ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ရုံးအုပ်နှင့် ဌာနခွဲစာရေးများ လုပ်ငန်းကျွမ်းကျင်မှုသင်တန်းဆင်း

နေပြည်တော်   ဖေဖော်ဝါရီ   ၂၆
ရုံးအုပ်နှင့်     ဌာနခွဲစာရေးများ လုပ်ငန်းကျွမ်းကျင်မှု   သင်တန်း အမှတ်စဉ်    ၁/၂၀၂၁   သင်တန်း ဆင်းပွဲ အခမ်းအနားကို  ယနေ့   နံနက်  ၁ဝ  နာရီက ပြည်ထောင်စု ရှေ့နေချုပ်ရုံး မြေညီထပ်အစည်း အဝေးခန်းမ၌ ကျင်းပသည်။  
အခမ်း             အနားတွင် ပြည်ထောင်စု               ရှေ့နေချုပ် ဒေါက်တာသီတာဦးက   သင်တန်း ကာလမှာ ၁၅ ရက်ဖြစ်၍ သင်တန်း ပို့ချချိန်  ၄၂  ချိန်တွင်   စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်၍ အရည်အသွေးပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာမည် ဟု      ယုံကြည်ပါကြောင်း၊    ဤ သင်တန်းမှ     တန်ဖိုးမဖြတ်နိုင် သော လုပ်ငန်းအတွေ့အကြုံများ နှင့်   ဗဟုသုတများ    ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ ဘဝ တစ်လျှောက်လုံး အသုံးချသွားနိုင် မည့် ပညာများဖြစ်ကြောင်း၊ မိမိ တို့ လက်အောက်အမှုထမ်းများ ကို    ရှေ့ဆောင်လမ်းပြ   သွန်သင် ပြသပေးကြရန်     လိုအပ်သည့် အပြင်   မိမိအထက်အရာရှိများ အပေါ်  လေးစားခြင်း၊  အမိန့်နာခံ ခြင်းများရှိကြရန်   လိုမည်ဖြစ်ပါ ကြောင်း မှာကြားသည်။ 
ထို့နောက်      သင်တန်းမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာ လွင်က   သင်တန်းဆင်း   အစီရင် ခံစာကို ဖတ်ကြားရှင်းလင်းတင်ပြ ကာ ပြည်ထောင်စုရှေ့နေချုပ်က သင်တန်းတွင် ဆုရရှိသူအသီးသီး အား ဆုများပေးအပ် ချီးမြှင့်သည်။
အခမ်းအနားသို့ ပြည်ထောင်စု      ရှေ့နေချုပ်ရုံး       ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်          များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်း ဆရာ/ဆရာမများ၊   သင်တန်း သား၊ သင်တန်းသူများ    တက် ရောက်ခဲ့ကြောင်း သိရသည်။ 
သတင်းစဉ်