ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် Yangon Revolution Force -YRF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များကို လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 

နေပြည်တော်   မေ    ၂၀
၂၀၂၃     ခုနှစ်        ဧပြီ    ၂၂    ရက်    မွန်းလွဲပိုင်းတွင်    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်    ဒုတိယ ညွှန်ကြားရေးမှူးချုပ်   ဦးစိုင်းကျော်သူသည်   ဇနီး ဖြစ်သူအား   “အောင်ရတနာ” အထူးကုဆေးရုံသို့  မော်တော်ယာဉ်ဖြင့်ပို့ဆောင်ပြီး      ပြန်လာခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်  (၁၆/၂)ရပ်ကွက် ဝေဇယန္တာ လမ်း  အမှတ်(၁၆)လမ်းဆုံအနီးသို့  ရောက်ရှိစဉ် (စိစစ်ဆဲ)ကျားနှစ်ဦးမှ မော်တော်ယာဉ်ရှေ့၌ ပိတ်ရပ် ၍    ပစ္စတိုနှစ်လက်ဖြင့်    ပစ်ခတ်ခဲ့သောကြောင့် ဦးစိုင်းကျော်သူ  သည်  ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍   လုံခြုံရေးတပ်ဖွဲ့ဝင်များက    ပြစ်မှု ကျူးလွန်ခဲ့သည့်  တရားခံများအား  ဖမ်းဆီးရမိရေး အတွက် နေ့/ညမပြတ် အရှိန်အဟုန်မြှင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး တရားမျှတမှုကိုလိုလား၍ အကြမ်း ဖက်မှုကိုမလိုလားသည့်  ပြည်သူများ၏ လျှို့ဝှက် သတင်းပေးပို့မှုများကြောင့်  မေ  ၁၂ ရက်  နံနက် ပိုင်းတွင် ဦးစိုင်းကျော်သူအား   လုပ်ကြံသတ်ဖြတ် ရာတွင်   စက်ဘီးဖြင့်   အခြေအနေကြည့်ရှုပေးသူ တရားခံ   အာကာထက်ကျော် (ခ)အောင်သုခ ကို Glock ပစ္စတို တစ်လက်၊  ကိုးမမကျည် အတောင့် ၂၀ တို့နှင့်အတူ စမ်းချောင်းမြို့နယ်  လင်းလွန်းမြောက် ရပ်ကွက်  ဇလွန်လမ်း ငါးလွှာ(A) အိမ်အမှတ် ၃၅ ၌  ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ    အာကာထက်ကျော်(ခ)အောင်သုခ၏ ထွက်ဆိုချက်အရ ယင်းနေ့ နံနက် ပိုင်းတွင်    မြောက်ဥက္ကလာပမြို့နယ်  အမှတ်(၁)ရပ်ကွက် သုမိတ္တာ ၁၀ လမ်း  အိမ်အမှတ် ၄၀၇ ၌ တရားခံ ရဲကျော်ပိုင်(ခ)မောင်ကြီး အား လက်လုပ် သေနတ်   ကိုယ်ထည်တစ်ခု၊ လက်ပစ်ဗုံး တစ်လုံး၊ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ ပွိုင့် ၃၈၀ ကျည် ၁၀ တောင့်၊   ၁၂ ဗို့ကျည် ငါးတောင့်၊  ကျည်ကာအင်္ကျီ   ရှစ်ထည်၊ လက်ကိုင်ဖုန်း နှစ်လုံးတို့ဖြင့် လည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်  အမှတ်(၆၃)ရပ်  ကွက် ရွှေတောင်ကြား ၅ လမ်း အိမ်အမှတ် ၉၆၄၀ ၌  တရားခံ ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင် ကို  Laptop  တစ်လုံး၊ လက်ကိုင်ဖုန်းနှစ်လုံး၊ ကွမ်းခြံကုန်းမြို့နယ် ဒရယ်လူးကျေးရွာနှင့်   ကော့ဒွန်းကျေးရွာ အုပ်ချုပ် ရေးမှူးတံဆိပ်တုံး   နှစ်ခု၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တံဆိပ်တုံး နှစ်ခုတို့ဖြင့်လည်းကောင်း   ဖမ်းဆီးရမိခဲ့ သည်။
