ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂) ကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၃၁


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၁/၂၀၂၂)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။


တက်ရောက်


အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူအနေဖြင့် ကျန်းမာရေးအခြေအနေ အရ အစည်းအဝေးမတက်ရောက်နိုင်ကြောင်း ခွင့်ပန်ကြားခဲ့သည်။


ဦးစွာ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အကျိုးအကြောင်းဖော်ပြလျက် အရေးပေါ်အခြေအနေ   ကြေညာထားသည့်ကာလအား  သက်တမ်း တိုးမြှင့်ပေးပါရန်ကိစ္စနှင့်စပ်လျဉ်း၍ ပြောကြားသည်။



ထိုသို့ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ (၁)နှစ်ပြည့် တာဝန်ထမ်းဆောင်ခဲ့မှု အခြေအနေ၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း ၍ တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်းခဲ့ရ သည့် အခြေအနေများနှင့်ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှင့်   ပတ်သက်၍   “လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး”အတွက် ရွေးကောက်ပွဲမကျင်းပမီနှင့် ကျင်းပအပြီး နိုင်ငံတော် အဆင့်အခမ်းအနားများ၊   နိုင်ငံရေးပါတီများနှင့် တွေ့ဆုံခြင်း၊ သံတမန်များ၊ နိုင်ငံတကာကိုယ်စားလှယ် များနှင့် တွေ့ဆုံခြင်း၊ သတင်းမီဒီယာများနှင့်တွေ့ဆုံ ခြင်း၊ တပ်မိသားစုများနှင့် တွေ့ဆုံခြင်းစသည့် အခမ်း အနား ၂၄ ကြိမ်၌ ထုတ်ဖော်ပြောကြားခဲ့ပြီး တရားဝင် သတင်းထုတ်ပြန်ခဲ့ပါကြောင်း၊ အခြေခံဥပဒေပုဒ်မ ၆(စ) အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍ၊ ပုဒ်မ ၂၀(င) ဒို့တာဝန်အရေးသုံးပါးကာကွယ်ရန်၊ ပုဒ်မ ၂၀(စ) အခြေခံဥပဒေကာကွယ်ရန် မူများအရ ပြောသင့် သည်များကို ကြိုတင်သတိပေးခြင်းဖြစ်ပါကြောင်း။


မဲပေးသူဦးရေ၏ ၄ ပုံ ၁ ပုံခန့်


၂၀၂၀   ပြည့်နှစ် နိုဝင်ဘာ  ၈  ရက် ရွေးကောက်ပွဲ မဲပေးခဲ့ကြရာ၌ တပ်မတော်က စိစစ်တွေ့ရှိရသော မဲမသမာမှု ၁၀၄၈၂၁၁၆ (၁၀ သန်းကျော်၊ မဲပေးသူ ဦးရေ၏ ၄ ပုံ ၁ ပုံခန့်)ရှိကြောင်း၊ မဲမသမာမှုများသည် စစ်မှန်စည်းကမ်းပြည့်ဝသော      ပါတီစုံဒီမိုကရေစီ စနစ်ကို ဆိုးရွားစွာထိခိုက်စေနိုင်သဖြင့် တပ်မတော် နှင့်  နိုင်ငံရေးပါတီများက   UEC  အဆင့်၊ ၎င်းမှ ပြည်ထောင်စုလွှတ်တော်အဆင့်၊ ၎င်းမှ အစိုးရအဆင့်    ဖြေရှင်းပေးရန်    ဥပဒေနှင့်အညီ   တောင်းဆိုခဲ့ပါ ကြောင်း၊   တပ်မတော်ကအရာရှိကြီး  ၂  ဦးအား စေလွှတ်၍  အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံပြီး “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ” အစည်းအဝေး      ခေါ်ယူဆောင်ရွက် ဖြေရှင်းရန် ၂ ကြိမ်တိုင် တင်ပြပြောဆိုခဲ့ပါကြောင်း၊ နောက်ဆုံးအစိုးရနှင့် NLD ပါတီမှ တာဝန်အရှိဆုံး ပုဂ္ဂိုလ်များထံ    ကိုယ်စားလှယ်များ  အပြန်အလှန် စေလွှတ်၍ တွေ့ဆုံညှိနှိုင်းအဖြေရှာရေး ဖြစ်နိုင်သမျှ နည်းလမ်းစုံဆောင်ရွက်ခဲ့သော်လည်း ငြင်းပယ်ခြင်း ခံရပါကြောင်း၊ မဲမသမာမှုများကို ရင်ဆိုင်မဖြေရှင်း ရဲဘဲ    ၂၀၂၁   ခုနှစ်  ဖေဖော်ဝါရီ   ၁   ရက်တွင် ပြည်ထောင်စုလွှတ်တော်အား  ခေါ်ယူရန်   မတရား ကြိုးပမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မ နည်းဖြင့် ရယူရန်ဆောင်ရွက်နေခြင်းမှာ နိုင်ငံတော်၏ ဒီမိုကရေစီလျှောက်လှမ်းမှု၌ ကြီးမားသော အခက် အခဲများ ဖြစ်ပေါ်လာစေမည်ဖြစ်၍ ဥပဒေနှင့်အညီ ဖြေရှင်းရန် လိုအပ်သဖြင့် ပုဒ်မ ၄၁၇၊ ၄၁၈ နှင့် ၄၁၉ တို့အရ နိုင်ငံတော်အား နိုင်ငံရေးအရ အရေးပေါ်အခြေ အနေကြေညာ၍ နိုင်ငံတော်တာဝန်ကို ထိန်းသိမ်းခဲ့ ရပါကြောင်း။


မြန်မာနိုင်ငံတွင်   ရွေးကောက်ပွဲကို  ၅  နှစ် တစ်ကြိမ်ပြုလုပ်ပြီး ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအား တစ်ပြိုင်တည်း ရွေးချယ်သည့် အထွေထွေရွေးကောက်ပွဲ            ဖြစ်ပါကြောင်း၊ ၎င်းလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်ထောင်စု လွှတ်တော်ကျင်းပပြီး နိုင်ငံတော် ဒုတိယသမ္မတများ၊ ၎င်းတို့ထဲမှ နိုင်ငံတော်သမ္မတအား ရွေးချယ်ရပါ ကြောင်း၊ သမ္မတကအစိုးရအဖွဲ့ကို ရွေးချယ်ဖွဲ့စည်းပါ ကြောင်း၊ တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ခန့်အပ်ခြင်း၊ အတည်ပြုခြင်းများ ပြုလုပ်ပါကြောင်း၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်နှင့် တရား စီရင်ရေးမဏ္ဍိုင် စသည့်မဏ္ဍိုင်ကြီး သုံးရပ်၏ အကြီး အကဲများ၊   ပါဝင်ကြသူများသည် ရွေးကောက်ပွဲမှ တစ်ဆင့် တိုက်ရိုက်/သွယ်ဝိုက် ရွေးချယ်/တာဝန် ပေးခံရသူများဖြစ်သည့်အတွက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီ စနစ်၊ နိုင်ငံရေးစနစ်၏ အုတ်မြစ်ပင်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် အရေးကြီးသော ရွေးကောက်ပွဲ ဖြစ်ပါကြောင်း။


မျှတစွာဖွဲ့စည်းခဲ့


နိုင်ငံတော်တာဝန်ကို    ထိန်းသိမ်းပြီးနောက် လုပ်ဆောင်ခဲ့မှုများနှင့်ပတ်သက်၍   အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်တည်ဆောက်မှု လုပ်ငန်းစဉ်များ၌       ပါဝင်ဆောင်ရွက်နိုင်ရေး နေပြည်တော်      စည်ပင်ရိပ်သာတွင်ရှိနေသည့် စောင့်ကြည့်ခံ လွှတ်တော်အမတ်များကို လက်ရှိနိုင်ငံ့ ဖြစ်စဉ်အပေါ် ဥပဒေနှင့်အညီ   ဖြေရှင်းနိုင်စေရန် ရှင်းလင်းပြောပြပြီးနောက်  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂  ရက်မှ  ၄  ရက်အထိ   နေရပ်ဒေသအသီးသီးသို့ ပြန်လည်စေလွှတ်ပေးခဲ့ပါကြောင်း၊    ဒီမိုကရေစီ အနှစ်သာရ မထိခိုက်စေရန် ဖေဖော်ဝါရီ  ၂ ရက်တွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား တပ်မတော် သားများ၊     တိုင်းရင်းသားခေါင်းဆောင်များနှင့် သင့်တော်သည့်      ပါတီခေါင်းဆောင်များဖြင့် မျှတစွာဖွဲ့စည်းခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်မှသည် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးအဖွဲ့ အဆင့်ဆင့် ဖွဲ့စည်းရာတွင်လည်း အရပ်ဘက်ပုဂ္ဂိုလ် များကိုသာ ဦးစီးလုပ်ဆောင်စေခဲ့ပါကြောင်း၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ညှိနှိုင်းရေးကော်မတီ ကော်မတီ သုံးရပ် ဖွဲ့စည်းခဲ့ပြီး မတ် ၃  ရက်တွင် မူဝါဒ(၅)ခု ချမှတ်ခဲ့ပါကြောင်း၊ ညှိနှိုင်းရေးကော်မတီသည်   ယနေ့အထိ   NCA လက်မှတ်ရေးထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ၁၆ ကြိမ်၊ NCA လက်မှတ်ရေးထိုး ထားခြင်းမပြုသေးသည့် EAO များနှင့် ၉ ကြိမ်၊ နိုင်ငံရေးပါတီများနှင့် ၇ ကြိမ်၊ ဘာသာရေးခေါင်းဆောင် များ၊ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့များနှင့် ၂ ကြိမ်၊ စုစုပေါင်း ၃၄ ကြိမ် တွေ့ဆုံခဲ့ပါကြောင်း။


»» စာမျက်နှာ ၃ မှ
၂၀၂၂  ခုနှစ် နှစ်ဆန်းပိုင်းတွင် ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် တွေ့ဆုံအပြီး နှစ်နိုင်ငံသဘောတူ ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ပြီး ယခုနှစ်ကုန်ပိုင်းအထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဒေသခရီးစဉ်  ၁၇  ခု  သွားရောက်၍ ဆောင်ရွက်သင့်သည်များကို    ဆွေးနွေးအကြံပြု မှာကြားခဲ့ပြီး လိုအပ်ချက်များ    ဖြည့်ဆည်းပေါင်းစပ် ညှိနှိုင်းပေးခဲ့ပါကြောင်း၊ ရေရှည်အနာဂတ်အတွက် အစီအမံများ လမ်းညွှန်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအဖွဲ့၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ လက်တွဲ လုပ်ဆောင်နေသည့် တိုင်းရင်းသားကောင်စီအဖွဲ့ဝင် များကလည်း   ဒေသအကျိုးဆောင်ရွက်ပေးရန် သက်ဆိုင်ရာဒေသအလိုက် ခရီးစဉ် ၂၉  ခု သွားရောက် ၍ ဒေသ၏လိုအပ်ချက်များကို ဆောင်ရွက်ပေးခဲ့ပါ ကြောင်း ပြောကြားသည်။ 
အရှိန်အဟုန်မပြတ်လုပ်ဆောင်ရန်လို
ဆက်လက်၍  ဦးစားပေးလုပ်ဆောင်မည့်အချက် များနှင့်  ပတ်သက်၍  ပြောကြားရာတွင် “မြန်မာနိုင်ငံ သည် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ(Least Development Country)ဖြစ်ပါတယ်။ နိုင်ငံ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ခန့်ဟာ ကျေးလက်နေသူများဖြစ်ပြီး ၃၀ ဒသမ ၄ ရာခိုင်နှုန်းခန့်ဟာ   ဆင်းရဲသူများဖြစ်တဲ့အတွက်   နိုင်ငံရဲ့  ဖြေရှင်းရန်ရှိသည်များ ဖြေရှင်းဆောင်ရွက် ရေး၊ နိုင်ငံ့စီးပွားတိုးတက်ရေးလုပ်ငန်းများ  အရှိန် အဟုန်မပြတ် လုပ်ဆောင်ရန်လိုပါတယ်။ တုံ့ဆိုင်း နေပါက မိမိတို့နိုင်ငံသာ အခြားနိုင်ငံများရဲ့ နောက်မှာ   ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။  ဒါကြောင့်  အမျိုးသား နိုင်ငံရေးလုပ်ငန်းစဉ် နှစ်ခု တိုင်းပြည်သာယာဝပြော ရေးနှင့် စားရေရိက္ခာဖူလုံရေး၊  နိုင်ငံရေးလုပ်ငန်းစဉ် နှစ်ခု စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ် ခိုင်မာစေရေးနဲ့   ဒီမိုကရေစီနဲ့  ဖက်ဒရယ်စနစ်ကို အခြေခံတဲ့     ပြည်ထောင်စုတည်ဆောက်ခြင်း၊ ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲ ရေးလုပ်ငန်းစဉ်၊  ၂၀၂၂  ခုနှစ်ဟာ အရေးပါတဲ့နှစ် ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတုပြည်ထောင်စုနေ့ဖြစ်ပြီး   ၂၀၂၃  ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေဖို့၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီး အပွင့်များနဲ့ ပြည့်စုံဖို့အရေးကြီးပါတယ်။ ဒါကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစရ ပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ရဲ့ စတုတ္ထအချက်ထဲမှာလည်း     ဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူအဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်ပါတယ်လို့ ကျွန်တော် ပြောကြားခဲ့ပါတယ်။   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရအနေနဲ့    ငြိမ်းချမ်းရေးအတွက် အစဉ်အမြဲအသင့်ရှိနေကြောင်း   ပြသခြင်းလည်း  ဖြစ်ပါတယ်”ဟု ပြောကြားသည်။ 


လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်  စပ်လျဉ်း၍ တပ်မတော်က နိုင်ငံတော်တာဝန်ရယူမထိန်းသိမ်းမီ အခြေအနေနှင့်ပတ်သက်ပြီး မဲမသမာမှုများ၊  UEC ၏ ဖြေရှင်းမပေးမှုများကြောင့် UEC အား ကန့်ကွက် ဆန္ဒပြမှုများ၊ ပါတီများက ဖြေရှင်းပေးရန်တောင်းဆိုမှု များကြောင့်   နိုင်ငံရေးအရ   တည်ငြိမ်မှုမရှိသည့် အခြေအနေဖြစ်ကြောင်း၊  အခြေခံဥပဒေနှင့်အညီ မဲမသမာမှုများကို  ဖြေရှင်းနိုင်ရေးနှင့် ဒုတိယအကြိမ် လွှတ်တော်၌    မပြီးပြတ်သေးသည့်ကိစ္စရပ်များ ဆွေးနွေးနိုင်ရေး ထိုစဉ်က လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးက အခြေခံဥပဒေပုဒ်မ ၈၄ အရ ဥပဒေနှင့်အညီ တောင်းဆိုမှုကို ငြင်းပယ်ခဲ့သဖြင့် ဥပဒေပြုရေးမဏ္ဍိုင် ယိမ်းယိုင်၍ အငြင်းပွားမှုများမှတစ်ဆင့် တည်ငြိမ်မှု ပျက်ပြားနေပါကြောင်း၊  ယေဘုယျအားဖြင့် EAO နယ်မြေများတွင် ထိတွေ့မှုများ ပုံမှန်ရှိခဲ့သော်လည်း ရခိုင်ပြည်နယ်၌ AA လက်နက်ကိုင်အဖွဲ့နှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွားမှုများ ပိုမိုပြင်းထန်ခဲ့ပါကြောင်း။


