပြည်ထောင်စု    တည်ဆောက်ရေး လုပ်ငန်းစဉ်များကို   အရှိန်အဟုန်ဖြင့်  ဆောင်ရွက် လျက်ရှိသကဲ့သို့  တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု  ရပ်စဲရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့သော်လည်း အချို့သော တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် NCA ကို အခွင့်ကောင်းယူ၍ အင်အားစုစည်း တည်ဆောက် မှုများ    ပြုလုပ်ပြီး    အဖျက်အမှောင့်လုပ်ရပ်များ၊ အကြမ်းဖက်လုပ်ရပ်များကို       လုပ်ဆောင်လျက်ရှိ သည်ကို တွေ့မြင်ရပြီး ထိုသို့ လုပ်ဆောင်လာခြင်းသည် နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးကို   ထိပါးလာခြင်းပင်ဖြစ်ကြောင်း၊  သို့ဖြစ်ပါ၍  ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေး၊ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်း၍ လွတ်လပ် တရားမျှတသော   ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပနိုင်ရေးတို့အတွက် နိုင်ငံတစ်ဝန်းလုံးအရေး ပေါ်    အခြေအနေ    ကြေညာထားသည့်ကာလကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နောက်ထပ် ၆ လ သက်တမ်းတိုးမြှင့်ခြင်းအား ထောက်ခံပါကြောင်းဖြင့် တင်ပြသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး  ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့်က ဆွေးနွေးတင်ပြရာတွင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစ၍ ၂၀၂၃ ခုနှစ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ် များ ဖြစ်ပေါ်ခဲ့မှုများနှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ  ရေးတို့တွင် သာမန်အခြေအနေမဟုတ်သည့်အတွက်   နိုင်ငံတစ်ဝန်းလုံး   အရေးပေါ်အခြေအနေ  ကြေညာ ထားသည့်     ကာလအား      ဆက်လက်သက်တမ်း တိုးမြှင့်ခြင်းအပေါ် ထောက်ခံပါကြောင်း ဆွေးနွေး တင်ပြသည်။


၎င်းနောက်     နိုင်ငံခြားရေးဝန်ကြီးဌာန     ပြည် ထောင်စုဝန်ကြီး ဦးသန်းဆွေက လွန်ခဲ့သည့် ၆ လ  တာကာလအတွင်း       နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏   နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေး  အဘက်ဘက်မှတိုးတက်အောင် ဆောင်ရွက်လျက်ရှိမှု  အခြေအနေများကို နိုင်ငံတကာမှ သိရှိစေရေး ဆောင် ရွက်လျက်ရှိမှုအခြေအနေများ၊ နိုင်ငံတကာဆက်ဆံ ရေး တိုးတက်လာမှု အခြေအနေများနှင့် နိုင်ငံတစ်ဝန်း လုံး    အရေးပေါ်အခြေအနေ     ကြေညာထားသည့်    ကာလအား    ထပ်မံသက်တမ်းတိုးမြှင့်ခြင်းအပေါ် ထောက်ခံပါကြောင်း ဆွေးနွေးပြောကြားသည်။


ထို့နောက်     နယ်စပ်ရေးရာဝန်ကြီးဌာန    ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်က   နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့်   သာမန် မဟုတ်သည့် အခြေအနေများအား အမြန်ဆုံးပြန်လည် တည်ငြိမ်စေရေး ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်ကို‌ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန်အတွက်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၄၂၅  နှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ  ကြေညာထားသည့်ကာလအား    သက်တမ်းထပ်မံ တိုးမြှင့်ခြင်းအပေါ် သဘောတူထောက်ခံပါကြောင်း ဖြင့် ဆွေးနွေးပြောကြားသည်။