ဖမ်းဆီးရမိတရားခံ    ငြိမ်းမောင်(ခ)ငြိမ်းချမ်း အောင် ၏ ထွက်ဆိုချက်အရ ယင်းနေ့ မွန်းလွဲပိုင်းတွင်  ဦးစိုင်းကျော်သူအား   ပစ္စတိုဖြင့်    ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့သူများဖြစ်သည့်  တရားခံ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် ကို ကမာရွတ်မြို့နယ်  အင်းစိန် လမ်းနှင့် ဦးထွန်းလင်းခြံလမ်းဆုံတွင် လည်းကောင်း၊ တရားခံ စိုးသူ(ခ)Red(ခ) ကောင်းဝေ  ကို   မြောက် ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ်  အမှတ်(၁၁)ရပ်ကွက်  ပုလဲရွှေဝါလမ်းသွယ် ၂  အိမ်အမှတ် ၆၂၀ တွင် Sig Sauer ပစ္စတိုတစ်လက်၊ ကိုးမမ ကျည် ၁၁ တောင့်တို့ဖြင့် လည်းကောင်း၊  ဦးစိုင်းကျော်သူအား လုပ်ကြံသတ်ဖြတ်ရာတွင် စက်ဘီးဖြင့် အခြေအနေ ကြည့်ရှုပေးသူ တရားခံ မင်းဆက်(ခ)အောင်သူဟန် အား  မြောက်ဥက္ကလာပမြို့နယ်   ရွှေပေါက္ကံမြို့သစ် အမှတ်(၁၁)ရပ်ကွက်     ပုဂံလမ်းပေါ်တွင်    လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံ     ဇင်မျိုးဦး(ခ)Flash(ခ)သားငယ်၏ ထွက်ဆိုချက်အရ ယင်းနေ့ ညနေပိုင်း တွင် ဆက်စပ်တရားခံများဖြစ်သည့် ချစ်ကိုကို အား ဒလမြို့နယ် အံ့ကြီးအနောက်ရပ်ကွက် အနော်ရထာ လမ်းမကြီး အိမ်အမှတ် ၇၁၆ တွင် လည်းကောင်း၊ ကျော်လွင်ဦး အား ဒလမြို့နယ် အံ့ကြီးအရှေ့ရပ်ကွက်  ဖိုးရာဇာလမ်း   အိမ်အမှတ် ၂၉၉ တွင် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။    
ထို့အပြင် ဖမ်းဆီးရမိတရားခံ အာကာထက်ကျော် (ခ)အောင်သုခ ၏ ထွက်ဆိုချက်အရ   မေ ၁၄ ရက် တွင် ဆက်စပ်တရားခံ   ပန်းအေး(ခ)ကိုမျိုး   အား ရွှေပြည်သာမြို့နယ် အမှတ်(၁၆)ရပ်ကွက်  ရန်ပြေ မာန်ပြေသာမဏေစာသင်တိုက်၌  လည်းကောင်း၊  မေ   ၁၆ ရက်တွင်  ဆက်စပ်တရားခံ လပြည့်အိမ်(ခ)ကိုရှိုင်း အား မြောက်ဥက္ကလာပမြို့နယ် (ဃ)ရပ်ကွက် အဝိုင်းမှတ်တိုင်အနီး၌လည်းကောင်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်တွင် တရားခံ ၁၀ ဦးကို   ပစ္စတို နှစ်လက်၊ လက်လုပ်သေနတ် ကိုယ်ထည် တစ်ခု၊ လက်ပစ်ဗုံး  တစ်လုံး၊ ကျည်မျိုးစုံ ၅၆ တောင့်၊ ကျည်ကာအင်္ကျီ  ရှစ်ထည်၊ ကျေးရွာအုပ်ချုပ်ရေးမှူး တံဆိပ်တုံးနှစ်ခု၊  ရပ်ကွက်အုပ်ချုပ်ရေးမှူးတံဆိပ်တုံး နှစ်ခု၊ Laptop  တစ်လုံး၊     လက်ကိုင်ဖုန်း    