တပ်မတော်က နိုင်ငံတော်တာဝန် ရယူထိန်းသိမ်း ပြီးနောက် အခြေအနေနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းစွာဆန္ဒပြဖော်ထုတ်မှုမှသည် လက်နက်ကိုင်သောင်းကျန်း မှုအသွင်ထိ  ပြောင်းလဲလာခြင်းနှင့်   ပတ်သက်ပြီး  လွှတ်တော်ကိုယ်စားလှယ်အဖြစ်    ရပ်တည်ခွင့် မရှိသူများက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၅  ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု   ကော်မတီ (CRPH)အမည်ဖြင့်    တရားမဝင်ကော်မတီတစ်ခု ဖွဲ့စည်းခဲ့ပြီး လူစုလူဝေးဖြင့် ဆန္ဒပြမှု(Riot)အသွင် ဆူပူအကြမ်းဖက်ဆန္ဒပြမှု  (Anarchy Mob)  ကို ဆောင်ရွက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အနိမ့်ဆုံး အဆင့် အနည်းဆုံးအင်အားဖြင့် ဆောင်ရွက်ခဲ့ရပါ ကြောင်း၊ ဖေဖော်ဝါရီလကုန်ပိုင်းခန့်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များအပေါ် ရရာလက်နက်ဖြင့် အသက် အန္တရာယ်ရှိအောင်  အကြမ်းဖက်တိုက်ခိုက်သည့် (Insurrection)လုပ်ရပ်များ ဆောင်ရွက်လာကြောင်း၊ မတ် ၂၇ ရက်အား  CRPH  အမည်ခံ အကြမ်းဖက် အဖွဲ့က ပြည်သူ့တော်လှန်ရေးနေ့ဟု အမည်တပ်ကာ တစ်နိုင်ငံလုံးအကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ် စေရန် လှုံ့ဆော်လာပါကြောင်း၊ ပြည်သူပိုင်အဆောက် အဦများ၊ စက်ရုံ/ အလုပ်ရုံများ၊ အုပ်ချုပ်ရေးရုံးများကို တိုက်ခိုက်ခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ဆေးရုံများ၊ ကျောင်းများ၊     မော်တော်ယာဉ်လိုင်းများကိုပါ တိုက်ခိုက်လာခဲ့ပြီး  အလုံးစုံပျက်သုဉ်းရေးအတွက် အကြမ်းဖက်တိုက်ခိုက်ခြင်း(Terrorism) ပြုလုပ်လာ သဖြင့် ၂၀၂၁ ခုနှစ် မတ် ၁၅ ရက်တွင် ရန်ကုန်တိုင်း ဒေသကြီး မြို့နယ်  ခြောက်မြို့နယ်၌ စစ်အုပ်ချုပ်ရေး (Martial Law)ထုတ်ပြန်ခဲ့ရပါကြောင်း၊ ဥပဒေနှင့်မညီ သော CRPH အကြမ်းဖက်အဖွဲ့က NUG အမည်ခံ စင်ပြိုင်အစိုးရဖွဲ့စည်းပြီး အကြမ်းဖက်တိုက်ခိုက်မှု များကို အားပေးထောက်ပံ့ခြင်း၊ ဦးဆောင်မှုပြုခြင်း များ ဆောင်ရွက်လာပါကြောင်း။


စစ်သင်တန်းများတက်ရောက်စေခဲ့


လူငယ်များအား NLD ပါတီအစွန်းရောက်များနှင့် ၎င်းပါတီကို ထောက်ခံအားပေးအစွန်းရောက်သူများ က အသုံးချပြီး EAO နယ်မြေများဖြစ်သည့် KNU ၊ KIA ၊ KNPP စသည့်နယ်မြေတို့တွင် စစ်သင်တန်းများ တက်ရောက်စေခဲ့သည့်အပြင် CDM ပြုလုပ်ခဲ့သည့် အဖွဲ့များကို အကြမ်းဖက်လုပ်ရပ်များတွင် လုပ်ဆောင် တတ်စေရန် သင်တန်းပေးခြင်းနှင့် လက်နက်/ ခဲယမ်း များ ထောက်ပံ့ခြင်းတို့အပြင် အကြမ်းဖက်လုပ်ရပ် များတွင်ပါ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ အဆိုပါလုပ်ရပ်များကြောင့် PDF အမည်ခံ အကြမ်းဖက် အဖွဲ့အစည်းများ ပေါ်ပေါက်လာခဲ့ပါကြောင်း၊ CRPH ၊ NUG ၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အစည်းများ သည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်လုပ်ငန်းများ ကို ပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက်  စက်တင်ဘာ ၇ ရက်တွင်  အကြမ်းဖက်လုပ်ငန်းများ  အရှိန်မြှင့် ဆောင်ရွက်ရန်ကြေညာခဲ့ရာ ချင်းပြည်နယ် ထန်တလန် နှင့် မင်းတပ်မြို့၊  မကွေးတိုင်းဒေသကြီး   ကင်းမ ကျေးရွာ၊ စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ် ရွာသာယာကျေးရွာနှင့်  စစ်ကိုင်းတိုင်းဒေသကြီး နေရာအချို့၊ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ရှမ်းပြည်နယ် ဖယ်ခုံ၊ မိုးဗြဲ  စသည့်ဖြစ်စဉ်တို့တွင် စစ်ရာဇဝတ်မှု(War Crime)  ကျူးလွန်သည်အထိ အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။


ထို့ကြောင့် ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို ၂၀၂၁ ခုနှစ် မေ ၁၃ ရက်တွင် စစ်အုပ်ချုပ်ရေး(Martial Law)ထုတ်ပြန်၍ အကြမ်းဖက်မှုများကို ဖြေရှင်း ဆောင်ရွက်ခဲ့ရပါကြောင်း၊  အကြမ်းဖက်သမားတို့၏   လုပ်ဆောင်မှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၀ ရက်အထိ တစ်နိုင်ငံလုံး အနေဖြင့် ပျက်စီးဆုံးရှုံးမှု စက်ရုံ/အလုပ်ရုံ ၂၅ ခု၊ နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများ ၃၄၁ ခု၊ ဌာနဆိုင်ရာရုံးများ ၇၀၂ ခု၊ နိုင်ငံပိုင်/ပုဂ္ဂလိကဘဏ် များ ဖျက်ဆီးခံရမှု ၇၄ ခု၊ လမ်း/တံတားများ ဖျက်ဆီး ခံရမှု ၅၂၄ ခု၊ ဈေးများဖျက်ဆီးခံရမှု ၁၇ ခု၊ ဆေးရုံ/ဆေးခန်းများ ဖျက်ဆီးခံရမှု ၂၇ ခု၊ စာသင်ကျောင်းနှင့် ပညာရေး အဆောက်အဦများ ပျက်စီးမှု ၅၀၄ ခု၊ တယ်လီဖုန်းတာဝါတိုင်များ  ပျက်စီးမှု   ၄၆၅  ခု၊ လူနေအိမ်များ ပျက်စီးမှု ၄၁၇ လုံးတို့ ဖျက်ဆီးခံခဲ့ရမှု ရှိခဲ့ပါကြောင်း၊ သေဆုံး/ဒဏ်ရာရမှုများအနေဖြင့် ရဟန်း/သံဃာ အပါး ၂၀၊ အစိုးရဝန်ထမ်း ၉၅ ဦးနှင့် ဒဏ်ရာရရှိမှု ၁၅၃ ဦး၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ များ သေဆုံးမှု ၃၆၇ ဦးနှင့် ဒဏ်ရာရရှိမှု ၃၃၆ ဦးထိရှိခဲ့ ပါကြောင်း၊ တစ်နှစ်တာကာလပတ်လုံး အကြမ်းဖက် မှု ၉၄၃၇ ကြိမ် ဖြစ်ပေါ်ခဲ့၍ လက်နက်မျိုးစုံ ၅၆၀၆ လက်၊ ခဲယမ်းမျိုးစုံ ၁၆၁၅၅၆ တောင့်၊ လက်ပစ်ဗုံး ၁၈၉၀ နှင့် လက်လုပ်မိုင်း/ဗုံး ၁၁၄၂၄ လုံး သိမ်းဆည်း ရမိခဲ့ပြီး အကြမ်းဖက်သူ ၄၃၃၈ ဦးအား ဖမ်းဆီးရမိခဲ့ ပါကြောင်း။


စီးပွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တပ်မတော်က နိုင်ငံတော်တာဝန်ရယူထိန်းသိမ်းပြီး နောက် အခြေအနေများ၊ နိုင်ငံတကာ၏ ဝိုင်းဝန်း ပိတ်ဆို့မှုများနှင့်ပတ်သက်၍ ပြည်တွင်းစီးပွားရေး အခြေအနေနှင့် ပြည်ပသွေးထိုးလှုံ့ဆော်မှုများအရ ဘဏ်လုပ်ငန်းများကို ယုံကြည်မှုကျဆင်းပြီး ပုံမှန် မလည်ပတ်နိုင်သည့်အတွက်   ဘဏ်လုပ်ငန်းတွင် ငွေသားလည်ပတ်စီးဆင်းမှု ခက်ခဲခဲ့ကြောင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုကျဆင်းစေရေးအတွက် သက်ဆိုင်ရာ   နိုင်ငံခြားအဆက်အသွယ်များကို တိုက်ရိုက်/ သွယ်ဝိုက် ဖိအားပေးမှုများ ဆောင်ရွက် ခဲ့ပါကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ကမ္ဘာ တစ်ဝန်းဖြစ်ပွားနေသော   ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် သယ်ယူပို့ဆောင်ရေးနှင့် သွင်းကုန် (လောင်စာ ဆီနှင့် ကုန်ကြမ်း) ဈေးနှုန်းမြင့်တက်ခြင်း၊ ဈေးကွက် တွင် ဝယ်လိုအားကျဆင်းခြင်းများ ဖြစ်ခဲ့ပါကြောင်း။


ဘဏ်ကိစ္စရပ်များနှင့်ပတ်သက်၍ ၂၀၂၁ ခုနှစ် နိုင်ငံတော်တာဝန်ထိန်းသိမ်းပြီးနောက်ပိုင်း ပုဂ္ဂလိက ဘဏ်ကဏ္ဍ၌လည်း CDM ဆောင်ရွက်မှုများ၊  Online ငွေပေးချေမှုနှင့် ဘဏ်စနစ်များအား တွင်ကျယ်စွာ အသုံးပြုနေကြသော်လည်း    ပြည်ပနိုင်ငံများ၏ ဘဏ်များဆီမှ ငွေများအစုလိုက်၊ အပြုံလိုက် ပြန်လည် ထုတ်ယူရေး၊ ဘဏ်စနစ်နှင့် လုပ်ငန်းများ ပြိုပျက် စေရေးနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ် ဖြစ်စေရေးတို့အတွက်     သွေးထိုးလှုံ့ဆော်ခဲ့ကြပါ ကြောင်း၊     နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေး အတွက် ဈေးကွက်အတွင်းလိုအပ်သည့် နိုင်ငံခြားငွေ ဖြည့်တင်းရန်နှင့်   စက်သုံးဆီ၊  စားသုံးဆီ၊ ကိုဗစ် ဆေးဝါး၊ လျှပ်စစ်နှင့် Telecom Sector များအတွက် သွင်းကုန်လုပ်ငန်းရှင်များသို့  အမေရိကန်ဒေါ်လာ လိုအပ်ချက်အတွက် အထူးနိုင်ငံခြားငွေ ဈေးပြိုင် လေလံမှတစ်ဆင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁  ရက်အထိ USD ၅၀၈ ဒသမ ၈ သန်းအား ရောင်းချပေးခဲ့ပါကြောင်း။


ပြည်ပကြွေးမြီ ၅၂၄၈၈ ကျပ်ဘီလီယံ


ကုန်သွယ်မှုများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်   ယာယီ စာရင်းများအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မြန်မာနိုင်ငံ ၏ ပြည်ပကုန်သွယ်မှုစာရင်းအရ ပို့ကုန် ဒေါ်လာ ၁၅ ဒသမ ၃၆ ဘီလီယံ၊ သွင်းကုန် ဒေါ်လာ ၁၄ ဒသမ ၆၉ ဘီလီယံ၊ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၀ ဒသမ ၀၅ ဘီလီယံဖြစ်ပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၆၇၇ သန်းကျော် ရှိခဲ့ပါကြောင်း၊ ပြည်တွင်း၊ ပြည်ပကြွေးမြီ အနေဖြင့်  ဒီမိုကရေစီပထမအစိုးရ သက်တမ်းကာလ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်တွင်း၊ ပြည်ပ ကြွေးမြီစုစုပေါင်း ၁၆၂၇၃ ကျပ်ဘီလီယံ၊ ၂၀၂၀-၂၀၂၁ (၆ လ) ဘဏ္ဍာနှစ်တွင်  ပြည်တွင်း ပြည်ပ ကြွေးမြီ ၅၂၄၈၈ ကျပ်ဘီလီယံအထိ များပြားလာ သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်တွင်း ပြည်ပ ကြွေးမြီများ သည် တစ်နှစ်ထက်တစ်နှစ်   တိုးမြင့်လာသည်ကို တွေ့ရှိရပါကြောင်း၊ ရေရှည်တွင် ကြွေးမြီ ခံနိုင်ရည်ရှိမှု ကို သုံးသပ်တွက်ချက်ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ သွင်းကုန်များလျှော့ချနိုင်ရေးနှင့် ပြည်တွင်းအလုပ်အကိုင်များ ဖန်တီးနိုင်ရန်အတွက်  ပြည်တွင်းဖြစ်ကိုအားပေးမှု၊   ပြည်တွင်း ကုန်ထုတ် လုပ်မှုကို  အားပေးမှုများ  အထူးလိုအပ်ပါကြောင်း။ 


ဥပမာအနေဖြင့် နိုင်ငံတွင်း၌ ဘိလပ်မြေစက်ရုံ များ အလုံအလောက်ရှိသော်လည်း ၂၀၂၁ ခုနှစ်တွင် ဘိလပ်မြေတင်သွင်းမှု ၉၅၆၈၂၅ တန် တင်သွင်းခဲ့ပြီး တန်ဖိုး ဒေါ်လာ ၇၃ ဒသမ ၆၁၀ သန်းရှိကြောင်း တွေ့ရပါကြောင်း၊  သံနှင့်  သံမဏိ  တင်သွင်းမှုအနေဖြင့် စုစုပေါင်း ဒေါ်လာသန်း ၈၅၉ ဒသမ ၄၆ တန်ဖိုး တင်သွင်းခဲ့ပါကြောင်း၊ နိုင်ငံတွင်း၌ ဘိလပ်မြေနှင့် သံမဏိထုတ်လုပ်နိုင်သည့် ထုံးကျောက်၊ သံရိုင်း၊ ကျောက်မီးသွေး၊ ဒိုလိုမိုက်စသည့် ကုန်ကြမ်းများ လုံလောက်စွာရှိသော်လည်း သံနှင့် သံမဏိစက်ရုံများ တည်ဆောက်ရန်အားပေးမှု၊ သံနှင့် သံမဏိစက်ရုံများ လည်ပတ်ရန် ကြိုးစားအားထုတ်မှုမရှိခဲ့သည့်အတွက် ပြည်ပမှမှာယူတင်သွင်းခဲ့ရပါကြောင်း၊ ပြည်တွင်း၌ လည်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရပါကြောင်း၊ မိမိတို့ နိုင်ငံသားများ ပြည်ပနိုင်ငံများသို့ ထွက်ခွာ အလုပ် လုပ်ကိုင်ခဲ့ရပါကြောင်း၊ ပြည်ပနိုင်ငံများတွင် အလုပ် လုပ်ကိုင်နေရသည့် မိမိနိုင်ငံသားများသည် ပြည်ပ နိုင်ငံများ၏ ဥပဒေနှင့် စည်းကမ်းများအတိုင်း နေထိုင် ကြရပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ယခင်က ရပ်ဆိုင်းထားသည့် သံနှင့် သံမဏိစက်ရုံများကို ပြန်လည်လည်ပတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊  အနိမ့်ဆုံးအဆင့် အဆောက်အဦ  ဆောက်လုပ်ရေးတွင် အသုံးပြုသည့် သံချောင်း၊  သံလုံးများကို  ဒေသအနှံ့အပြားတွင် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

                         