တပ်မတော်အနေဖြင့် နိုင်ငံတည်ငြိမ်
အေးချမ်းရေးအတွက်  ဦးစားပေးဆောင်ရွက်လျက်ရှိ


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဖြည့်စွက်ဆွေးနွေးရာတွင် မိမိအနေဖြင့် ၆ လ တာကာလအတွင်း    ဖြစ်ပျက်ခဲ့သည့်    အခြေအနေ များကို ဆွေးနွေးတင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့်   ပြည်သူများမှရွေးချယ်သည့်   ပါတီစုံဒီမို  ကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်း  ဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈  ခုနှစ်) သည် ပြည်သူများ၏ ထောက်ခံဆန္ဒမဲများဖြင့်  အတည်ပြု ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊  သို့သော် ပြင်ဆင်သင့်သည့်အချက်များကို ပြင်ဆင်ရန်အတွက် တပ်မတော်အနေဖြင့် သဘောတူညီပြီးဖြစ်ကြောင်း၊ အချို့ EAO အဖွဲ့များရှိသည့် နေရာများတွင် တည်ငြိမ် အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုများမရှိဘဲ မူးယစ် ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်မှုများကိုလည်း လုပ်ဆောင်လျက်ရှိသည်ကို        တွေ့ရကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေး အတွက်  ဦးစားပေး   ဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ စွမ်းရည် မြှင့်တင်ရေးများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း။


ပြည်သူ့လုံခြုံရေးစနစ်နှင့်ပတ်သက်၍ နိုင်ငံရေး ပါတီအချို့နှင့် တိုင်းရင်းသားအဖွဲ့များက ပြောကြား မှုများရှိကြောင်း၊  EAO  များရှိနေသည့်  နေရာများ  နှင့်တည်ငြိမ်မှုမရှိသည့်နေရာများ၌ ပြည်သူ့ကာကွယ် ရေးဆောင်ရွက်ရန်အတွက်    အမျိုးသားစစ်မှုထမ်း စနစ်ကို   လတ်တလောအခြေအနေအရ   အကောင် အထည်ဖော်ရန်   လိုအပ်မှုများ   ရှိနေသေးကြောင်း၊ ထို့ကြောင့်    ပြည်သူ့လုံခြုံရေးစနစ်ကို    ဦးစားပေး အကောင်အထည်ဖော်        ဆောင်ရွက်နေခြင်းဖြစ်  ကြောင်း၊ ရပ်ကွက်များအလိုက်၊ မြို့ရွာများအလိုက်  အဆင့်ဆင့် လုံခြုံရေးဆိုင်ရာ သတင်းပေးမှုစနစ်များ ကိုဆောင်ရွက်ပြီး ၎င်းမှတစ်ဆင့် ပြည်သူ့ကာကွယ်  ရေးစနစ်ကို    အကောင်အထည်ဖော်   ဆောင်ရွက် ရမည်ဖြစ်ကြောင်း။


နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ မိမိတို့ အနေဖြင့်   အိမ်နီးချင်းနိုင်ငံများ   အပါအဝင်   နိုင်ငံ အားလုံးနှင့် ဆက်ဆံရေးကောင်းမွန်အောင် ဆောင် ရွက်လျက်ရှိကြောင်း၊ မိမိတို့နှင့် ပူးပေါင်းဆောင် ရွက်လိုသည့် နိုင်ငံများအားလုံးနှင့် ပူးပေါင်းဆောင်  ရွက်လျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် အခြေခံဥပဒေ က ချမှတ်ထားသည့် နိုင်ငံခြားရေးမူဝါဒများအတိုင်း ဆက်ဆံဆောင်ရွက်လျက်ရှိကြောင်း။


မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေသည် ပုံမှန် အခြေအနေသို့   ပြန်လည်မရောက်ရှိသေးကြောင်း၊  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ မတိုင်မီအခြေအနေ သို့ ပြန်လည်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ၎င်းပုံမှန်အခြေအနေကို ဆူပူဆန္ဒ ပြမှုများ၊ ၎င်းမှတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက် လမ်းစဉ်ကို  လုပ်ဆောင်ခဲ့သူများက ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း၊   ထို့ကြောင့်     အဆိုပါအခြေအနေသို့ ပြန်လည်ရောက်ရှိရေး လွတ်လပ်ပြီးတရားမျှတသည့်  ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်  ပေးရမည်ဖြစ်ကြောင်း၊  သိက္ခာရှိသည့် ရွေးကောက်ပွဲ နှင့်    သိက္ခာရှိသည့်    လွှတ်တော်အစည်းအဝေး ကျင်းပနိုင်ရေး       ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်အသီးသီးတွင်       ရွေးချယ်ခံလွှတ်တော် ကိုယ်စားလှယ် အရေအတွက်သည် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များထက် ပိုမိုများပြားနေရန် လိုအပ်ကြောင်း၊ သို့မှသာ သိက္ခာရှိသည့်ရွေးကောက်ပွဲ ဖြစ်မည်ဖြစ်ကြောင်း၊ လွှတ်တော်များအတွင်း၌လည်း  အပြန်အလှန်ထိန်းကျောင်းနိုင်ရန် လိုအပ်ပါကြောင်း၊ အဆိုပါအချက်များအား အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဝင်များ    သိရှိအောင်     ရှင်းလင်း ပြောကြားခြင်းဖြစ်ပါကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေး ပြောကြားသည်။


အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို 
နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်


တင်ပြချက်များနှင့်စပ်လျဉ်း၍ ယာယီသမ္မတက  ပြောကြားရာတွင်        အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၏ တင်ပြချက်များအရ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင် ခွင့်ကို ထပ်မံ၍  ၆  လ  သက်တမ်းတိုးမြှင့်ပေးရန် လိုအပ်သည်ကို   တွေ့မြင်ရကြောင်း၊   လက်ရှိနိုင်ငံ တော်တွင်     ဖြစ်ပေါ်နေသည့်    အခြေအနေများအရ  အကြမ်းဖက်မှုတိုက်ဖျက်ရေး          လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့်  အခြေအနေဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်ခွင့်  ကို ထပ်မံ၍ ၆ လ သက်တမ်းတိုးမြှင့်ပေးရန် မဖြစ်မနေ လိုအပ်မည်ဖြစ်ပြီး တိုးမြှင့်ရန် သဘောတူပါကြောင်း၊ မိမိအနေဖြင့်လည်း တင်ပြချက်များသည် မှန်ကန် နေသည် ဖြစ်သည့်အတွက် ထိုသို့တာဝန်ထမ်းဆောင် မှုကို       ထပ်မံသက်တမ်း      တိုးမြှင့်ပေးမှသာလျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရှင်းလင်းတင်ပြ မှုတွင် ပါဝင်သည့် တိုင်းပြည်၏ အနာဂတ်ကောင်းကို အောင်အောင်မြင်မြင်ဖြင့် ဆက်လက်ဖန်တီးပုံဖော် နိုင်မည်ဟု ထင်မြင်မိပါကြောင်း၊ ယခုထပ်မံတိုးမြှင့် လိုက်သည့် ၆ လတာကာလသက်တမ်း ဆောင်ရွက် နိုင်သည်မှန်သမျှကို ကြိုးပမ်းဆောင်ရွက်ပြီး ရရှိလာ သည့်ရလဒ်များအပေါ် မူတည်၍ လိုအပ်ပါက ထပ်မံ သက်တမ်းတိုးမြှင့်ပေးရမည့်    အနေအထားပင်ဖြစ် ကြောင်း၊ ယနေ့အစည်းအဝေးကို တက်ရောက်လာကြ သည့်    မိမိအပါအဝင်   အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များအားလုံး၏ သဘောတူ ဆွေးနွေးဆုံးဖြတ်ချက်များအရ “နိုင်ငံတစ်ဝန်းလုံး  အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်း” ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၄)  ကို   ရုပ်သိမ်းလိုက်ကြောင်း    သတင်း ရရှိသည်။


သတင်းစဉ်