လေးလုံးတို့နှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏   ထွက်ဆိုချက်အရ စိုးသူ(ခ)Red(ခ)ကောင်းဝေ၊ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် နှင့် အာကာထက်ကျော်(ခ)အောင်သုခ တို့သည် ၂၀၂၁ ခုနှစ်  ဧပြီလတွင်  လေးကေ့ကော် ကျေးရွာအနီးရှိ KNLA တပ်မဟာ(၆)လက်အောက်ခံ တောတွင်းစခန်းနေရာ၌ အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းတစ်လ  တက်ရောက်ခဲ့ပြီး   ရဲကျော်ပိုင်(ခ)မောင်ကြီး သည် ၂၀၂၁ ခုနှစ်  မတ်လတွင် ကျိုက်ထို မြို့နယ်အတွင်းရှိ KNLA တပ်မဟာ(၁)လက်အောက်ခံ တောတွင်းစခန်းနေရာ၌  အကြမ်းဖက်ဖောက်ခွဲရေး သင်တန်းတစ်လ တက်ရောက်ခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
ဖမ်းဆီးရမိတရားခံများ၏   ထွက်ဆိုချက်အရ  ရန်ကုန်မြို့အတွင်း     အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား ဒလန်ဟု စွပ်စွဲ၍ လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်လျက် ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် Yangon Revolution Force – YRF အမည်ခံအကြမ်းဖက်အဖွဲ့အား  ဖမ်းဆီး  ရန်ကျန်တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့မှ ခေါင်းဆောင်၍ ဇင်မျိုးဦး(ခ)Flash(ခ)သားငယ်၊ စိုးသူ (ခ)Red(ခ)ကောင်းဝေ၊ မင်းဆက်(ခ)အောင်သူဟန်၊  အာကာထက်ကျော်(ခ)အောင်သုခ၊ ရဲကျော်ပိုင်(ခ)မောင်ကြီး၊ ငြိမ်းမောင်(ခ)ငြိမ်းချမ်း အောင်၊ ချစ်ကိုကို၊   ကျော်လွင်ဦး နှင့် ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သည့် စိုးမိုးထွဋ်(ခ)တိုက်ဂါး၊ မင်းဟိန်းကျော်(ခ)လရောင်၊ လူမင်းထွေး (ခ)ကိုရှိုင်း၊ ဆိတ်ဖွား(ခ)ရဲကျော်၊ ဘိုမက်၊ ညီညီနိုင်(ခ)သံမဏိ၊ မလပ်ကီး၊   ကယ်ဗင်၊   ဂျိုကာ၊  5 P၊   ကျားကြီး၊ စောဟင်နရီထူး(ခ)အောင်လ အပါအဝင် ၂၂ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ဖော်ထုတ်သိရှိရသည်။ 
ဖမ်းဆီးရမိတရားခံများ၏   ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်တရားခံ Jame သည် KNLA တပ်မဟာ  (၆) လှုပ်ရှားနယ်မြေအတွင်း   ခိုအောင်းနေထိုင် လျက်ရှိပြီး အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG တို့နှင့် ချိတ်ဆက်၍ ငွေကြေးကူညီထောက်ပံ့ မှုများရယူကာ လက်နက်/ခဲယမ်းများ  ဝယ်ယူ၍ ရန်ကုန်မြို့အတွင်း၌    အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်       ပို့ဆောင်ပေးလျက်ရှိကြောင်း၊ ထို့အပြင် အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH၊ NUG တို့သည် ၎င်းတို့ လုပ်ကြံသတ်ဖြတ်လိုသူများ၏ အချက်အလက်များ၊ ဓာတ်ပုံများကို ဖမ်းဆီးရန်ကျန် တရားခံ Jame မှတစ်ဆင့် ပေးပို့စေခိုင်းလျက်ရှိပြီး လုပ်ကြံသတ်ဖြတ်မှု တစ်ကြိမ်လျှင် ပစ်ခတ်လုပ်ကြံ သူအား ငွေကျပ် ငါးသိန်း၊ အခြေအနေ ကြည့်ရှုပေးသူ  ကို     ငွေကျပ်တစ်သိန်း   ထောက်ပံ့ပေးကြောင်း၊ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် Glock ပစ္စတို  တစ်လက်၊ Sig Sauer ပစ္စတိုတစ်လက်၊ ကိုးမမကျည်   အတောင့်  ၁၀၀   တို့ကို   ဖမ်းဆီးရန်ကျန်တရားခံ Jame မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိ ရသည်။ 
ဖမ်းဆီးရမိ  တရားခံများ၏ ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့်  YRF အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဥက္ကာလင်းယံ နှင့် Jame တို့၏   ခိုင်းစေမှုဖြင့်    ရန်ကုန်မြို့အတွင်း အပြစ်မဲ့ပြည်သူများအား ဒလန်ဟုစွပ်စွဲ၍  လုပ်ကြံ သတ်ဖြတ်မှု ရှစ်ကြိမ်ကျူးလွန်ခဲ့ကြောင်း-
á     ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၄ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့၏ စေခိုင်းမှုဖြင့်   မရမ်းကုန်းမြို့နယ်   အမှတ်(၇)ရပ်ကွက် တေးနုယဉ်လမ်းနေ Mytel ရုံးချုပ်မှ အထွေထွေမန်နေဂျာ   ဦးသိန်းအောင်   နှင့် ဇနီးဖြစ်သူ ဒေါ်သိမ့်အောင်သူ တို့ကို   ပစ္စတိုဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ကြောင်း။
á    ၂၀၂၂ ခုနှစ်  ဇွန် ၆ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံ  ဥက္ကာ လင်းယံ ၏ စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက် နွယ်သာကီ(၃)လမ်းပေါ်၌ အပြစ်မဲ့ ပြည်သူ ဦးမင်းသိန်း(ခ)အရှည်ကြီး ကို ပစ္စတိုဖြင့်  ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး စိုးသူ(ခ)Red(ခ)ကောင်းဝေ မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
á    ဇွန် ၂၅ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် နှင့် ဖမ်းဆီးရန်ကျန် တရားခံ ကျားကြီး တို့သည် ဖမ်းဆီးရန်ကျန်တရားခံဥက္ကာလင်းယံ ၏ စေခိုင်း  မှုဖြင့် ကွမ်းခြံကုန်းမြို့နယ်  ကော့ဒွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင်  ကို ပစ္စတို  ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင် မှ အခြေအနေ ကြည့်ရှုပေးခဲ့ ကြောင်း။