၂၀၂၁ ခုနှစ်တွင် စားအုန်းဆီအပါအဝင် ဆီတင်သွင်း မှုမှာ  ၈၅၈၆၈၅ ဒသမ ၂၇၁ တန်(တန်ချိန် ၈ ဒသမ ၅ သိန်းကျော်ခန့်) ဒေါ်လာ ၈၆၆ ဒသမ  ၇၁၁ သန်း တန်ဖိုး ဖြစ်ပါကြောင်း၊  ပြည်တွင်း  စားသုံးဆီဖူလုံရေး၊   ပြည်ပမှ တင်သွင်းမှုလျှော့ချနိုင်ရေး   ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ခန့်မှန်းလူဦးရေ ၅၅ သန်းခန့်ရှိပါကြောင်း၊ ကျန်းမာရေးအရ  လူတစ်ဦး တစ်ရက်တွင် အနည်းဆုံး စားသုံးသင့်သည့် ဆီ ၂ ဒသမ ၂ ကျပ်သားဖြစ်ပြီး တစ်နှစ်တာ  စားသုံးသည့်ဆီမှာ ၈ ပိဿာနှင့်တွက်လျှင် တစ်နှစ်တွင် စားသုံးသင့်သည့် စားသုံးဆီသည် တန်ချိန် ၇ သိန်းကျော် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၌ ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ၊  ပဲပုပ်၊  ပန်းနှမ်းနှင့်  ဆီအုန်းများမှ  ဆီ ထုတ်လုပ်နိုင်သဖြင့် မိမိတို့ပြည်သူ၊ ပြည်သားများ သည် လူတစ်ဦးတစ်ရက်တွင်  အနည်းဆုံးစားသင့် သည့် စားသုံးဆီထက် ပိုမိုစားသုံးနေကြောင်း တွေ့ရှိရ ပါကြောင်း၊ စားသုံးဆီအလွန်အကျွံ စားသုံးမှုကြောင့် တစ်ဦးချင်းကုန်ကျမှုများ၊  ၎င်းမှ  နိုင်ငံအဆင့် ကုန်ကျမှုများ   များပြားလာမည်ဖြစ်သည့်အပြင် တစ်ဦးချင်း၏ ကျန်းမာရေး၊ နိုင်ငံအဆင့်  အမျိုးသား ကျန်းမာရေးကိုပါ   ထိခိုက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူလူထု၏ တစ်ဦးချင်းကျန်းမာရေး၊ တစ်ဦးချင်းဝင်ငွေ တိုးတက်ရေးကိုရှေးရှု၍ ကျန်းမာ ရေးနှင့် ညီညွတ်သည့်  စားသုံးဆီပမာဏကိုသာ သုံးစွဲနိုင်ရေး အသိပညာပေးမှုများ၊ စားသောက်မှုပုံစံ ပြောင်းလဲနိုင်ရေးဆောင်ရွက်ချက်များကို လုပ်ဆောင် လျက်ရှိပါကြောင်း။


စက်သုံးဆီတင်သွင်းခဲ့မှု 
တန်ချိန် ၄ ဒသမ ၁၂ သန်းကျော်


အလားတူ မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တစ် သန်းကျော်နှင့် ဆိုင်ကယ် ခြောက်သန်းကျော်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင်   စက်သုံးဆီ   တင်သွင်းခဲ့မှုသည် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် တန်ဖိုးအမေရိကန် ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်းရှိခဲ့ပါကြောင်း၊ ထိုသို့ ဖြစ်ရခြင်းသည် မြန်မာနိုင်ငံတွင်  အများသုံးသယ်ယူ ပို့ဆောင်ရေးစနစ်(Public Transportation) အားနည်း ခြင်းကြောင့် ကိုယ်ပိုင်ယာဉ်များကို  အားထားလာခြင်း ဖြစ်ပါကြောင်း၊  အများသုံး  သယ်ယူပို့ဆောင်ရေးစနစ် ဖြစ်သည့်  ရထား၊ ဘတ်စ်ကား၊ သင်္ဘောရေယာဉ်များ၏ ဝန်ဆောင်မှုကိုမြှင့်တင်ခြင်း၊ တစ်ဦးချင်း စက်သုံးဆီ သုံးစွဲမှုကို ချွေတာခြင်းဆောင်ရွက်၍  ၎င်းကိစ္စကို ဖြေရှင်းရမည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် အများ သုံးသယ်ယူပို့ဆောင်ရေးစနစ်ဖြစ်သည့်    ရထား ပို့ဆောင်ရေးစနစ်၊ ဘတ်စ်ကားယာဉ်များနှင့် ပို့ဆောင် ရေးစနစ်၊ သင်္ဘောရေယာဉ်များနှင့်  ပို့ဆောင်ရေးစနစ် တို့ကို ဝန်ဆောင်မှုမြှင့်တင်နိုင်ရေး  ဆောင်ရွက်လျက် ရှိပါကြောင်း၊  တိုင်းရင်းသားပြည်သူလူထုအနေဖြင့် လည်း  ကိုယ်တိုင်စက်သုံးဆီသုံးစွဲမှုကို  ချင့်ချိန် ချွေတာသုံးစွဲခြင်းဖြင့်   နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ဝိုင်းဝန်းကူညီကြရန်   တိုက်တွန်းလိုပါကြောင်း၊ ဥပမာ-ဆိုင်ကယ်  ခြောက်သန်းသည်    တစ်ရက်လျှင် ဆီသုံးစွဲမှု နို့ဆီဘူးတစ်ဝက်ခန့်လျှော့ချလျှင် တစ်ရက် ဂါလန် ၁၂၅၀၀၀ သက်သာမည်ဖြစ်၍  ကားတစ်စီး သည်လည်း  တစ်ရက်လျှင်ဆီသုံးစွဲမှု တစ်လီတာ ပုလင်းတစ်ဝက်လျှော့ချနိုင်ပါက တစ်ရက်လျှင်ဂါလန် ၁၂၅၀၀၀ လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ တန်ဖိုးအား ဖြင့် တစ်ဂါလန် ၆၀၀၀ ကျပ် ပျမ်းမျှဈေးဖြင့်တွက် ကြည့်လျှင်ပင် တစ်ရက် ငွေကျပ် ၁ ဒသမ ၅ ဘီလီယံထိ လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဖြစ်လာရန်မှာ ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်ရန်လည်း ဆက်လက်နှိုးဆော်သွားမည်ဖြစ်ကြောင်း။


နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် ကျေးလက် နှင့် မြို့ပြကွာခြားမှုနည်းပါးရေးဖြစ်ပါကြောင်း၊  နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ဓာတ်အား ရရှိ ထုတ်လုပ်နိုင်မှုသည်  များစွာအထောက်အကူပြုပြီး နိုင်ငံတိုင်းသည်   နိုင်ငံ၏လူနေမှုအဆင့်အတန်း မြင့်မားရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက် စွာ ဆောင်ရွက်နိုင်ရေးအတွက်  လျှပ်စစ်စွမ်းအား ထုတ်လုပ်မှုအား နည်းလမ်းမျိုးစုံ ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊  လျှပ်စစ်စွမ်းအားသည်  ပြည်သူ များ၏လူမှုစီးပွားဘဝများအတွက် များစွာအထောက် အကူပြုပြီး နိုင်ငံဖွံ့ဖြိုးရေးအတွက် များစွာအထောက် အကူပြုသဖြင့်  တန်ဖိုးဖြတ်၍မရနိုင်သောအရာဖြစ် ကြောင်း၊ မြန်မာနိုင်ငံအတွင်း သဘာဝအရင်းအမြစ် များဖြစ်သည့် နေအား၊ ရေအား၊  လေအားများရှိပြီး ဖြစ်ပါကြောင်း၊  အစိုးရအဆက်ဆက်တွင်  ရေအား လျှပ်စစ်ထုတ်လုပ်ခြင်းကို    အားပေးဆောင်ရွက် ထုတ်လုပ်ခဲ့သော်လည်း   ပြီးခဲ့သည့် အစိုးရလက်ထက် ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများတွင် သဘာဝပတ်ဝန်းကျင်  ထိခိုက်မှုကို  အကြောင်းပြ၍ နိုင်ငံရေးအရ အသုံးချပြီး ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်း  အခက်အခဲဖြစ်စေရန် ဆောင်ရွက် ခဲ့ပါကြောင်း၊   ရေအားလျှပ်စစ်စီမံကိန်းများအား   အကောင်အထည်ဖော်ရာတွင်  ရင်းနှီးမြှုပ်နှံမှုတန်ဖိုး သည် ကြီးမားပြီး ကုန်ကျစရိတ်တန်ဖိုးများအား တိကျစွာတွက်ချက်နိုင်သော်လည်း  ပြန်လည်ရရှိသော အကျိုးအမြတ်မှာ  တန်ဖိုးဖြတ်၍မရအောင် ကြီးမား ပါကြောင်း။


မြန်မာနိုင်ငံတွင်  မိုးများသောဒေသများမှအပ  ကျန်နိုင်ငံတစ်ဝန်းလုံးတွင်  နေသာသည့်ရက် တစ်နှစ် လျှင် ရက် ၂၀၀ မှ ၂၅၀ ထိရှိသဖြင့် နေရောင်ခြည်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံများ လုံလောက် စွာ  တည်ဆောက်ရေးဆောင်ရွက်ပါက  နိုင်ငံတော် လျှပ်စစ်ဓာတ်အား   လိုအပ်ချက်အား  ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ပါကြောင်း၊ ကျေးရွာများအတွင်း  ဆိုလာပြား စနစ်သုံး လျှပ်စစ်ဓာတ်အား တပ်ဆင်ထုတ်လုပ်ပါက ကျေးရွာနေ ပြည်သူများ၏  လျှပ်စစ်သုံးစွဲမှုကို  ပိုမို အထောက်အကူပြုရုံသာမက   လူနေမှုဘဝဖွံ့ဖြိုး  တိုးတက်မှုလည်းရှိလာမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ၏  လျှပ်စစ်ဓာတ်အား လိုအပ်ချက်အား ဖြည့်ဆည်း ပေးနိုင်သည်သာမက မြို့ပြစီမံကိန်းများ တည်ဆောက် ရာတွင်  လျှပ်စစ်ကို အခြေခံသည့် လျှပ်စစ်ဘတ်စ်ကား လုပ်ငန်း များနှင့်     လျှပ်စစ်ရထားလုပ်ငန်းများကိုလည်း အထောက်အကူပြုစေပါကြောင်း။


ဘာသာ၊ သာသနာဖျက်ဆီးခံရမှု


လူမှုရေးဆိုင်ရာ    ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တပ်မတော်ကနိုင်ငံတော်တာဝန်ရယူ  မထိန်းသိမ်းမီ ဘာသာ၊    သာသနာဖျက်ဆီးခံရမှုအခြေအနေနှင့် ပတ်သက်ပြီး ဘာသာပေါင်းစုံလွတ်လပ်စွာ ကိုးကွယ် ခွင့်ရှိသည်ဟူသော  အကြောင်းပြချက်ဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့(မဟန)ရှိပြီးဖြစ်၍  အမျိုး ဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့(မဘသ) ကဲ့သို့သော   ဘာသာ၊    သာသနာရေးနှင့်  ပရဟိတ တွဲဖက်ဆောင်ရွက်သော   အဖွဲ့အစည်းများကို ဖျက်သိမ်းခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါအကြောင်း ပြချက်ဖြင့် ဘုရားပုထိုးများ ဖူးမြော်ခွင့်နှင့် ဘာသာရေး အဆောက်အအုံအတွင်း ဘုရားဝတ်ပြု၊ ကြည်ညိုခွင့် များကို  ပိတ်ပင်ခဲ့ပါကြောင်း၊  သာသနာ့ဝန်ထမ်း ရဟန်းတော်များကြောင့်  နိုင်ငံ့စီးပွားရေးကျဆင်း သယောင်ဝါဒဖြန့်ခဲ့ပါကြောင်း။


မြန်မာ့ယဉ်ကျေးမှုနှင့်ပတ်သက်၍ မြန်မာ့ရိုးရာ ယဉ်ကျေးမှု  အဆို၊ အက၊ အရေး၊ အတီး ပညာရပ် များသည် National Treasure များဖြစ်ပါကြောင်း၊ မြန်မာတို့သည် ရုပ်ပိုင်း၊ စိတ်ပိုင်း ယဉ်ကျေးသိမ်မွေ့သူများဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် အစိုးရသက်တမ်း ကာလတွင်  မြန်မာ့ယဉ်ကျေးမှုအတွက်   စိုးရိမ်ရေ မှတ်အနေအထားဖြစ်လာရသည့်အပြင်   ရွှေတိဂုံ စေတီပုံရိပ်ပေါ်၌    ဖိနပ်နင်းအကကသည်အထိ ဘာသာရေးနှင့် ယဉ်ကျေးမှုနယ်ပယ်ပျက်စီးခဲ့ရပါ ကြောင်း၊  မြန်မာ့ဓလေ့ဖြစ်သည့်  ကြီးသူကိုရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနားဟူသော မွန်မြတ် လှသည့် အလေ့အကျင့်များအပေါ် Online Media များ အသုံးချ၍ လူငယ်တို့၏ ယဉ်ကျေးသိမ်မွေ့မှု အခြေခံစိတ်ဓာတ်များအား ဖျက်ဆီးခဲ့ပါကြောင်း၊ ကျောင်းသားလူငယ်များထဲ စိမ့်ဝင်နေမှုနှင့်ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါအကြောင်းပြုပြီး   ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းများအား  တားမြစ်ပိတ်ပင်ခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း၊ အခြေခံပညာကျောင်း သင်ခန်းစာများတွင် မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီမှု မရှိသော၊ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်ပွန်းပဲ့စေသော Sex Education သင်ခန်းစာများအား  ထည့်သွင်း သင်ကြားစေခဲ့ပါကြောင်း၊   နိုင်ငံရေးသမားများက သမိုင်းအမှန်ကိုဖုံးကွယ်၍      လူငယ်ထုအတွင်း တပ်မတော်အား အမုန်းများရန်ပွားစေရန် နားယောင် ထိုးသွင်းလှုံ့ဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။


တပ်မတော်က  နိုင်ငံတော်တာဝန်ယူပြီးနောက် အခြေအနေနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင်ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး  ခိုင်မာစွာထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊   ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်း ပြည်ပဘုရားဖူးများ  လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို    အထောက်အကူပြုစေရန် ရည်ရွယ်၍  နေပြည်တော်   ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်၌  ကမ္ဘာပေါ်ရှိ  ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံး ဖြစ်လာမည့် “မာရဝိဇယ” ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား တည်ဆောက်ပူဇော်လျက်ရှိပြီး ယခုအခါ ဆင်းတုတော်ကြီး၏  ပလ္လင်တော်အစိတ် အပိုင်းအား နေရာချထားမှုပြီးစီးခဲ့ပြီး  ကျန်ဆင်းတုတော်အစိတ်အပိုင်းများကို CNC စက်ဖြင့် ဆက်လက် ထုဆစ်လျက်ရှိကြောင်း၊   ရင်ပြင်တော်ပတ်လည် အခြေခံတည်ဆောက်မှု  အကြမ်းထည်ပြီးစီးပြီဖြစ် ကြောင်း၊  အလားတူ  အဆိုပါဗုဒ္ဓဥယျာဉ်အတွင်း ပိဋကတ်သုံးပုံ ပါဠိတော်အဋ္ဌကထာဋီကာကျမ်းစာများကိုလည်း စကျင်ကျောက်များပေါ်၌ ခေတ်မီစက် ကိရိယာများ  အသုံးပြု၍ ပါဠိအက္ခရာ၊ Roamnize Language တို့ဖြင့် ရေးထိုးပူဇော်သွားရန် ဆောင်ရွက် လျက်ရှိကြောင်း။


ဒီမိုကရေစီအစိုးရ ဒုတိယသက်တမ်း ကာလအတွင်း အမျိုး၊ ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်များ ဖျက်ဆီးမှိုင်းတိုက်ဝါဒဖြန့်လှုံ့ဆော်မှု၏ အကျိုးဆက် ကြောင့် အချို့က Generazation-Z ဟု ခေါ်သော  လူငယ်များမှာ နိုင်ငံရေးသမားတို့၏ အသုံးချမှုအပေါ် အယုံလွယ်လမ်းမှားရောက်ခဲ့ပြီး ဆရာ ဆရာမ ၃၇ ဦး သတ်ဖြတ်ပြီး အယောက် ၃၀  ကို ထိခိုက်ဒဏ်ရာရရှိ အောင် ပြုလုပ်ခြင်း၊  ရဟန်းသံဃာ အပါး ၂၀ အား သတ်ဖြတ်စော်ကားခြင်း၊ စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း ၅၀၄ ကြိမ် ဆောင်ရွက်ခဲ့ပါကြောင်း၊  ဒီမိုကရေစီအစိုးရ  ဒုတိယသက်တမ်းကာလအတွင်း ကိုဗစ်-၁၉ ရောဂါ အကြောင်းပြ၍ ပိတ်ထားခဲ့သည့် ဗုဒ္ဓဘာသာဘုရားစေတီများ အပါအဝင်   သက်ဆိုင်ရာ ဘာသာအလိုက်   ဘာသာရေးအဆောက်အအုံများတွင်     ဘုရားဝတ်ပြုခြင်း၊   ကြည်ညိုခြင်းများအား   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ  ၈ ရက်မှစ၍ ကိုဗစ်-၁၉ ရောဂါ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ   ပြန်လည်ဖွင့်လှစ် ပေးခဲ့ပါကြောင်း၊ အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊ NUG တို့၏  သွေးထိုးလှုံ့ဆော်မှုများနှင့် အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည့်အတွက်  အရေးယူခံရပြီး နိုင်ငံတော် အတွင်း တရားရုံးအသီးသီးတွင်တရားစွဲဆိုခြင်းခံနေရသူများကို လူသားချင်း စာနာထောက်ထားမှုများအား အလေးထားသောအားဖြင့် လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရန်နှင့် နိုင်ငံတော် တည်ဆောက်ရေးတွင်  ပါဝင်နိုင်စေရန်အတွက်   အကျဉ်းသား  အကျဉ်းသူ ၄၇၈၇၉ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာ ခွင့်တို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း။


