ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရန်ကုန်တိုင်းဒေသကြီးနယ်မြေအတွင်းရှိ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၃ ပါတီမှ တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံများ တွေ့ဆုံပွဲအခမ်းအနားကျင်းပ

 

ရန်ကုန်   အောက်တိုဘာ   ၂၈


ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် နှင့်         ရန်ကုန်တိုင်းဒေသကြီးနယ်မြေ အတွင်းရှိ  မှတ်ပုံတင်ခွင့်ပြုပြီး  နိုင်ငံရေး ပါတီ ၁၃ ပါတီမှ   တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံများ   တွေ့ဆုံပွဲအခမ်းအနား ကို ယနေ့နံနက် ၁၀ နာရီက  ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံး  မင်္ဂလာခန်းမ၌  ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး နှင့် ကော်မရှင်အဖွဲ့ဝင်များ တက်ရောက် ကြသည်။       


ဦးစွာ   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက     နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို    ၂၀၂၃    ခုနှစ် ဇန်နဝါရီ  ၂၆  ရက်တွင်  လည်းကောင်း၊ နည်းဥပဒေများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင်လည်းကောင်း ပြဋ္ဌာန်းခဲ့ပါ ကြောင်း၊   အဆိုပါ   နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ ရက်ပေါင်း ၆၀ အတွင်း ယခင်နိုင်ငံရေးပါတီ ၅၀ က မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားခဲ့ပြီး ပါတီအသစ် ၁၄ ပါတီလျှောက်ထားလာခဲ့ ရာ      စုစုပေါင်း     ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားလာသည့်  ပါတီ ၆၄  ပါတီ အနက် ၃၇ ပါတီကို ဥပဒေနှင့်အညီ ပါတီ မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း၊   နိုင်ငံ တစ်ဝန်းစည်းရုံးမည့်ပါတီဖြစ်ပါက ပါတီ ဝင်အင်အား အနည်းဆုံး ၁၀၀၀၀၀ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်းသာ  စည်းရုံးမည့်ပါတီ  ဖြစ်ပါက ပါတီဝင်ဦးရေ  အနည်းဆုံး ၁၀၀၀ ကို မှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီးသည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း စုဆောင်းရမည် ဟု   ဥပဒေတွင်   ပြဋ္ဌာန်းထားပြီးဖြစ်ပါ ကြောင်း၊ ထို့အတူ မှတ်ပုံတင်ခွင့်ရသည့်နေ့ မှစ၍ ရက်ပေါင်း ၁၈၀ အတွင်း ဥပဒေအရ အနည်းဆုံး သတ်မှတ်ထားသည့် ရုံးခန်း အရေအတွက်ကို     ဖွင့်လှစ်ရမည်ဖြစ်ပါ ကြောင်း၊          သတ်မှတ်ကာလအတွင်း အနည်းဆုံး စည်းရုံးရမည့်  ပါတီဝင်ဦးရေ မပြည့်မီခြင်း၊   သတ်မှတ်ကာလအတွင်း  ရုံးခန်းဖွင့်လှစ်နိုင်ခြင်းမရှိပါက နိုင်ငံရေး ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်ရှိမည် မဟုတ်ပါကြောင်း။  

 
ယခုကဲ့သို့          နိုင်ငံရေးပါတီများ ထူထောင်မှုကို       စနစ်တကျဖြစ်စေရန် ကော်မရှင်မှစိစစ်ရခြင်းမှာ နိုင်ငံရေးပါတီ များသည်  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံ၍ နိုင်ငံ၏   အုပ်ချုပ်ရေးနှင့်   ဥပဒေပြုရေး လုပ်ငန်းများတွင် ပါဝင်ထမ်းဆောင်မည့် သူများ    ဖြစ်လာမည်ဖြစ်၍    ဥပဒေနှင့် ညီညွတ်သည့်  ခိုင်မာအားကောင်းသော ပါတီထူထောင်မှုရရှိစေရန် ဖြစ်ကြောင်း၊ လွတ်လပ်ပြီးတရားမျှတသော   ပါတီစုံ ဒီမိုကရေစီ      အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း၊   လာမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်စာရင်းများ မှန်မှန်ကန်ကန်ဖြစ်စေရေး၊ မဲမသမာမှုများ မဖြစ်စေရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ         ကွန်ပျူတာ တက္ကသိုလ်များမှ ပညာရှင်များ၏ နည်း ပညာနှင့်ကျွမ်းကျင်မှု အကူအညီရယူပြီး CVLMS  (Central  Voter  List  Manage-ment  System) ဆော့ဝဲလ်အပါအဝင် အဆင့်မြင့် အိုင်တီနည်းပညာများ အသုံး ပြု ဆောင်ရွက်လျက်ရှိကြောင်း၊  မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM) ကို မြန်မာနိုင်ငံမှ ပညာရှင်များ၏ အကူ အညီဖြင့် တီထွင်ပြုလုပ်ခဲ့ပြီး ယခုအခါ ဝန်ကြီးဌာနများမှ          ဝန်ထမ်းများ၊ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ  မြို့နယ်များမှ  ပြည်သူများကို လက်တွေ့ စမ်းသပ်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေ ကြောင်း ရှင်းလင်းပြောကြားသည်။

 
အမှာစကားပြောကြား


ထို့နောက် တက်ရောက်လာကြသည့်  နိုင်ငံရေးပါတီများမှ  တိုင်းဒေသကြီးပါတီ တာဝန်ခံများက   ပါတီဝင်အင်အားစာရင်း များ    ဥပဒေနှင့်အညီ   မှန်ကန်စေရေး အတွက်    စစ်ဆေးဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ နှင့်  တွေ့ကြုံရသည့်  အခက်အခဲများကို တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက တင်ပြချက်များအပေါ် အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေး ပြီး        နိဂုံးချုပ်အမှာစကားပြောကြား သည်။ 


ပါတီတာဝန်ခံများ တက်ရောက်ခဲ့


တွေ့ဆုံပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ရန်ကုန် တိုင်းဒေသကြီး  အစိုးရအဖွဲ့ အတွင်းရေး မှူး၊ ခရိုင်/  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူးများ၊ တိုင်း ဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှ  အတွင်းရေးမှူးများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်        ဖွံ့ဖြိုးရေး ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊      အမျိုးသား နိုင်ငံရေးမဟာမိတ်များ  အဖွဲ့ချုပ်ပါတီ၊ ပြည်သူ့အလုပ်သမားပါတီ၊   မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက် တစ်ပါတီ၊           ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား          ဒီမိုကရေစီပါတီသစ်၊ အမျိုးသား နိုင်ငံရေးအားမာန်သစ်ပါတီတို့ မှ တိုင်းဒေသကြီးအဆင့် ပါတီတာဝန်ခံ များ     တက်ရောက်ခဲ့ကြောင်း    သိရ သည်။ 


သတင်းစဉ်