á    ဇူလိုင် ၁ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည်  ဖမ်းဆီးရန်ကျန်  တရားခံများဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့၏  စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပမြို့နယ် (က)ရပ်ကွက် မေယု (၄)လမ်း  “ပြည့်ဝမေ” လက်ဖက်ရည်ဆိုင်ရှေ့တွင်  အပြစ်မဲ့ပြည်သူ    ဦးတင့်လွင်   ကို    ပစ္စတိုဖြင့်      ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး  စိုးသူ(ခ)Red(ခ)ကောင်းဝေ မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။
á    ဩဂုတ်   ၃  ရက်တွင်   ဇင်မျိုးဦး(ခ)Flash(ခ)သားငယ်   သည်    ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ ၏    စေခိုင်းမှုဖြင့်  ရွှေပြည်သာ မြို့နယ်  အမှတ်(၁၆)ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ဦးဝင်းနိုင် ကို    ပစ္စတိုဖြင့်   ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး ပန်းအေး(ခ)ကိုမျိုး မှ အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
á    အောက်တိုဘာ   ၂၆ ရက်တွင်    ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် နှင့် မင်းဆက်(ခ)အောင်သူ ဟန် တို့ နှစ်ဦးသည် ဖမ်းဆီးရန်ကျန်တရားခံ  များဖြစ်သည့် ဥက္ကာလင်းယံ နှင့် Jame တို့၏ စေခိုင်းမှုဖြင့် မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ် ကွက် စကားဝါလမ်းနှင့် သဇင်လမ်းထောင့်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးစိုး ကို ပစ္စတိုဖြင့်  ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခဲ့ပြီး စိုးသူ(ခ)Red(ခ)ကောင်းဝေ မှ အခြေအနေကြည့်ရှုပေးခဲ့ကြောင်း။
á    ၂၀၂၃ ခုနှစ်   ဧပြီ ၁၈ ရက်တွင် အာကာထက် ကျော်(ခ) အောင်သုခ နှင့် ဖမ်းဆီးရန်ကျန်တရားခံ စောဟင်နရီထူး(ခ)အောင်လ တို့   နှစ်ဦးသည်  ဖမ်းဆီးရန်ကျန်တရားခံ    ဥက္ကာလင်းယံ  ၏  စေခိုင်းမှုဖြင့် သန်လျင်မြို့နယ်  ထန်းပင်ကုန်း ရပ်ကွက်  ထန်းပင်ကုန်းလမ်းတွင်  စစ်မှုထမ်း ဟောင်း ဦးအောင်ညီထွန်း နှင့် အပြစ်မဲ့ပြည်သူများ   ဖြစ်သော ဦးအောင်မျိုးဆွေ၊ ဦးခင်မောင်သိန်း တို့ သုံးဦးကို     ပစ္စတိုဖြင့်    ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး ကျော်လွင်ဦး၊ ချစ်ကိုကို၊ ရဲကျော် ပိုင်(ခ)မောင်ကြီး နှင့် ငြိမ်းမောင်(ခ)ငြိမ်းချမ်း အောင် တို့ လေးဦးက    အခြေအနေကြည့်ရှုပေး ခဲ့ကြောင်း။