ရှေ့လုပ်ငန်းစဉ်(၅)ရပ်


ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက် (၉)ရပ် အကောင်အထည်ဖော်မှုအခြေအနေနှင့်စပ်လျဉ်း၍ ရှေ့လုပ်ငန်းစဉ်(၅)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်တာဝန်ယူပြီးနောက် ရှေ့လုပ်ငန်းစဉ် (၅)ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မဲမသမာမှုဖြစ်စဉ်ပေါ် မူတည်၍ “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို  ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများစစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို    ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်” ဟူသည့်အချက်ကို ပထမအချက် လုပ်ငန်းစဉ်ထားခဲ့ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ကော်မရှင်အဖွဲ့အသစ်အား ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က   ၂၀၂၀ ပြည့်နှစ်    ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့သည့် မြို့နယ် ၃၁၅ မြို့နယ်မှ ဆန္ဒမဲလက်မှတ်များကို    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်များတွင်ရှိသည့် တာဝန်ရှိသူများ၊ အဖွဲ့အစည်း များနှင့် တွေ့ဆုံမေးမြန်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ရာ  နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ  မဲပေးခဲ့သူ ၄၆၄၈၂၇၀ (၄ ဒသမ ၆ သန်းကျော်) အသက် ၁၈ နှစ် မပြည့်ဘဲ  မဲပေးခဲ့သူ ၁၄၄၁၂ ဦး၊ အသက် ၁၀၀ နှစ် အထက်   မဲပေးခဲ့သူ   ၂၀၅၆၆ ဦး၊   နှစ်ကြိမ်နှင့် သုံးကြိမ်အထက် မဲပေးခဲ့သူ ၃၈၉၁၆၁၁ ဦး အပါအဝင် မဲမသမာမှုစုစုပေါင်း ၁၁၃၀၅၃၉၀ ဦး (ဆယ့်တစ်သန်း သုံးသိန်းကျော်)ရှိသည်ကို  တွေ့ရှိရပါကြောင်း၊   ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်မရှိဘဲ မဲပေးသူ ၄၆၄၈၂၇၀(၄ ဒသမ ၆ သန်းကျော်)ရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက် များကိုအခြေခံပြီး  တွက်ချက်ထားချက်အရ  ၁-၄-၂၀၂၁ ရက်နေ့အထိ အသက်  ၁၈ နှစ်နှင့်အထက် ခန့်မှန်းလူဦးရေ ၃၇၂၉၉၈၅၈(၃၇ ဒသမ ၂၉ သန်း)ဖြစ်ပြီး မှတ်ပုံတင်နိုင်ငံသားကတ်မရှိသည့် နိုင်ငံသား များ ၃ ဒသမ ၄ သန်းကျော်ရှိနေပါကြောင်း၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်    အကျုံးဝင်သော (ဥပဒေ အရနိုင်ငံသားများ)                


အားလုံးကို  “ပန်းခင်း”  စီမံချက်ဖြင့်  အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးနိုင်ရန်အတွက်   ၃-၅-၂၀၂၁ ရက်နေ့မှစ၍  စစ်ဆင်ရေးတစ်ရပ်ကဲ့သို့ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မှတ်ပုံ တင်ပြုလုပ်ရမည့်လူဦးရေ ၃၄၉၁၃၆၄ ဦး(၃ ဒသမ ၄ သန်းကျော်)အနက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အထိ ၁၉၀၅၈၄၃ ဦး(၂ သန်းနီးပါး)ဆောင်ရွက်ပေးနိုင်ခဲ့ရာ ၅၅  ရာခိုင်နှုန်းနီးပါး  ပြီးစီးပြီဖြစ်ပြီး   မှတ်ပုံတင် ဆောင်ရွက်မှုအချိန်ကာလအားဖြင့် ၁၈ လတာကြာမြင့် မည်ဖြစ်ပါကြောင်း ပြောကြားသည်။


သဟဇာတမဖြစ်


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရွေးကောက်ပွဲစနစ်နှင့် ပတ်သက် ၍ပြောကြားရာတွင် “လက်ရှိရွေးကောက်ပွဲစနစ်ဟာ   များသူအနိုင်ယူ (FPTP)ဖြစ်တဲ့အတွက်ကြောင့် တိုင်းရင်းသား ၁၃၅ မျိုးနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုကျင့်သုံးရာမှာ   သဟဇာတမဖြစ် ကြောင်း     တွေ့ရှိရပါတယ်။      ဒီအတွက်ကြောင့်               ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မြန်မာ နိုင်ငံနဲ့   သင့်လျော်ကိုက်ညီတဲ့ ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးနိုင်ဖို့အတွက်     ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီများ ၄ ကြိမ် တွေ့ဆုံခဲ့ပြီးတော့မှ နိုင်ငံရေးပါတီအစုအဖွဲ့ ၆ ဖွဲ့ရဲ့ တင်ပြချက်စာတမ်းအရ    အစုအဖွဲ့အားလုံးက လွှတ်တော်သုံးရပ်မှာ အချိုးကျကိုယ်စားပြုမှုစနစ် (PR) ပြောင်းလဲကျင့်သုံးနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ရွေးကောက်ပွဲ များကို  ၂၀၁၀ ပြည့်နှစ်   နိုဝင်ဘာ   ၈ ရက်မှာ မြို့နယ်ပေါင်း ၃၂၅ မြို့နယ်၊ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့မှာ မြို့နယ် ၃၂၃ မြို့နယ်မှာကျင်းပပြီးစီးခဲ့ပါ တယ်။ အဆိုပါရွေးကောက်ပွဲများမှာ  ရွေးကောက်ပွဲ ဆိုင်ရာ တိုင်ကြားမှုအချို့ရှိခဲ့သော်လည်းပဲ ပြေလည် အောင်    ဖြေရှင်းနိုင်ခဲ့ပါတယ်။     ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ မြို့နယ် ပေါင်း ၃၁၅ မြို့နယ်တွင်  ကျင်းပခဲ့ပါတယ်။  ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများသည် General Election ဖြစ်၍   ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်းလွှတ်တော် အမတ်များအတွက် ကိုယ်စားလှယ်များရွေးချယ်ရပါ တယ်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက် ပွဲမှာ  မဲမသမာမှုများကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များက ရင်ဆိုင်မဖြေရှင်းရဲတဲ့  အခြေအနေအထိ မဲမသမာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။ ယင်းဖြစ်ရပ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့  ဒီမိုကရေစီဖော်ဆောင်မှုကို ယုံကြည်အားကိုးမှု အားနည်းစေပြီးတော့မှ နိုင်ငံ၏ ပုံရိပ်ကိုလည်း များစွာကျဆင်းစေခဲ့ပါတယ်။ ထို့အတွက် ကြောင့် ရွေးကောက်ပွဲများကို ထိခိုက်အောင်လုပ်ခဲ့သူ များကို  တည်ဆဲဥပဒေများအရ  အရေးယူမှုများ ဆောင်ရွက်လျက်ရှိပါတယ်။ အစိုးရအနေနဲ့ အရေးပေါ် ကာလဆိုင်ရာပြဋ္ဌာန်းချက်များပြီးစီးပါက ရွေးကောက် ပွဲပြန်လည်ကျင်းပပြုလုပ်သွားမည်ဆိုတဲ့ ကတိကို အကောင်အထည်ဖော်နိုင်အောင်  အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်နေပါတယ်။ ရွေးကောက်ပွဲဆိုတာ တည်ငြိမ်အေးချမ်းလုံခြုံတဲ့အခြေအနေရှိမှ ပြည်သူ များ လွတ်လပ်စွာမဲပေးနိုင်မှာဖြစ်ပါတယ်။ သန့်ရှင်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာဖြစ်ပါတယ်။ ပြည်နယ်နှင့်   တိုင်းဒေသကြီး    မြို့နယ်အားလုံး       ရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက် ကြိုးပမ်းနေရာ မှာ    အစိုးရရဲ့နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ချက်များကို    တိုင်းရင်းသားပြည်သူ အားလုံးက ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်ကြောင်း တွေ့ရှိရပါတယ်” ဟု ပြောကြားသည်။


ယင်းနောက် ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို   အရှိန်အဟုန်မပျက်  ဆက်လက်ဆောင်ရွက်နိုင်မှုနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ လုပ်ငန်းစဉ်(၅)ရပ်တွင်  ကမ္ဘာ့ကပ် ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကို ထည့်သွင်းရေးဆွဲထားခဲ့ပါကြောင်း၊ မြန်မာ နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်၌ စတင် တွေ့ရှိခဲ့ပါကြောင်း၊    ကာကွယ်ကုသမှုအနေဖြင့် ကူးစက်မှုအမြင့်ဆုံးကာလ ဇူလိုင်လတတိယပတ်နှင့် စတုတ္ထပတ်များတွင်  တစ်ရက်လျှင်  ပျမ်းမျှပိုးတွေ့ လူဦးရေ ၅၀၀၀ ကျော်ခန့်(၄၁ ရာခိုင်နှုန်း)အထိ ဖြစ်ပွားခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလတွင် ဖြစ်ပွားမှု၊ သေဆုံးမှုများ လျင်မြန်စွာ ထိန်းချုပ်နိုင်ရေးအတွက် ဆေးရုံ၊ ဆေးခန်းများအပြင် ကုသမှုစင်တာပေါင်း ၁၆၇၄ ခုအထိ  ဖွင့်လှစ်ကုသပေး နိုင်ခဲ့ပါကြောင်း၊ အောက်ဆီဂျင်ထုတ်လုပ်နိုင်ရေး အလျင် အမြန်ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်မှ အောက်ဆီဂျင် စက်ရုံ  ၂၂၅  ရုံ၊   ပုဂ္ဂလိကမှ  ၂၄၂  ရုံ၊ စုစုပေါင်း ၄၄၆ ရုံ တည်ဆောက်ပေးပြီး    ပြည်သူလူထုအတွက်              ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ပါကြောင်း။


မိမိအနေဖြင့် “လက်တွေ့ကျကျ မြန်မြန်ဆန်ဆန် လုပ်၊    လူ့အသက်ထက်အရေးကြီးတာ  ဘာမှမရှိ” ဆိုသည့်  မူဝါဒချမှတ်ပြီး   နည်းလမ်းပေါင်းစုံနှင့်  ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို  နေ့မနား ညမနားဆောင်ရွက်ခဲ့ကြပါကြောင်း၊ မိမိ ကိုယ်တိုင် ဦးဆောင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီအစည်းအဝေးများ ကို (၁၃)ကြိမ်တိုင်တိုင်ကျင်းပ၍ လိုအပ်သော အုပ်ချုပ် ထောက်ပံ့ရေးကိစ္စရပ်များကို    တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များနှင့် Video Conferencing ပြုလုပ်၍    လိုအပ်သည်များ    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ပြည်သူ့ဆေးရုံများတွင်  ဆေးဝါးဝယ်ယူနိုင်ရန်အတွက်လည်း ငွေကျပ် ဘီလီယံ ၃၀၀ လျာထားခဲ့ပြီး ဆေးရုံလုပ်ငန်း လိုအပ် ချက်များကို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း။
ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊  ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ လွယ်ကူလျင်မြန်ချောမွေ့စေရေး အတွက်   ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးများကို  ဒုတိယဝန်ကြီးချုပ် ဦးစီးဆောင်ရွက်ပြီး တစ်ပတ်လျှင် ၃ ကြိမ် ပြုလုပ်ကာ  အနီးကပ်ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကွင်းဆက် ပြတ်တောက်စေရေးအတွက် Stay at Home မြို့နယ် ပေါင်း ၁၁၉ မြို့နယ်အထိ သတ်မှတ်ပေးခဲ့ပါကြောင်း၊ လက်ရှိနောက်ဆုံးအခြေအနေမှာ မြို့နယ်အားလုံးကို ကန့်သတ်ချက်ဖယ်ရှားပေးခဲ့ပြီး ဖြစ်သည့်အတွက်  Stay  at  Home မြို့နယ်များ ကျန်ရှိခြင်းမရှိတော့သည် ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊  နိုင်ငံတကာအနှောင့် အယှက်အချို့နှင့် အဖျက်သမားများ  ဝိုင်းဝန်းဝေဖန် နှောင့်ယှက်မှုများကို ကျော်လွှားနိုင်ပြီး  ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၉ ရက် စာရင်းအရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှုအနေဖြင့်  ပျမ်းမျှ တစ်ရာခိုင်နှုန်းဝန်းကျင်သာရှိတော့ကြောင်း။


ယခင်အစိုးရလက်ထက်  အိန္ဒိယနိုင်ငံမှ  ကိုဗစ် ကာကွယ်ဆေး သန်း ၃၀ Dose အမေရိကန်ဒေါ်လာ သန်း ၁၅၀ နှင့် ဝယ်ယူခဲ့ပါကြောင်း၊ ၎င်းမှ နှစ်သန်းသာ ရောက်ရှိလာခဲ့ပြီး   နောက်ပိုင်း  အိန္ဒိယနိုင်ငံတွင် လည်း ကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်မားလာသည့် အတွက် ဆေးများထပ်မံရောက်ရှိခြင်းမရှိပါကြောင်း၊ ကိုဗစ် ရောဂါ ကာကွယ်ရေးတွင် ကာကွယ်ဆေးထိုးနှံခြင်း သည်  အဓိကဖြစ်သည့်အတွက်    အစိုးရအနေဖြင့် ကာကွယ်ဆေးရရှိရန်လုပ်ငန်းကို   အစမှပြန်လည် ကြိုးပမ်းရပါကြောင်း၊  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ရန်ပုံငွေ အသုံးပြုမှုအခြေ အနေအနေဖြင့်  ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူမှု ကုန်ကျစရိတ်အနေဖြင့် ဒေါ်လာ၂၇၆ ဒသမ ၆၄ သန်း တန်ဖိုး ဝယ်ယူခဲ့ပါကြောင်း၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ရုရှားနိုင်ငံနှင့် နီပွန်ဖောင်ဒေးရှင်းတို့မှ ကိုဗစ်ကာကွယ် ဆေး  Dose ၁၇ ဒသမ ၁ သန်း  (တန်ဖိုးအမေရိကန် ဒေါ်လာ ၁၂၁ ဒသမ ၁၂ သန်း) လှူဒါန်းမှုကို လက်ခံရရှိ ခဲ့ပါကြောင်း၊ ထို့အပြင်  ကမ္ဘောဒီးယား၊ ထိုင်း စသည့် နိုင်ငံများမှလည်း  ကိုဗစ်ကာကွယ်ရေးပစ္စည်းများ လှူဒါန်းခဲ့ပါကြောင်း။


ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကုသရေးအတွက် ကျပ်ငွေ ၆၄ ဘီလီယံကျော်သုံးစွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်  ကုသရေးတွင် ဆေးရုံများအဆင့် မြှင့်တင်ရေးအတွက် ကျပ်ငွေ ၆၀ ဒသမ ၃  ဘီလီယံ ကျော်  သုံးစွဲခဲ့သည့်အနက်   ကိုဗစ်ဖြစ်သူများအတွက်    အရေးပေါ်လိုအပ်သော အောက်ဆီဂျင်နှင့်  ဆက်စပ် ပစ္စည်းများဝယ်ယူမှုအနေဖြင့် ၁၂ ဒသမ ၂၃ ဘီလီယံ ကျပ် ပါဝင်သုံးစွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ လူနာ များအတွက်  ကျွေးမွေးမှုစုစုပေါင်းကုန်ကျစရိတ် အနေဖြင့် ကိုဗစ်-၁၉ ဗဟို ကော်မတီရန်ပုံငွေမှ   ကျပ် ၂၃ ဒသမ ၁၂ ဘီလီယံနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ  ငွေကျပ် လေးဘီလီယံ၊ စုစုပေါင်း ကျပ်ငွေ ၂၇ ဒသမ ၁၂ ဘီလီယံသုံးစွဲခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံမှုကို ဒီဇင်ဘာလတွင် ၅၀ ရာခိုင်နှုန်း အပြီး မျှော်မှန်းထားသော်လည်း  ၅၁ ရာခိုင်နှုန်းကျော် ထိုးနှံ ပြီးစီးခဲ့ပါကြောင်း၊ လက်ရှိကာလအထိ ၅၃ ရာခိုင်နှုန်း ထိုးနှံပြီးဖြစ်ပါကြောင်း။


ဆောင်ရွက်ပေးနိုင်ခဲ့


လက်ရှိအစိုးရသက်တမ်းကာလ တစ်နှစ်အတွင်း Quarantine ဆေးရုံ၊ ဆေးခန်းတက်ရောက်သူများ အတွက် ကျွေးမွေးမှုကုန်ကျစရိတ်အနေဖြင့် ငွေကျပ် လေးဘီလီယံနီးပါး၊ ကိုဗစ်ဖြစ်ပွားသူများအတွက်အောက်ဆီဂျင် Plant ဝယ်ယူခဲ့ရာ  ငွေကျပ် ၁၀ ဒသမ ၂၃ ဘီလီယံ ကုန်ကျခဲ့ပါကြောင်း၊ နိုင်ငံအတွင်း ဆေးရုံ ၁၀၇၇ ရုံ၊ ဆေးပေးခန်း ၁၁၄၂၇ ခုရှိပြီး  ဆေးရုံ ၇၆၅ ရုံ၊ ဆေးပေးခန်း ၇၄၃၀ ခု လုပ်ငန်းဆောင်ရွက်နိုင်မှုရှိ ခဲ့ကြောင်း၊ တစ်နိုင်ငံလုံး ခန့်အပ်ဆရာဝန် ၁၄၆၇၈ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၀၅၈၃၄ ဦးရှိပြီး ၎င်းအထဲမှ ဆရာဝန်နှင့် ကျန်းမာရေးဝန်ထမ်းအချို့ ပျက်ကွက် ခဲ့ပြီး ၎င်းတို့သည် နိုင်ငံရေးဝါဒမှိုင်းများကြောင့် မိမိတို့ လုပ်ငန်းခွင်ကို စွန့်ခွာသွားသည့်သူများဖြစ်ကြောင်း၊ အဆိုပါလိုအပ်သွားသည့် နေရာများတွင် တပ်မတော် ဆေးတပ်ဖွဲ့ဝင်များက  ကုသပေးခြင်းနှင့်  တပ်မတော် ဆေးရုံများတွင် အများပြည်သူများကို ကုသပေးခြင်း များကို ခွင့်ပြုပေးခဲ့ကြောင်း၊  အလားတူ အငြိမ်းစားကျန်းမာရေးဝန်ထမ်းများနှင့် အငြိမ်းစားတပ်မတော် ဆေးဆရာဝန်များကလည်း  ဆေးကုသမှုများကို       ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့သည့်အတွက်ကြောင့် ကိုဗစ် -၁၉ ရောဂါကာကွယ်တိုက်ဖျက်ရေးတွင် များစွာ အကူအညီရခဲ့ပါကြောင်း။


ကိုဗစ်-၁၉ ရောဂါကာလအတွင်း   တာဝန်သိ ကျန်းမာရေး ဝန်ထမ်းများသည် ၎င်းတို့၏လူနာရှင် များကို မပစ်ခွာဘဲ တာဝန်သိသိ သစ္စာရှိရှိ တာဝန် ထမ်းဆောင်ခဲ့သည့်  ကျန်းမာရေးဝန်ထမ်းများအပေါ် အသိအမှတ်ပြုသည့်အနေဖြင့် ငွေကျပ် ၁၀ ဒသမ ၉၄ ဘီလီယံကို အစိုးရမှဆုချီးမြှင့်ခဲ့ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်ရန်လိုအပ်သည့် ပြည်သူများအတွက် တပ်မတော်ဆေးတပ်ဖွဲ့များမှ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လ ၅ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြင်ပလူနာ ၃၂၉၇၅၉ ဦး၊ အတွင်းလူနာ ၉၈၃၂၈ ဦး၊ မွေးလူနာ ၁၉၅၂၆ ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွားနှင့် ခံတွင်းဆိုင်ရာရောဂါ၊ အရိုး/အကြောဆိုင်ရာရောဂါ၊ မျက်စိ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွား၊ မီးယပ်ရောဂါ၊ ဆီးနှင့် ကျောက်ကပ်ဆိုင်ရာ  ရောဂါ၊ နှလုံးနှင့်ဆိုင်သော ရောဂါများ၊  အထွေထွေ ရောဂါတို့နှင့်  ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်းနှင့်    ကျန်းမာရေးစောင့် ရှောက်မှုများကို  ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊           အငြိမ်းစားဆေးတပ်ဖွဲ့ဝင်များနှင့်    ကျန်းမာရေး ဝန်ထမ်းများကလည်း   ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းများတွင် အင်အားဖြည့်တင်း ဆောင်ရွက်ပေး နိုင်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင်လည်း အောင်မြင် မှုများရရှိခဲ့ကြောင်း။


ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်း


ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် အရေးကြီးဆုံး အချက်မှာ  ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းဖြစ်ပါ ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၊ တပ်မတော်နှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအနေဖြင့်  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ၆၀၅၉၆၄၀၀ Dose (၆၀ ဒသမ ၅ သန်းကျော်)ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်အထိ ထိုးနှံပြီးစီးခဲ့သည့် Dose ၄၀၈၅၆၀၀၀ ရှိပြီး၊ နှစ်ကြိမ်   အပြည့်ထိုးနှံပြီးသူ ၁၈၇၉၂၀၉၉ ဦး၊ တစ်ကြိမ်ထိုးနှံ ပြီးသူ ၃၂၇၁၈၀၂ ဦး၊ Booster Dose ထိုးနှံပြီးစီးသူ ၂၁၆၆၈ ဦး ထိုးနှံပြီးဖြစ်သောကြောင့် တစ်နိုင်ငံလုံး မျှော်မှန်းချက်ထက် ၅၃ ရာခိုင်နှုန်းကျော် အနည်းဆုံး တစ်ကြိမ်ထိုးနှံပြီးဖြစ်ပါကြောင်း၊ နေ့စဉ် ထိုးနှံနိုင်မှု သည်  သုံးသိန်းကျော်ရှိပါကြောင်း၊  ကာကွယ်ဆေး ထုတ်လုပ်နိုင်မှုအနေဖြင့် ကိုဗစ်-၁၉ ရောဂါသည် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သောကြောင့် ပြည်တွင်း၌ ကာကွယ် ဆေးထုတ်လုပ်နိုင်ရေးမူဝါဒအားချမှတ်ပြီး ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကနဦးခြေလှမ်းအနေဖြင့် တရုတ် နိုင်ငံထုတ်(Sinopharm) ကာကွယ်ဆေးကို ပုလင်း အတွင်း ဖြည့်သွင်းရန်အသင့် (Ready to Fill Bulk)စနစ်ဖြင့် ဝယ်ယူထုတ်လုပ်နိုင်ရေးအတွက် သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊  ဖေဖော်ဝါရီလအတွင်း  ထုတ်လုပ်မှုလုပ်ငန်း စဉ်များ စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် အတွင်း Doses ၁၀ သန်းခန့်  ထုတ်လုပ်သွားမည်ဖြစ်ပါ ကြောင်း၊ ထိုသို့ဆောင်ရွက်မှုအရ ကာကွယ်ဆေးဈေးနှုန်း မှာလည်း မူလကုန်ချောဈေးနှုန်း၏ ထက်ဝက်မျှသာ ရှိသော ဈေးနှုန်းဖြင့် ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း။


 လက်ရှိအခြေအနေအရ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်း တွင် ကိုဗစ်-၁၉ ရောဂါ၏ မျိုးကွဲစိတ် အိုမီခရွန်အား တွေ့ရှိလျက်ရှိပြီး နိုင်ငံတွင်လည်း ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများအား စစ်ဆေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်၌ ပြည်ပမှ ပြန်လည်ဝင်ရောက် သူများတွင်                  

