ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာနီပေါနိုင်ငံသံအမတ်ကြီး၊ နီပေါနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

Image not available
 
 
 
နေပြည်တော် ဖေဖော်ဝါရီ ၂၁
 
 
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး Mr.Bhim K.Udas ၊ နီပေါနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ Mr. Kishor Shrestha နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင် (ဟံသာဝတီ ဦးအုန်းကြိုင်) တို့ ဦးဆောင်သည့် အဖွဲ့ဝင်များအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
 
 
ရင်းနှီးပွင့်လင်းစွာဆွေးနွေး
 
တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်း မြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရမည်ဆိုသည့် စံ (၅) ချက်နှင့်အညီ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ နီပေါနိုင်ငံရွေးကောက်ပွဲ သတင်း ရယူရေးဆိုင်ရာ အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ သည်။
 
သတင်းစဉ်