ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ (၄၂) ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံသို့ တက်ရောက်

 

 

နေပြည်တော်  ဩဂုတ် ၂၃ 


(၄၂) ကြိမ်မြောက်    အာဆီယံ ပါလီမန်များ အထွေထွေညီလာခံ (42nd   General  Assembly  of ASEAN   Inter-Parliamentary Assembly) ကို      ဘရူနိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ    ကွန်ဗင်းရှင်း ဗဟိုဌာန၌ ယနေ့ နံနက် ၈ နာရီခွဲ က    Virtual  စနစ်ဖြင့်   ကျင်းပ ရာ    ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့်  မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်  ပြည် ထောင်စုရှေ့နေချုပ်ရုံး  အစည်း အဝေးခန်းမမှ ပါဝင်တက်ရောက်ခဲ့ ကြသည်။ 
အစည်းအဝေးတွင်     ပြည် ထောင်စုရှေ့နေချုပ်က      မြန်မာ နိုင်ငံသည်     အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ      ဖြစ်သည်နှင့် အညီ  အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးနှင့်     ဒေသ တွင်း ပေါင်းစည်းမှု  ရရှိစေရေးတို့ အတွက်  အာဆီယံနိုင်ငံများနှင့် အတူ ပူးပေါင်းအကောင်အထည် ဖော်     ဆောင်ရွက်လျက်ရှိပါ ကြောင်း၊    မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့်      ချစ်ကြည် ရင်းနှီးသော     ဆက်ဆံရေးကို ဆက်လက်  ထိန်းသိမ်းသွားမည့် အပြင် AIPA ၏ လုပ်ငန်းစဉ်များ တွင်လည်း   တက်ကြွစွာ    ပါဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အထွေထွေညီလာခံ ကို   ဩဂုတ် ၂၃  ရက်မှ  ၂၅ ရက် အထိ ၃ ရက် ကျင်းပသွားမည်ဖြစ် ပြီး “Forging Parliamentary Cooperation in Digital Inclu-sion  towards  ASEAN  Com-munity    2025”      ခေါင်းစဉ်ဖြင့် စီးပွားရေးလုပ်ငန်းများတွင် အမျိုး သမီးများ ပါဝင်ဆောင်ရွက်နိုင်မှု၊ ဆိုက်ဘာလုံခြုံရေးနှင့်  သတင်း အချက်အလက်   အကာအကွယ် ပေးမှု    မြှင့်တင်ခြင်း၊    အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး နှင့်  စပ်လျဉ်းသည့်   လွှတ်တော် ဆိုင်ရာကိစ္စရပ်များ၊  အငယ်စား၊ အသေးစား၊   အလတ်စား  စက်မှု လုပ်ငန်းများဆိုင်ရာ    ဒစ်ဂျစ်တယ် နည်းပညာ လက်လှမ်းမီနိုင်ရေး လုပ်ငန်းများ၊ ကိုဗစ်-၁၉ အလွန် ခရီးသွားမှုကဏ္ဍ ပူးပေါင်းဆောင် ရွက်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရေးအတွက်  ပူးပေါင်းဆောင်ရွက်ခြင်းတို့နှင့်    စပ်လျဉ်း ၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။ 
(၄၂) ကြိမ်မြောက် အာဆီယံ ပါလီမန်များ၏      အထွေထွေ ညီလာခံသို့ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးမှ   ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊  ပြည်ထောင်စု လွှတ်တော်ရုံးတို့မှ      ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဦးဘုန်း ကြည်အောင်၊      ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးဆန်းလင်းနှင့်     ဒေါက်တာ ကျော်သူဟိန်းတို့ တက်ရောက်ခဲ့ ကြကြောင်း သိရသည်။ 
   သတင်းစဉ်