  »» စာမျက်နှာ ၆ မှ
အိုမီခရွန်ရောဂါပိုး  စတင်တွေ့ရှိခဲ့ပြီး  ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်အထိ ၂၈၃ ဦးတွေ့ရှိခဲ့ရပါကြောင်း၊      ထို့ကြောင့် ကိုဗစ်ရောဂါနှင့်ပတ်သက်၍ မပေါ့ဆကြ ရန်နှင့် လိုက်နာရန်သတ်မှတ်ထားသည့် တစ်ကိုယ်ရေ အကာအကွယ်စည်းမျဉ်းများကို  လိုက်နာသွားရန် လိုအပ်ပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်   ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှ  နည်းလမ်း များဖြင့် အမြန်ဆုံးကုစားသွားမည်ဖြစ်ပါကြောင်း၊ ရှေ့လုပ်ငန်းစဉ်အား အကောင်အထည်ဖော်ရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်း နိုင်ငံ များနည်းတူ မြန်မာနိုင်ငံကိုလည်း ရိုက်ခတ်မှုများရှိခဲ့ ပါကြောင်း၊ အစိုးရအနေဖြင့်  ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်ခဲ့သည့်  စီးပွားရေးလုပ်ငန်းများကို ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွား နိုင်ရန်  ကိုဗစ်-၁၉ ကြောင့်  ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်   ကုစားရေး အတွက် ကုမ္ပဏီ/လုပ်ငန်း ၆၃၃၄ ခု အား  ချေးငွေ ပမာဏငွေကျပ် ၁၆၆ ဒသမ ၆၄၆၃ ဘီလီယံ ထုတ်ချေး ထားပါကြောင်း၊ လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားမှုကော်မတီအနေဖြင့်  ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင်  ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်း နှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီ များပေးအပ်နိုင်ရေးအတွက်  ကုမ္ပဏီ/ လုပ်ငန်း ၁၁၆ ခုသို့ ချေးငွေများ ခွင့်ပြုခြင်းဆောင်ရွက်ခဲ့ပါကြောင်း။
စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်မှုအနေ ဖြင့် မြန်မာနိုင်ငံသည် စိုက်ပျိုး/မွေးမြူရေးနိုင်ငံဖြစ် သည့်အတွက် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ပိုမို ထုတ်လုပ်နိုင်ရန်   ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုများမှ တစ်ဆင့် စိုက်ပျိုး/မွေးမြူရေးထုတ်ကုန်များ   ပိုမို တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ  စနစ်တကျခေတ်မီစေရေး အတွက်  အရေးပါသည့်  အသိပညာရှင်၊  အတတ် ပညာရှင်များ၊ ကျွမ်းကျင်သူများ  ပေါ်ထွက်လာရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် စိုက်ပျိုးမွေးမြူရေးကျောင်းများကို  သိပ္ပံကောလိပ် အဆင့်တိုးမြှင့်ရန်  ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၂ ခုနှစ် ဇန်နဝါရီ  ၂၈ ရက်တွင်  နေပြည်တော်၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆို ပြုလုပ်သည့်  မွေးမြူရေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲတွင် နိုင်ငံအရပ်ရပ်က ကျွဲ၊ နွား၊ ဆိတ်၊ သိုးများ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါကြောင်း၊ ဒေသပြည်တွင်းမျိုး၊ ကပြားမျိုး၊ နိုင်ငံခြားမျိုးများအထဲတွင် ဒေသပြည်တွင်းမျိုးကောင်း များကို  တွေ့ရပါကြောင်း၊  စနစ်တကျကျွေးမွေး၍ မွေးမြူမည်ဆိုလျှင် တိုင်းပြည်အတွက်များစွာ အကျိုး ဖြစ်ထွန်းစေနိုင်မည်ဖြစ်သည့်အတွက်   ခေတ်မီ မွေးမြူရေးပညာရှင်များမွေးထုတ် ဆောင်ရွက်ရန် ကြိုးစားရမည်ဖြစ်ပါကြောင်း။
မူဝါဒချထား
ရှေ့လုပ်ငန်းစဉ်၏    စတုတ္ထအချက်ဖြစ်သည့် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ပါ   သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်”  ဟု မူဝါဒချထားပါကြောင်း၊    အဆိုပါလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်နိုင်ရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည်   ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်  အကောင်အထည်ဖော်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ NCA အတိုင်း အလေးထား အကောင်အထည်ဖော်    ဆောင်ရွက်သွားနိုင်ရန် လုပ်ဆောင်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်တွင်  ငြိမ်းချမ်းရေးဆိုင်ရာကော်မတီ (၃)ရပ် ဖွဲ့စည်းခဲ့ပါကြောင်း၊ မိမိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်   ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုကော်မတီ၊   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လုပ်ငန်းကော်မတီ၊   ဒုတိယဗိုလ်ချုပ်ကြီး   ရာပြည့် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော ညှိနှိုင်းရေးကော်မတီ တို့ဖြစ်ပါကြောင်း။
တပ်မတော်အနေဖြင့်  ၂၀၁၈ ခုနှစ်  ဒီဇင်ဘာ      ၂၁ ရက်မှစ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်အထိ  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက် ပေါင်း  အကြိမ်(၂၀)ပြုလုပ်ပေးခဲ့ပြီး ပစ်ခတ်တိုက်ခိုက် မှုရပ်စဲပေးခဲ့ပါကြောင်း၊ ဆက်လက်၍ ယခုနှစ်ကုန် ပိုင်းအထိ  ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဆောင်ရွက် ပေးသွားမည်ဖြစ်ပါ‌ကြောင်း၊  မိမိ၏  ၂၀၂၂ ခုနှစ်        နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင်    “ဒီနှစ်မှာ  ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ  စရပါမယ်။  ကျွန်တော်တို့ရဲ့  ရှေ့လုပ်ငန်းစဉ် (၅)ရပ်တွင်   စတုတ္ထ အချက်ထဲမှာလည်း  ဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူ အဖွဲ့အစည်းအားလုံး  ငြိမ်းချမ်းရေးအတွက် ဆွေးနွေး နိုင်ဖို့ ဖိတ်ခေါ်ပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့ပြီး ဖြစ်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီသည် “အရေးပေါ်ကာလဆိုင်ရာ    ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက  ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲအား ပြန်လည် ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား  လွှဲအပ် နိုင်ရေး” ဆိုသည့်အချက်နှင့်ပတ်သက်၍ နောင်ကျင်းပ မည့်ရွေးကောက်ပွဲအတွက် နိုင်ငံသားတိုင်း မဲပေးခွင့် ရရှိရေးအတွက်  လိုအပ်လျက်ရှိသည့်  နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံ သည့်  ပြည်ထောင်စုကို  တည်ဆောက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ တိုင်းရင်းသား အားလုံးတူညီသည့် အခွင့်အရေးများရရှိရန် အချိုးကျ ကိုယ်စားပြုခြင်းစနစ်(Proportional Representation - PR)ကို အသုံးပြုနိုင်ရေးနိုင်ငံရေးပါတီ ကိုယ်စားလှယ် များ၊ စိတ်ပါဝင်စားသူများနှင့်စုပေါင်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဖြင့်  ဆွေးနွေးလျက်ရှိပါ ကြောင်း၊      အချိုးကျကိုယ်စားပြုခြင်း(PR)စနစ်          ကျင့်သုံးမည့်       အလားအလာနှင့်ပတ်သက်၍          ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံညှိနှိုင်းအစည်းအဝေး ၄ ကြိမ် ကျင်းပဆောင်ရွက်ခဲ့ပါကြောင်း။
ဦးတည်ချက်(၉)ရပ်  အကောင်အထည်ဖော်မှု နှင့်စပ်လျဉ်း၍     နိုင်ငံရေးဦးတည်ချက်များနှင့် ပတ်သက်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို  အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေးကို ပထမဆုံး အချက်အဖြစ် ဦးတည်ချက် ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊    ဖက်ဒရယ်ဆိုသည်မှာ  မတူကွဲပြား နေသည့် တိုင်းဒေသကြီးများ၊ ပြည်နယ်များ၊ လူမျိုး များ၊ လူမျိုးစုများကို စုစည်းလုပ်ကိုင်ရာမှ လုပ်ကိုင် နိုင်ခွင့်များကို ခွဲဝေကျင့်သုံးသည့် အယူအဆသဘော တရားဖြစ်ပြီး  ပေါင်းစည်းနေထိုင်ခြင်း၊  မျှဝေခံစား ခြင်းလည်းဖြစ်ပါကြောင်း၊ တိုင်းရင်းသားပါတီများ အပါအဝင် နိုင်ငံရေးပါတီများသည်  ၎င်းတို့ကို ထောက်ခံသည့် ပြည်သူလူထုကို ကိုယ်စားပြုသည့် လူများဖြစ်ပါကြောင်း၊ ထို့ကြောင့် မတူကွဲပြားသည့် ကိုယ်စားပြုမှုများရှိပြီး ပါတီများသည် ဝါဒရေးရာ အရဖြစ်လာသော ပါတီများဖြစ်ပါကြောင်း၊ ဝါဒရေးရာ ပါတီများဖြစ်၍    ဒီမိုကရေစီလမ်းကြောင်းချင်း အနည်းငယ်ကွဲပြားနိုင်ပါကြောင်း၊  လူမျိုးရေးနှင့် ပတ်သက်သည့်  ပါတီများသည်  လူမျိုးစုအလိုက် ကိုယ်စားပြုသည့်ပါတီများဖြစ်ပြီး  ဒေသအလိုက် ကိုယ်စားပြုသည့်ပါတီများ  အနည်းငယ်ရှိပါကြောင်း၊ ထိုပါတီများတွင် ကိုယ်စားပြုမှုပေါ်မူတည်ပြီး ၎င်းတို့၏ ထောက်ခံသူများရှိပါကြောင်း။
ပါတီများ၊ တိုင်းရင်းသားလူမျိုးစုများကို  ကျယ်ကျယ် ပြန့်ပြန့်ကိုယ်စားပြုနိုင်ရေးအတွက်    အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို သွားရမည်ဖြစ်ပါကြောင်း၊ ဒီမိုကရေစီနှင့်      ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ဒီမိုကရေစီ နှင့်ပတ်သက်၍   လည်းကောင်း၊   ဖက်ဒရယ်နှင့် ပတ်သက်၍ လည်းကောင်း   မည်သို့ပင်အယူအဆ အမျိုးမျိုးကွဲပြားနေပါစေ မိမိတို့နိုင်ငံနှင့် သဟဇာတ ဖြစ်သည့် စနစ်မျိုးကို ရွေးချယ်ဆောင်ရွက်ရန် လိုအပ် သည့်အပြင် ဒီမိုကရေစီနှင့်ပတ်သက်၍ အများဆန္ဒ အတိုင်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လူနည်းစု၏ ဆန္ဒကိုလည်း  အလေးထားရန်  လိုအပ်မည်ဖြစ်ပါ ကြောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ဆောင်ရွက်မည့်  ဖက်ဒရယ်သည် မတူကွဲပြားသည့် တိုင်းဒေသကြီး၊ ပြည်နယ်၊ လူမျိုးများ၊ လူမျိုးစုများ၊ စုစည်းထားရာမှ   အချုပ်အခြာအာဏာဖြစ်သည့် အာဏာ(၃)ရပ်ကို ခွဲဝေကျင့်သုံးခြင်းနှင့် ထိုသို့ဆောင်ရွက် ရာမှာ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ပြည်နယ်များ အကြား အာဏာခွဲဝေဆောင်ရွက်သွားခြင်းဖြင့် တိုင်း ဒေသကြီး၊ ပြည်နယ်များအလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များ ရရှိစေမည်ဖြစ်ပါကြောင်း။
ပြဋ္ဌာန်းထား
ဒုတိယအချက်ဖြစ်သည့် “တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်  (NCA)ပါ အတိုင်းအလေးထား လုပ်ဆောင်ရေး”  ဆောင်ရွက်မှု အား    ရှေ့လုပ်ငန်းစဉ်(၅)ရပ်   စတုတ္ထအချက်၌ ဖော်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ တတိယအချက်ဖြစ်သည့် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြား ရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး  “မူ” ကို ဆက်လက်လိုက်နာ ကျင့်သုံးရေး”နှင့်စပ်လျဉ်း၍   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ၊ ကမ္ဘာ့ငြိမ်းချမ်း ရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက် ဆက်ဆံရေးရှေးရှုသည့် မူဝါဒ၊ ကမ္ဘာ့နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်း သည့်  မူဝါဒ(၃)ရပ်ကို   ပြဋ္ဌာန်းထားခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ပထမတစ်နှစ်တာ ကာလအတွင်း တွင်  နိုင်ငံတကာဆက်ဆံရေးကောင်းမွန်ရန် အမြဲ ရှေးရှုလျက်ရှိပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြည်ပနိုင်ငံများ ပထမဦးဆုံးခရီးစဉ် ကို ၂၀၂၁ ခုနှစ်   ဧပြီ ၂၄ ရက်  အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပသည့် အာဆီယံခေါင်းဆောင် များ ထိပ်သီးအစည်းအဝေးကို  တက်ရောက်ခဲ့ပါ ကြောင်း။
ဒုတိယခရီးစဉ်အဖြစ်  ၂၀၂၁ ခုနှစ် ဇွန် ၂၀ ရက်မှ ၂၇ ရက်အထိ ရုရှားနိုင်ငံတွင်ကျင်းပခဲ့သည့် (၉)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ ကို တက်ရောက်ခဲ့ပါကြောင်း၊    မြန်မာနိုင်ငံသည် မိတ်ဆွေနိုင်ငံသာရှိပြီး ရန်သူနိုင်ငံဟူ၍မရှိပါကြောင်း၊ မိမိတို့အပေါ် ရန်သူသဖွယ်ဆက်ဆံနေလျှင်လည်း ၎င်းနိုင်ငံများ၏ သဘောထားကို   ပြောင်းလဲလာ စေရန်၊ မိတ်ဆွေဖြစ်လာစေရန် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အိမ်နီးချင်း နိုင်ငံများနှင့်  ဆက်ဆံရာတွင် နိုင်ငံ၏နယ်စပ်ဒေသ များကို ထာဝရတည်ငြိမ်အေးချမ်းသည့် နယ်စပ်ဒေသ ဖြစ်ရန်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများနှင့် ထာဝရတည်ငြိမ်အေးချမ်းပြီး       ချစ်ခင်သည့် အိမ်နီးနားချင်းဆက်ဆံရေးကို ထူထောင်သွားမည် ဖြစ်ပါကြောင်း၊  အိမ်နီးချင်း  ဆက်ဆံရေးမှာလည်း မတူသည့်မူဝါဒ၊ ယဉ်ကျေးမှုများရှိသည့်နိုင်ငံများနှင့် ဆက်ဆံခြင်းဖြစ်သည့်အတွက် နိုင်ငံတစ်နိုင်ငံချင်းပေါ် မူတည်၍ နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များကို ထိတွေ့ ဆက်ဆံနိုင်ရေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားတွင် ခေတ်အဆက်ဆက်တည်ရှိ ခဲ့သည့် အိမ်နီးချင်းဆက်ဆံရေးနှင့် ထာဝရငြိမ်းချမ်း သည့် အိမ်နီးချင်းဆက်ဆံရေးတွင် ချစ်ကြည်ရင်းနှီးမှု များရှိပြီးဖြစ်သည့်အတွက်    ပိုမိုခိုင်မာမှုရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် ဆွေးနွေး ခဲ့ရာတွင် အာဆီယံထိပ်သီးအစည်းအဝေး ဘုံသဘော တူညီချက်(၅) ရပ်နှင့် ပတ်သက်၍ ဦးတည်ဆွေးနွေး ခဲ့ပြီး ပထမဆုံးအချက်ဖြစ်သည့်    အကြမ်းဖက်မှုတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် အကြမ်းဖက်မှု ရပ်ဆိုင်းပြီးတွေ့ဆုံဆွေးနွေးမှုများဆောင်ရွက်ရန် ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင် နှင့်အကြမ်းဖက်များ၏ ကွဲပြားခြားနားမှုများ၊ မိမိတို့ အနေဖြင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် အမြဲမပြတ် ဆောင်ရွက်နေမှုများနှင့်  ၎င်းတို့အနေဖြင့်  မြန်မာ နိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်နိုင်ရေးဖိတ်ခေါ်ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင်  အာဆီယံ   လူသားချင်းစာနာထောက်ထားမှုနှင့် သက်ဆိုင်သည့် အထောက်အပံ့ပစ္စည်းများ  ကူညီ ထောက်ပံ့နိုင်ရေးဆိုင်ရာကိစ္စများကိုလည်း ဆွေးနွေး နိုင်ခဲ့ပြီး အစိုးရအနေဖြင့် လက်ခံပူးပေါင်းဆောင်ရွက် သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးနိုင်ခဲ့ပါ ကြောင်း၊ ချစ်ကြည်ရေးခရီးစဉ်တွင် ကောင်းမွန်ထူးခြား သည့် ရလဒ်များရရှိခဲ့ပြီး ခရီးစဉ်နှင့် ပတ်သက်၍ ပူးတွဲ သတင်းထုတ်ပြန်ချက်များအား ထုတ်ပြန်ခဲ့ပါကြောင်း။
