ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒက္ခိဏသီရိမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသ၊လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်း ပထမနေ့ဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ ၁၄


ပြည်ထောင်စု     ရွေးကောက်ပွဲ ကော်မရှင်က   မဲဆန္ဒရှင်ပြည်သူ များနှင့်တွေ့ဆုံ၍ မြန်မာအီလက် ထရောနစ်မဲပေးစက် (MEVM) နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေး ခြင်းများကို ယနေ့တွင် ပထမနေ့ အဖြစ်    ဒက္ခိဏသီရိမြို့နယ်၌ ဒက္ခိဏသီရိမြို့နယ်  အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန   အစည်း အဝေးခန်းမတွင်            ဆောင်ရွက် သည်။


လက်တွေ့စမ်းသပ်မဲပေး


ရှေးဦးစွာ          ပြည်ထောင်စု နယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ       ရွေးကောက်ပွဲအရာရှိ ဦးအောင်စိုးဝင်းနှင့်   တာဝန်ရှိသူ များက   ရှင်းလင်းဆွေးနွေးခဲ့ကြ ပြီး      မဲဆန္ဒရှင်ပြည်သူများက လက်တွေ့ စမ်းသပ်မဲပေးခဲ့ကြရာ မဲပေးစက်၏     ထိန်းချုပ်စက် (Control Unit) ကို မဲဆန္ဒရှင်များ ကိုယ်တိုင်  ကိုင်တွယ်ဆောင်ရွက် ခြင်း၊ မဲပေးစက်မှ ထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို   တိုက်ဆိုင် စစ်ဆေး၍  မဲရလဒ်  မှန်   မမှန် စိစစ်ခြင်းတို့ကို           စနစ်တကျ ဆောင်ရွက်ခဲ့ကြသည်။


ယုံကြည်သဘောကျ


ထိုသို့   ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်များအနေဖြင့် အချိန်တို အတွင်း မဲပေးစက်ကို နည်းစနစ် တကျ ကိုင်တွယ်နိုင်ခဲ့ပြီး မဲပေးရာ တွင် ရှင်းလင်းလွယ်ကူစွာ မဲပေး နိုင်ခြင်း၊ မဲရလဒ်များ တိုက်ဆိုင် စစ်ဆေးရာတွင်    မှန်ကန်တိကျမှုရှိ ခြင်း၊ ပယ်မဲများ မရှိတော့ခြင်း၊ မဲမသမာမှု မပြုလုပ်နိုင်ခြင်း၊ မဲပေး ခြင်းမှသည် မဲရေတွက်ခြင်းအထိ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက် နိုင်ခြင်းတို့ကို   လက်တွေ့သိရှိခဲ့ရ သည့်အတွက်   မြန်မာအီလက် ထရောနစ် မဲပေးစက် (MEVM) အပေါ်    ယုံကြည်သဘောကျ  နှစ်ခြိုက်မှုရှိစွာဖြင့်       မဲပေး ဆောင်ရွက်ခဲ့ကြသည်။


စမ်းသပ်မဲပေးဆောင်ရွက်မည်


အခမ်းအနားသို့   လယ်ဝေး ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ  လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်စွာ၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်း၊ မြို့နယ်အဆင့်     ဌာနဆိုင်ရာများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်  ဖွံ့ဖြိုး ရေးပါတီနှင့်        တိုင်းရင်းသား စည်းလုံး    ညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်များ၊ ဒက္ခိဏသီရိ ရပ်ကွက်၊ ရွှေအင်ကြင်းရပ်ကွက် နှင့်  ရန်အောင်မြင်ကျေးရွာအုပ်စု တို့မှ          အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့်   မဲဆန္ဒရှင် ပြည်သူများ  တက်ရောက်ခဲ့ကြ သည်။ ဒက္ခိဏသီရိမြို့နယ်အတွင်း ရှိ   ရပ်ကွက်နှင့်   ကျေးရွာအုပ်စု ၁၀    ခုမှ     မဲဆန္ဒရှင်ပြည်သူများ ကို    ရှင်းလင်းသရုပ်ပြခြင်းနှင့် စမ်းသပ်      မဲပေးခြင်းများကို နိုဝင်ဘာ ၁၇ ရက်အထိ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။                        

သတင်းစဉ်