ထို့ပြင်  အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏  ဇန်နဝါရီ ၂၆ ရက် Video Conferencing နှင့် တွေ့ဆုံဆွေးနွေး ရာတွင်လည်း အာဆီယံအဖွဲ့တွင် မြန်မာနိုင်ငံ၏ ပါဝင် ဆောင်ရွက်မှု၊   အာဆီယံနိုင်ငံများအတွင်း   အပြု သဘောဆောင်သည့်  ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဆောင်ရွက်ရန်လိုအပ်သည့်အခြေအနေ၊   မြန်မာ နိုင်ငံအနေဖြင့်  အကောင်းဆုံးဖြစ်စေရန်  ပူးပေါင်း ဆောင်ရွက်သွားမည့်အခြေအနေ၊  အာဆီယံအထူး ကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့ စေလွှတ်သွားမည့် အခြေအနေနှင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်၏    အထူးကိုယ်စားလှယ်လာရောက်နိုင်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါကြောင်း၊ အစိုးရ အနေဖြင့်  မြန်မာနိုင်ငံ၏   အချုပ်အခြာအာဏာ၊ အမျိုးသားအကျိုးစီးပွားနှင့် အစိုးရ၏ရှေ့လုပ်ငန်းစဉ် များကို မထိခိုက်စေဘဲ နိုင်ငံတကာနှင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။                           
»» စာမျက်နှာ ၇ မှ
စီးပွားရေးဦးတည်ချက်အပေါ် အကောင်အထည် ဖော် ဆောင်ရွက်မှုအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ် များဖြင့်   ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေးအတွက်   မြန်မာ နိုင်ငံ၏ အခြေခံနှင့် ပြည်သူအများစု လုပ်ကိုင်နေရ သည့် စီးပွားရေးဖြစ်သော စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း များကို ဦးစားပေးလုပ်ဆောင်စေလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် စိုက်ပျိုး/မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းများကို   လုပ်ကိုင်နေကြသည့် ကျေးလက်နေပြည်သူလူထု ၇၀ ရာခိုင်နှုန်းခန့် ရှိပါ ကြောင်း၊ မွေးမြူရေးလုပ်ငန်းများအနေဖြင့် မိမိတို့ နိုင်ငံ၏ ဒေသအများစုတွင် မွေးမြူ၍ရသော ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါး စသည့် မွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်သွားရမည်    ဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်ပမှ နို့ထွက်ပစ္စည်းတင်သွင်းနေမှုကို လျှော့ချနိုင်ရန်အတွက် နိုင်ငံအတွင်း ရာသီဥတုနှင့် မြေအခြေအနေကောင်းသည့် နေရာများတွင် နို့စား နွားများမွေးမြူ၍ နို့ထွက်ပစ္စည်းများ ပြည်တွင်းဖူလုံ ရုံမျှမက ပိုလျှံစေရန် မွေးမြူဆောင်ရွက်လျက်ရှိသည် သာမက အသားစားနွား၊ အသားတိုးဝက်၊ အသားတိုး ကြက်များမွေးမြူ၍ ပြည်တွင်းတွင် အသားစိုရိက္ခာ ဖူလုံရေးနှင့် ပြည်ပသို့ တင်ပို့နိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က   ကျေးလက်ဒေသများ   ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် “မြန်မာနိုင်ငံမှာ လူဦး ရေ ၅၅ သန်းခန့်ရှိရာမှာ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ကျော်ဟာ ကျေးလက်နေပြည်သူများဖြစ်ပြီးတော့ ၃၀  ဒသမ   ၂  ရာခိုင်နှုန်းဟာ  ဆင်းရဲနွမ်းပါးတဲ့ အောက်ကို  ရောက်ရှိနေတဲ့သူများ   ဖြစ်ပါတယ်” အများဆုံးခံစားရတဲ့ ဒေသများဟာ ကျေးလက်ဒေသ များဖြစ်ပါတယ်၊ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ ကျေးလက်ဒေသများရှိ ပြည်သူများရဲ့ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့အတွက် ထိရောက်တဲ့နည်းလမ်းများကို အသုံးပြုပြီး   မြို့ပြနဲ့ ကျေးလက်ဒေသများအကြား ကွာဟချက်ကျဉ်းမြောင်းစေဖို့နဲ့ ပြည်သူများရဲ့လူမှု စီးပွားဘဝမြှင့်တင်နိုင်ဖို့အတွက် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ် များအတွင်းမှာ    မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်ဒေသ    သောက်သုံးရေဖူလုံရေးအတွက် ရေကန်များ၊   မြေအောက်ရေများ   တူးဖော်ခြင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး  မဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ် ကျေးလက်ကျေးရွာများအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ရာသီမရွေးသွားလာနိုင်တဲ့ လမ်းများ အဆင့်တိုးမြှင့်ဆောင်ရွက်ခြင်း၊ ကျေးလက် အသက် မွေးဝမ်းကျောင်းဖွံ့ဖြိုးရေး  လူထုအခြေပြုစီမံကိန်း များ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားလုပ်ငန်းများ၊ ကျေးလက်အိမ်ရာတည်ဆောက်ခြင်းစတဲ့ လုပ်ငန်း များကို ဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောကြား သည်။
ထို့နောက် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကျေးလက်အခြေခံအဆောက်အဦ ဖွံ့ဖြိုး ရေးနှင့် ကျေးလက်အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ    ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မား လာစေရန်၊ ကျေးလက်နေပြည်သူများမှ လူမှုစီးပွား ဆိုင်ရာအခြေခံအဆောက်အဦများနှင့်   ဝန်ဆောင် မှုများကို  ရယူသုံးစွဲနိုင်စေရန်အတွက်  ၂၀၂၁ ခုနှစ် ဇွန် ၁၇ ရက်တွင် သမဝါယမနှင့် ကျေးလက်ဝန်ကြီးဌာန ကို ဖွဲ့စည်းခဲ့ကြောင်း၊     အလားတူ    အုပ်ချုပ်မှုပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အုပ်ချုပ်ရေး စနစ်၌ ပြည်သူလူထုအား ထိရောက်သောဝန်ဆောင်မှု များပေးနိုင်ရန်အတွက်   လက်ရှိ    မိမိတို့နိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ၇၅ ခရိုင် ရှိရာမှ သင့်တော်သည့်နေရာများတွင် ခရိုင်များ ထပ်မံ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း။
ဈေးကွက်စီးပွားရေးစနစ်   တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍     တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်  တည်ဆောက်ရေး နှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ၂၀၂၂ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယားနိုင်ငံက ၎င်းတာဝန်ယူစဉ် ကာလ၌ ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးကိစ္စရပ် (၁၇)ရပ်အား    အဆိုပြုထားပါကြောင်း၊    Living Document အဖြစ် သတ်မှတ်ဆောင်ရွက်မည်ဖြစ် ပါကြောင်း၊       ဘဏ္ဍာရေးကဏ္ဍနှင့်ပတ်သက်၍ ဦးစားပေးလုပ်ငန်းများကို ကမ္ဘောဒီးယားနိုင်ငံက ဆက်လက်အဆိုပြုသွားရန်ရှိပါကြောင်း၊ ထို့အပြင် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ အကောင် အထည်ဖော်မှုအောက်မှ ၂၀၂၂ အတွင်း ဦးစားပေး ဆောင်ရွက်ရမည့်    လုပ်ငန်းစဉ်  ၁၃၈ ခုအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် တရုတ်နိုင်ငံသမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံ အကြား  ပူးပေါင်းဆောင်ရွက်ရေးကို   မြှင့်တင်ရန် ရည်ရွယ်ပြီး သဘောတူစာချုပ်၊ သဘောတူညီချက်၊ နားလည်မှုစာချွန်လွှာနှင့် စာလွှာစုစုပေါင်း စာချုပ် စာတမ်း ၃၃ ခုလက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ၎င်းစာချုပ် စာတမ်း ၃၃ ခုနှင့်   စပ်လျဉ်းသည့်   စီမံကိန်းများ အဆင်ပြေချောမွေ့စွာ ဆက်လက်အကောင်အထည် ဖော်နိုင်ရေးအတွက်   ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
မြန်မာ-ဂျပန် ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီမံကိန်းများ ကိုဗစ်-၁၉ ကြောင့် ခေတ္တရပ်ဆိုင်းထား ခဲ့ရသော်လည်း မကြာမီလုပ်ငန်းများ ပြန်လည်စတင် နိုင်ရေးနှင့်    ဂျပန်နိုင်ငံသားများ    မြန်မာပြည်သို့   ပြန်လည်ဝင်ရောက်နိုင်ရေး  အဆင်ပြေချောမွေ့ရေး၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊   လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုး တိုးတက်ရေး စသည့်ကဏ္ဍများတွင် အကူအညီနှင့် ချေးငွေများလည်း အဓိကထားပေးအပ်လျက်ရှိပါ ကြောင်း၊ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြင့်လာစေရန်ရည်ရွယ်၍ ပထမအကြိမ် မြန်မာ- ရုရှားစီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲကို virtual စနစ်ဖြင့် ကျင်းပပြုလုပ်ဆွေးနွေးခဲ့သည့်အပြင်  မြန်မာ- ရုရှား     စီးပွားရေးလုပ်ငန်းရှင်များ   ဆွေးနွေးပွဲများ ကိုလည်း   ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အားပေးကူညီ ပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ       ဆောင်ရွက် ဖော်ဆောင်ရေးအနေဖြင့်    ပြည်တွင်း    အားပေးမှု အနေဖြင့်      ပြည်တွင်းထုတ်ကုန်အားပေးရန်နှင့် ပြည်တွင်းထုတ်လုပ်နိုင်သော    ကုန်ပစ္စည်းများကို လျှော့ချတင်သွင်းနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း။ 
အားပေးလျက်ရှိ
နိုင်ငံတော်အစိုးရသည် ပြည်တွင်းကုန်ထုတ်လုပ် မှုနှင့် ပြည်တွင်းဖြစ်စီးပွားရေးကို အားပေးလျက်ရှိပါ ကြောင်း၊  အထူးသဖြင့်  မရှိမဖြစ်သည့်  စားကုန်၊ သောက်ကုန်၊ လူသုံးကုန်များ၊ ဘိလပ်မြေနှင့် သံနှင့် သံမဏိလုပ်ငန်းများကို အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာလအထိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက် ကဏ္ဍ  ၁၂ ခုမှ လုပ်ငန်း ၂၇ ခုအတွက် ခွင့်ပြုခဲ့သည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ   အမေရိကန်ဒေါ်လာ သန်း ၃၅၅၂ ဒသမ ၃၉၆(၃ ဒသမ ၅၅ ဘီလီယံ)၊ မြန်မာ နိုင်ငံသား  ရင်းနှီးမြှုပ်နှံမှုကဏ္ဍအလိုက်  ခွင့်ပြုပြီး လုပ်ငန်းများအနေဖြင့်    ကဏ္ဍ‌ပေါင်း ၁၂ ခုမှ လုပ်ငန်းပေါင်း   ၃၇  ခုအတွက်     ကျပ်သန်းပေါင်း ၃၃၂၉၆၆ ဒသမ ၃၈၀(၃၃၂ ဒသမ ၉၆ ဘီလီယံ) ဖြစ်ပါကြောင်း။ 
လူမှုရေးဦးတည်ချက်အပေါ် အကောင်အထည် ဖော်ဆောင်ရွက်မှု စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ် သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး နှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် သည် နိုင်ငံ၏ (၇၅) နှစ်ပြည့် စိန်ရတုပြည်ထောင်စု နေ့ကို ကြိုဆိုသောအားဖြင့်         အစိုးရအနေဖြင့် (၁) ပြည်ထောင်စုစိတ်ဓာတ်     ရှင်သန်ခိုင်မာစေရေး လုပ်ငန်းစဉ်၊ (၂) ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားရန်အတွက် (၇၅)နှစ်ပြည့် စိန်ရတုပြည်ထောင်စုနေ့ကို တိုင်းရင်းသားအားလုံး အတွက် တခမ်းတနား ကျင်းပဆောင်ရွက်သွားပါမည် ဖြစ်ပါကြောင်း။
တိုင်းရင်းသားလူမျိုးအပေါင်းတို့၏      ဓလေ့ ထုံးတမ်းအစဉ်အလာများကို  လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက် ပျက်အောင်     ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပတ်သက်၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကို ကာကွယ်စောင့်ရှောက်ရန် တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် မတူကွဲပြားသော ယဉ်ကျေးမှုများ ပေါင်းစည်းထားသည့်နိုင်ငံဖြစ်ပြီး ယဉ်ကျေးမှုအဆင့် အတန်းမြင့်မားသောနိုင်ငံကြီး နှစ်ခုကြားတွင် တည်ရှိ နေခြင်းကြောင့်လည်း ဘိုးဘွားအမွေအနှစ် အနုပညာ ရပ်များကို သမားစဉ်မပျက် ထိန်းသိမ်းရန် နိုင်ငံတော် အစိုးရနှင့် နိုင်ငံသားတိုင်းတွင် တာဝန်ကိုယ်စီရှိပါ ကြောင်း၊ ထို့ကြောင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ပြန်လည်ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး နှစ်စဉ်ကျင်းပပေးခြင်းဖြင့် မိရိုးဖလာယဉ်ကျေးမှုများကို မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်မည်ဖြစ်ပါကြောင်း။
လူသားအရင်းအမြစ် အဓိကဖြစ်
တစ်မျိုးသားလုံး    ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးနှင့်ပတ်သက်ပြီး နိုင်ငံတိုင်း နိုင်ငံတိုင်း သည် မိမိတို့နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကို ဖော်ဆောင်နိုင်ရန် လူသားအရင်းအမြစ်(Human Resources)က အဓိကဖြစ်သည်ကို လက်ခံထားကြ ပါကြောင်း၊ လူသားအရင်းအမြစ်ဆိုသည်မှာ“ပညာ” အပေါ် အဓိကမူတည်   တည်ဆောက်ခြင်းဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ပညာရေးရင်းနှီးမြှုပ်နှံမှုကို အဓိကအလေးထားလုပ်ဆောင်ကြခြင်း ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၂၅ နှစ်နှင့်အထက်    အရွယ်ရောက်ပြီးသူများထဲမှ အလယ်တန်းအဆင့်နှင့် ၎င်းအဆင့်အောက် ပညာ သင်ကြားခဲ့ရသူပေါင်း ၁၈ ဒသမ ၂ သန်းနီးပါးခန့် ရှိသည်ကို တွေ့ရှိရသည့်အတွက် နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံ ခန့်သည် ပညာရေးအားနည်းသည်ကို တွေ့ရပါ ကြောင်း၊ ထို့ကြောင့်ပညာရေးမြှင့်တင်ရေးလုပ်ငန်း များကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း။ 
မြန်မာနိုင်ငံတွင် အခြေခံပညာအထက်တန်း အဆင့် ကျောင်းပေါင်း ၆၁၇၈ ကျောင်း၊ အလယ်တန်း အဆင့် ကျောင်းပေါင်း ၁၅၈၇၇ ကျောင်း၊ မူလတန်း အဆင့် ကျောင်းပေါင်း ၂၅၇၀၅ ကျောင်း စုစုပေါင်း အခြေခံပညာအဆင့် ကျောင်းပေါင်း ၄၇၇၆၀ ရှိပါ ကြောင်း၊ စာသင်ကျောင်းများကို ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ပိတ်ထားခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်သည့်အတွက် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ ထိုသို့ ဖွင့်လှစ်ရာတွင် အထက်တန်းအဆင့် ၅၂၀၉ ကျောင်း၊ အလယ်တန်းအဆင့် ၁၂၇၈၆ ကျောင်း၊ မူလတန်း အဆင့် ၂၁၂၄၇ ကျောင်း စုစုပေါင်း ၃၉၂၄၂ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊  CDM  ပြုလုပ် ခြင်း၊   အကြမ်းဖက်တိုက်ခိုက်နှောင့်ယှက်ခြင်းများ ကြောင့် ကျောင်းအချို့ ဖွင့်လှစ်နိုင်ခြင်းမရှိသေးပါ ကြောင်း၊ အခြေခံပညာအထက်တန်းအဆင့် ကျောင်း သား ကျောင်းသူပေါင်း ၄၂၅၇၉၇ ဦး၊ အလယ်တန်း အဆင့် ၁၅၀၉၅၈၂ ဦး၊ မူလတန်းအဆင့် ၃၂၈၀၅၉၂ ဦး စုစုပေါင်း ၅၂၁၅၉၇၁ ဦး  စားရင်းသွင်းထားရှိ ပါကြောင်း၊ လက်ရှိ အတန်းတက်ရောက်မှုအနေဖြင့် အထက်တန်းအဆင့် ၃၆၃၃၇၂ ဦး၊ အလယ်တန်းအဆင့် ၁၂၄၃၁၆၀၊ မူလတန်းအဆင့် ၂၆၁၉၃၅၅ ဦး စုစုပေါင်း ၄၂၂၅၈၈၇ ဦး       ကျောင်းတက်ရောက်လျက်ရှိပါ ကြောင်း၊   ကျောင်းတက်ရောက်မှုအနေဖြင့်   ၈၁ ရာခိုင်နှုန်းရှိသည့်အတွက် ရာနှုန်းပြည့် ကျောင်းတက် နိုင်ရေးကိုလည်း  ဆက်လက်ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် ကျောင်းသားများ ပညာ သင်ကြားခွင့်မနစ်နာစေရေးအတွက်   ကျောင်းများ အားလုံး  ဖွင့်လှစ်နိုင်ရန်ကြိုးပမ်းခြင်း၊  လိုအပ်သော ဆရာ ဆရာမများ ခန့်ထားခြင်းများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ ကာယကံရှင်များက မိမိတို့ သားသမီး များဘဝ တိုးတက်စေရေးအတွက် ကိုယ်တိုင်ဆန္ဒဖြင့် ကျောင်းတက်နိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ NUG ၊ CRPH နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများ၏    ကျောင်းမတက်ရေး လှုံ့ဆော် ချက်များသည်       တိုင်းရင်းသားပြည်သူလူထု၏ သားသမီးများကို ပညာမဲ့များဖြစ်စေပြီး တိုင်းပြည်နှင့် လူထုကို ကျွန်ဘဝရောက်အောင် လုပ်ဆောင်နေခြင်း ဖြစ်သဖြင့် သတိရှိကြရန်လိုအပ်ပါကြောင်း။ 
အခြေခံပညာ ဆရာ ဆရာမများအနေဖြင့်လည်း အထက်တန်းပြ ၃၂၈၄၇ ဦး၊     အလယ်တန်းပြ ၁၀၅၀၂၈ ဦး၊ မူလတန်းပြ ၁၆၀၀၂၉ ဦး စုစုပေါင်း အခြေခံပညာ ဆရာ ဆရာမပေါင်း ၂၉၇၉၀၄ ဦးရှိပါ ကြောင်း၊ လက်ရှိ စာသင်ကြားပေးနေသည့် ဆရာ ဆရာမများအနေဖြင့် အထက်တန်းပြ ၃၁၈၃၇ ဦး၊   အလယ်တန်းပြ ၁၀၂၉၀၁ ဦး၊   မူလတန်းပြ  ၁၅၅၄၇၀  စုစုပေါင်း ၂၉၀၂၀၈ ဦး     စာသင်ကြားပေးလျက်ရှိပါ ကြောင်း၊                           
စာမျက်နှာ ၁၀ မှ »» 
တာဝန်ကျေပွန်စွာ ထမ်းဆောင်နေကြသော ဆရာ ဆရာမများအား      နိုင်ငံတော်က   တတ်နိုင်သမျှ ချီးမြှောက်သွားမည်ဖြစ်ပါကြောင်း၊       ထို့ကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး    ကောင်စီအနေဖြင့် ပညာရေးမြှင့်တင်ရေးလုပ်ငန်းများကို အလေးထား ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။ 
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ကျောင်းနေအရွယ်     ကလေးငယ်တိုင်း(KG+9)(အခြေခံပညာအလယ်တန်းအဆင့်)အဆင့်ပြီးဆုံး သည်အထိ ပညာသင်ကြားနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိပြီး KG+9 သည် လက်ရှိအစိုးရ၏ ပညာရေး ရည်မှန်းချက်သာ  ဖြစ်ပါကြောင်း၊ KG+9 အဆင့် အနည်းဆုံးပြီးမြောက်မှ Vocational Training ကို ကူးပြောင်းနိုင်မည်ဖြစ်ပါကြောင်း၊ KG+9 ပြီးသည်နှင့် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားရန်အတွက် အခြေခံရသွားမည်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ဆက်လက်တက်ရောက် နိုင်မည်ဖြစ်ပါကြောင်း၊ ထိုမှတစ်ဆင့် အထက်တန်း ပညာ၊ အဆင့်မြင့်ပညာများဆီသွားနိုင်မည်ဖြစ်ပါ ကြောင်း၊ ယင်းအချက်သည် တိုင်းပြည်ပညာရေးကို မြှင့်တင်ခြင်းဖြစ်ပြီး      ထိုသို့မြှင့်တင်နိုင်မှလည်း တိုင်းပြည်၏    အနာဂတ်   ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်နိုင်ရန်  အထောက်အကူရမည်ဖြစ်ပြီး အထူးအလေးထားနိုင်ရန်   လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံသားများအနေဖြင့် မိမိတို့၏ ပညာသင်ယူမှုအခွင့် အလမ်းများ မဆုံးရှုံးစေရေး အလေးထားဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။ 
မူးယစ်ဆေးဝါး အန္တရာယ်တားဆီးနှိမ်နင်းရေး
တစ်မျိုးသားလုံး လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါး အန္တရာယ်တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍လည်း မူးယစ်ဆေးဝါး   တရားမဝင်ရောင်းချသူများသည် လူငယ်များကို ပစ်မှတ်ထားလာကြကာ  အချို့ဒေသ များတွင်  စာသင်ကျောင်းများ ပတ်ဝန်းကျင်သို့ပင် ရောက်ရှိလာကြကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၁ ရက်အထိ မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိမှု အမှုပေါင်း ၆၄၄၄ မှု(တန်ဖိုးငွေကျပ်သိန်း ၉၇၂၇၈၉၁ ဒသမ ၉၈၃ ခန့်)နှင့် ဖမ်းဆီးရမိသူ ကျား/မ စုစုပေါင်း ၉၂၄၉ ဦးထိ ရှိခဲ့ပါကြောင်း၊ ကြီးမားသောအန္တရာယ်ကို ဘက်ပေါင်း စုံမှ တားဆီးနှိမ်နင်း၍ ကာကွယ်လျက်ရှိပါကြောင်း။
နိုင်ငံတော်၏ လက်ရှိအခြေအနေအရ နိုင်ငံတော် တာဝန်ကို ဆက်လက်ထမ်းဆောင်မည့် အခြေအနေ များနှင့်ပတ်သက်၍    ရှေ့ပိုင်းတွင်   နိုင်ငံတော်၏ လက်ရှိ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ရှေ့ဆက်လက်လုပ်ဆောင်မည့် လုပ်ဆောင်ချက်များ ကို အကျဉ်းချုပ်တင်ပြပြီး ဖြစ်ပါကြောင်း၊ မိမိတို့ အစိုးရအနေဖြင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေ ကြေညာ၍ အခြေခံဥပဒေပုဒ်မ ၄၁၇ အရ နိုင်ငံတော် တာဝန်ရယူထားချိန်တွင် တာဝန်များအား စွမ်းအား ရှိသမျှ ကြိုးစားထမ်းဆောင်ခဲ့သော်လည်း ပြည်တွင်း/ပြည်ပ နှောင့်ယှက်ဟန့်တားမှုများ  ရှိခဲ့ပါကြောင်း၊ ဖြစ်ပေါ်နေသည့် အခြေအနေများအား ခြုံငုံသုံးသပ် ကြည့်လျှင် ပြည်တွင်း/ ပြည်ပ အကြမ်းဖက်သမားများ နှင့်  ၎င်းတို့ကို  အားပေးနေသည့် လူပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများ၏ လိုလားချက်သည် ဒီမိုကရေစီထက် မြန်မာနိုင်ငံ အလုံးစုံပျက်သုဉ်းရေးကိုသာ ဦးတည်နေ ပါကြောင်း၊ လက်ရှိအခြေအနေမှာလည်း ချင်းပြည်နယ် နှင့်    စစ်ကိုင်းတိုင်းဒေသကြီး      အချို့တို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ၊  ဖျက်ဆီးမှုများရှိနေ သကဲ့သို့ နိုင်ငံအတွင်း  မြို့နယ်အချို့တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများခန့်ထားရန်   ရှိနေပါ ကြောင်း၊   ထို့ကြောင့်  လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပုဒ်မ ၄၂၉ အရ  ကျင်းပနိုင်ရန်အတွက်  ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းများ    ကျန်ရှိနေပါသေး ကြောင်း၊ အစီရင်ခံတင်ပြခဲ့သည့် အခြေအနေများအရ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ နိုင်ငံရေးအရ အရေးပေါ်ကာလအား နောက်ထပ် ခြောက်လတိုးမြှင့် သွားရန် လိုအပ်သည်ဟု တင်ပြလိုပါကြောင်း၊ အဆိုပါ ကာလအတွင်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့ဘဝလုံခြုံရေးနှင့် ငြိမ်းချမ်းရေးကိစ္စများကို အထူးဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူတစ်ရပ် လုံးက ဝိုင်းဝန်းဆောင်ရွက်မှသာ ပြည်သူ့လိုလားချက် ဖြစ်သည့်   “စစ်မှန်စည်းကမ်းပြည့်ဝသော   ပါတီစုံ ဒီမိုကရေစီစနစ်”လမ်းကြောင်းမှန်ကို ပြန်လည် ရောက်ရှိလာမည် ဖြစ်ပါကြောင်း။
ကြိုးပမ်းဆောင်ရွက်လျက်ရှိ
နိုင်ငံတော်အစိုးရအနေဖြင့် တာဝန်ယူမှု၊ တာဝန် ခံမှုအပြည့်ဖြင့်   နိုင်ငံ့အကျိုး၊  ပြည်သူ့အကျိုးကို အစွမ်းကုန်      ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါ ကြောင်း၊ “စစ်မှန်စည်းကမ်းပြည့်ဝသော   ပါတီစုံ ဒီမိုကရေစီစနစ်”နှင့် “ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး” ကို အာမခံပါကြောင်း၊ ကတိကဝတ်များအတိုင်း ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊     ပြည်သူတစ်ရပ်လုံးက   နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ ကောင်းသောအနာဂတ် ဖြစ်လာ စေရေး ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းနှိုးဆော်အပ် ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီအဖွဲ့ဝင်များက တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တင်ပြ သည့်  အရေးပေါ်အခြေအနေ  ကြေညာထားသည့် ကာလအား သက်တမ်းတိုးမြှင့်ရေးအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၂၅ နှင့်အညီ အရေးပေါ်အခြေ အနေကြေညာထားသည့်ကာလအား ခြောက်လ ထပ်မံ သက်တမ်းတိုးမြှင့်ခြင်းနှင့်ပတ်သက်၍ ယာယီ သမ္မတ ဦးမြင့်ဆွေက စတင်၍ နိုင်ငံတော်ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီဝင်များက အလှည့်ကျဆွေးနွေး ကြပြီး သဘောတူထောက်ခံပါကြောင်း အတည်ပြု တင်ပြကြသည်။
ဖြည့်စွက်ဆွေးနွေး
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ဖြည့်စွက်ဆွေးနွေးရာတွင် “ကျွန်တော်တို့ ပြီးခဲ့တဲ့ ကာလအတွင်းမှာ     ပဋိပက္ခတွေဖြစ်ပွားတဲ့အခါ  တတ်နိုင်သလောက် သွေးထွက်သံယိုမှုအနည်းဆုံး၊ အာဃာတတရားအနည်းဆုံးဖြစ်အောင် ရည်ရွယ်ပြီး တော့မှ ထိန်းသိမ်းဆောင်ရွက်ခဲ့တာရှိပါတယ်၊ အထူး သဖြင့် ပြည်သူတွေကို ကာကွယ်တဲ့နေရာမှာ ပြည်သူ များအားလုံးကို ကျွန်တော်တို့ ကာကွယ်မှုမပေးနိုင် တာတော့ ရိုးသားစွာဝန်ခံပါတယ်၊ ဒါကတော့ မြန်မာ နိုင်ငံ  ရဲတပ်ဖွဲ့နဲ့ တပ်မတော်သားတွေကိုလည်း လိုအပ်တဲ့နေရာမှာ    တစ်နိုင်ငံလုံးဖြန့်ကြက်ပြီး ဆောင်ရွက်ရတဲ့အတွက်ကြောင့် ကျွန်တော်တို့ဒီမှာ ပြည်သူအားလုံးကိုလည်း အလုံးစုံကာကွယ်မှုတော့ မပေးနိုင်ခဲ့ပါဘူး၊ တချို့ပြည်နယ်နှင့် တိုင်းများဖြစ်တဲ့၊ အခုအခြေအနေမှာ ကယားပြည်နယ်၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အချို့မြို့နယ်တွေမှာ အကြမ်းဖက်မှု ဖြစ်စဉ်များ ရှိနေဆဲဖြစ်ပါတယ်၊ ဒါကိုလည်း အတတ် နိုင်ဆုံး ဆောင်ရွက်လျက်ရှိပါတယ်၊   အဆိုးဆုံးက တော့ အုပ်ချုပ်ရေးအဖွဲ့မှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ်များ လုပ်ကြံသတ်ဖြတ်ခံရခြင်းဖြစ်ပါတယ်၊ ပြည်နယ်နဲ့  တိုင်း အသီးသီးမှာရှိတဲ့  မြို့နယ် ၁၀၉ မြို့နယ်မှာ ဖြစ်စဉ်ပေါင်း ၂၇၂ ကြိမ်ရှိပြီးတော့မှ လုပ်ကြံသတ်ဖြတ် ခံရသူပေါင်း ၂၈၂ ယောက်ရှိခဲ့ပါတယ်၊ တစ်ခါ ဒီထက် ဆိုးတာကတော့ ပညာရေးဝန်ထမ်းများနဲ့ ကျန်းမာ ရေးဝန်ထမ်းများကို  သတ်ဖြတ်ခြင်းဖြစ်ပါတယ်၊ ကျောင်း ဆရာ  ဆရာမ  ၃၀  ဦးကို သတ်ခဲ့တာ ရှိပါ တယ်၊ ကျောင်းတွေမီးရှို့ဖျက်ဆီးခဲ့တာ ၅၀၄ ကြိမ် ရှိပါတယ်၊ ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်ခဲ့ တာ ရှိပါတယ်၊ တိုက်ခိုက်ခဲ့တာရှိပါတယ်၊ ဒါကြောင့် အများပြည်သူတွေရဲ့ လူမှုစီးပွားဘဝတိုးတက်ရေး အတွက် အဓိကလိုအပ်ချက်ဖြစ်တဲ့    ပညာသင်ကြား ရေးနဲ့  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ ဒီထက်ပိုပြီး  ထိထိရောက်ရောက်    ဆောင်ရွက်နိုင်ဖို့ အတွက် အချိန်တစ်ခုပေးပြီးတော့ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်၊ ဒါလည်း ကောင်စီဝင်များအနေနဲ့ ထည့်သွင်းစဉ်းစားပြီးတော့မှ ထားဖို့တင်ပြလိုပါတယ်၊ ထောက်ခံတင်ပြပေးတဲ့အတွက်လည်း ကျွန်တော် ကျေးဇူးတင်ပါတယ်၊   ဒါပေမဲ့  လုပ်ဆောင်ရတဲ့ လုပ်ငန်းပမာဏကလည်း တော်တော်လေး ကြီးမားပါ တယ်၊ အခုဆိုရင်လည်း ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့     ထိန်းချုပ်နိုင်ပြီဆိုသော်လည်းပဲ အိုမီခရွန်တွေ့ရှိမှုကလည်း ရှိနေပါတယ်၊ တွေ့ရှိမှုရှိတဲ့ အတွက်ကြောင့် ဒါကိုလည်း  သတိကြီးစွာထားပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊  ဒါကိုထိန်းချုပ်နိုင်ဖို့ အတွက်   တစ်ဖက်က  နေထိုင်မှုစည်းကမ်းတွေကို ထိန်းချုပ်သလိုပဲ တစ်ဖက်ကကာကွယ်ခြင်း ကုသ ခြင်းအပိုင်းတွေ၊ လိုအပ်တဲ့ပစ္စည်းတွေ၊ ဆေးဝါးနဲ့ ပစ္စည်းတွေကိုလည်း ကျွန်တော်တို့ ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်၊   ဒီအတွက်လည်း  ကျွန်တော်တို့ တော်တော့်ကို ကြိုးစားရမှာဖြစ်ပါတယ်၊ ဒါတွေက စဉ်ဆက်မပြတ်သုံးရမှာ     ဖြစ်တဲ့အတွက်ကြောင့် ငွေကုန်ကြေးကျများမှာဖြစ်ပါတယ်၊        ဒါကြောင့် တိုင်းပြည်စီးပွားရေးမြှင့်တင်ဖို့အတွက်လည်း လိုပါ တယ်၊ ဒါ့ကြောင့်ကျွန်တော်က တိုင်းပြည်ရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကုန်ထုတ် လုပ်မှုနဲ့ စားကုန်၊ သောက်ကုန်၊ သုံးကုန်ပစ္စည်းတွေ အားလုံးကို ပြည်တွင်းမှာပဲ ဖူလုံအောင်ထုတ်ရမယ်၊ ပြည်ပကနေ လုံးဝမသွင်းရဘူးဆိုပြီး မူဝါဒချမှတ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်၊ ဖေဖော်ဝါရီလကနေ ကျွန်တော်တို့   ဒီဘက်ပိုင်းကိုတော့     နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့    သက်ဆိုင်ပါ တယ်၊ ကျွန်တော်တို့ တော်တော်လေး ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့် ဒေါ်လာ သန်းပေါင်း ၆၄၀ လောက် ပိုငွေပြခဲ့ပါတယ်၊ လက်ရှိ အခြေအနေမှာ ဇန်နဝါရီလအထိ ၉၉ သန်းပိုပါတယ်၊ ကုန်သွယ်မှု ပိုငွေရှိပါတယ်၊ ဒီဖေဖော်ဝါရီလမှာလည်း သေချာပေါက် ပိုငွေရှိပါတယ်၊ အဓိကတော့ တောင်သူ တွေကနေ၊ ကျေးလက်နေပြည်သူတွေရဲ့ ကုန်ထုတ် လုပ်မှုတွေကို မြှင့်တင်ပေးမယ်ဆိုရင် ကျွန်တော်တို့ အိမ်နီးနားချင်း တိုင်းပြည်တွေမှာတင် ကျွန်တော်တို့ ဈေးကွက်ရှိပါတယ်၊ တရုတ်ရယ်၊ ဘင်္ဂလားဒေ့ရှ်ရယ်၊ အိန္ဒိယရယ်၊ ဒီသုံးနိုင်ငံက ကျွန်တော်တို့ရဲ့ စိုက်ပျိုးရေး မွေးမြူရေးထုတ်ကုန်တွေ အကုန်ယူပါတယ်၊ သူတို့က၊ ကျွန်တော်တို့ဈေးကွက်ကြီးရှိနေတယ်၊ တောင်သူ တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအားဖြင့် တစ်ဖက်က သူတို့ရဲ့ အခြေခံစီးပွားရေးကောင်းလာရင်၊  ဝင်ငွေကောင်းလာရင်၊ လူမှုစီးပွားတက်လာလို့ရှိရင် သူတို့ရဲ့လူမှုစီးပွားဘဝတက်လာလိမ့်မယ်၊ မြင့်လာ လိမ့်မယ်၊ ပညာသင်ကြားနိုင်လာလိမ့်မယ်၊ ပိုက်ဆံ မရှိလို့ မသင်ရတဲ့ဆင်ခြေမျိုးတွေ လျော့သွားမှာဖြစ် ပါတယ်၊ တစ်ဖက် တိုင်းပြည်ဝင်ငွေလည်းရမယ်၊ တိုင်းပြည်အတွက် အခွန်အခလည်းရမယ်၊ ဒါကြောင့် ကျွန်တော်က ပြည်တွင်းစီးပွားရေးကိုတော့ အလေး ထားတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံခြားကလည်း ဝေဖန်မှုတွေရှိပါတယ်၊ ကျွန်တော်တို့ ပြည်တွင်းကို အလွန်အကျွံအားပေးတယ်ဆိုပြီးတော့ ဒါတွေလည်း ဝေဖန်မှုတွေရှိတယ်၊ ကျွန်တော်ထင်ပါတယ်၊ ဒါက တော့ အဖျက်လုပ်ငန်းလုပ်တယ်လို့  ထင်ပါတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့ အမျိုးသားကာကွယ် ရေးနဲ့ လုံခြုံရေးကောင်စီအနေနဲ့ သိရှိနိုင်ဖို့ကတော့ ကျွန်တော်တို့အနေနဲ့ ပြည်တွင်းရေးကို အင်အား ခိုင်မာအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ တိုင်းပြည် ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်၊ ဘယ်မှာမှ သွားရှာလို့မရပါဘူး ပြည်တွင်းအားကိုပဲ ရအောင် လုပ်ရမှာ ဖြစ်ပါတယ်၊   ပြည်တွင်းစီးပွားရေးအား၊ ပြည်တွင်းနိုင်ငံရေးခိုင်မာမှုအင်အား၊   ပြည်တွင်း ကာကွယ်ရေးစွမ်းပကား၊      ဒီအားသုံးအားကို ကျွန်တော် ဒီရတဲ့အချိန်လေးအတွင်းမှာ ကြိုးစား တည်ဆောက်သွားမယ်ဆိုတာ ကျွန်တော်တင်ပြလိုပါ တယ်”ဟု ပြောကြားသည်။
ယင်းနောက်    ယာယီသမ္မတ    ဦးမြင့်ဆွေက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် အခက်အခဲပေါင်းစုံကြားမှ စနစ်တကျစီမံဆောင်ရွက် ၍   ဘက်စုံထောင့်စုံမှ  ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်း ကြောင့်    နိုင်ငံအနေဖြင့်  ထိုက်သင့်သလောက် တိုးတက်မှုရှိလာသည်မှာ   အားလုံးအသိပင်ဖြစ် ကြောင်း၊ ပြည်တွင်းထုတ်ကုန်များအား ပြည်ပသို့ တင်ပို့နိုင်အောင် ဆောင်ရွက်မှုများအောင်မြင်လာပြီ ဖြစ်ကြောင်း၊  ယနေ့  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ တင်ပြချက်များအရ ကောင်စီဝင်များ အားလုံး ကြိုးပမ်းဆောင်ရွက်မှုများကြောင့် အခက် အခဲများမှ တိုးတက်လာခြင်းဖြစ်ကြောင်း၊ ပြည်တွင်း ပြည်ပမှ အဖျက်အမှောင့်များမရှိပါက ယခုထက်ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း၊  ထို့ကြောင့် ယနေ့ အစည်းအဝေးသို့  တက်ရောက်လာကြသူများ၏ တင်ပြချက်များအရ အရေးပေါ်အခြေအနေ ကြေညာ ထားသည့် ကာလအား ခြောက်လ သက်တမ်းတိုး လိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်  လုံခြုံရေးကောင်စီ အစည်းအဝေး(၁/၂၀၂၂) အား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။                                      

    သတင်းစဉ်