á    ၂၀၂၃ ခုနှစ် ဧပြီလပထမပတ်တွင် ဖမ်းဆီးရန် ကျန်တရားခံ Jame မှ ရွေးကောက်ပွဲကော်မရှင် ဒုတိယညွှန်ကြားရေးမှူးချုပ်   ဦးစိုင်းကျော်သူ နှင့်ပတ်သက်သည့်    အချက်အလက်များနှင့် ဓာတ်ပုံများအား ပေးပို့ ခဲ့ပြီး လုပ်ကြံသတ်ဖြတ်ရန် စေခိုင်းခဲ့ကြောင်း၊   သို့ဖြစ်၍   ဇင်မျိုးဦး (ခ)Flash(ခ)သားငယ်    နှင့်   စိုးသူ(ခ)Red(ခ)ကောင်းဝေ တို့က ဦးစိုင်းကျော်သူကို ပစ္စတိုဖြင့် လုပ်ကြံသတ်ဖြတ်ရန်၊ မင်းဆက်(ခ) အောင်သူ ဟန်နှင့် ဖမ်းဆီးရန်ကျန်တရားခံ ဘိုမက် တို့က အခြေအနေစောင့်ကြည့်ပေးရန် တာဝန်ခွဲဝေခဲ့ပြီး  ဦးစိုင်းကျော်သူ ရန်ကုန်မြို့သို့ လာရောက်ချိန်တွင် သွားလာတတ်သည့် နေရာများ၊ ဦးစိုင်းကျော်သူ၏ ဇနီး အလုပ်လုပ်သည့် “အောင်ရတနာ” အထူးကု ဆေးရုံဝန်းကျင်ရှိ ဝင်လမ်း/ထွက်လမ်းနေရာများ အချိန်ယူ၍   ကြိုတင်အခြေအနေ   ကြည့်ရှုခဲ့ ကြောင်း၊ ဧပြီ ၂၂ ရက်တွင် ဦးစိုင်းကျော်သူသည် “အောင်ရတနာ” အထူးကုဆေးရုံမှ  မော်တော် ယာဉ်ဖြင့် ထွက်ခွာလာစဉ်   သင်္ဃန်းကျွန်းမြို့နယ် (၁၆/၂)ရပ်ကွက် ဝေဇယန္တာလမ်းပေါ်၌ ဇင်မျိုးဦး (ခ)Flash(ခ)သားငယ်   နှင့်   စိုးသူ (ခ)Red(ခ)ကောင်းဝေ တို့က  ပစ္စတိုနှစ်လက်ဖြင့်   ပစ်ခတ် လုပ်ကြံသတ်ဖြတ်ခဲ့ပြီး မင်းဆက် (ခ)အောင်သူ ဟန် နှင့်    ဖမ်းဆီးရန်ကျန်တရားခံ ဘိုမက် တို့က အခြေအနေကြည့်ရှုပေးခဲ့ကြောင်း    ဖော်ထုတ် သိရှိရသည်။
ထို့အပြင် ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆို ချက်အရ    ဖမ်းဆီးရန်ကျန်   တရားခံများဖြစ်သည့်  YRF    အမည်ခံ     အကြမ်းဖက်အဖွဲ့ခေါင်းဆောင်  ဥက္ကာလင်းယံ နှင့် Jame တို့၏ ခိုင်းစေမှုဖြင့် ရန်ကုန် မြို့အတွင်း    ပစ်ခတ်တိုက်ခိုက်မှု    သုံးကြိမ်နှင့် မိုင်းထောင်   ဖောက်ခွဲမှုသုံးကြိမ်   ဆောင်ရွက်ခဲ့ ကြောင်း-
á    ၂၀၂၂ ခုနှစ်   မေ ၂၈ ရက်တွင်   ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ ၏    စေခိုင်းမှုဖြင့်   ရွှေပြည်သာ မြို့နယ် အမှတ်(၁၄)ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူး ရုံးအား ပစ္စတိုဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာတွင် အပြစ်မဲ့ပြည်သူများဖြစ်သည့် ဦးဝင်းလှိုင် သေဆုံး ခဲ့ပြီး ဦးဝင်းညွန့်နှင့် ဦးသန်းထွန်းတို့ (စိုးရိမ်ရ) ဒဏ်ရာများ ရရှိခဲ့ကြောင်း။
á    ဩဂုတ် ၃ ရက်တွင် ဖမ်းဆီးရန်ကျန်  တရားခံ များဖြစ်သည့်   စောဟင်နရီထူး(ခ)အောင်လ၊ ဘိုမက်နှင့် ကျားကြီး တို့ သုံးဦးသည် ဖမ်းဆီး ရန်ကျန် တရားခံ ဥက္ကာလင်းယံ ၏ စေခိုင်းမှုဖြင့် ကွမ်းခြံကုန်း မြို့နယ် တော်လန်းရဲကင်းစခန်းအား ပစ္စတိုနှစ်လက်ဖြင့်  သွားရောက်ပစ်ခတ်ရာတွင် ငြိမ်းမောင်(ခ)ငြိမ်းချမ်းအောင်  က   အခြေအနေ ကြည့်ရှုပေးခဲ့ကြောင်း။
á    ၂၀၂၁ ခုနှစ် ဩဂုတ် (စတုတ္ထပတ်)တွင် ဇင်မျိုးဦး (ခ)Flash(ခ)သားငယ်  သည် ဖမ်းဆီးရန်ကျန် တရားခံ   ဥက္ကာလင်းယံ  ၏   စေခိုင်းမှုဖြင့် လှိုင်မြို့နယ်ရှိ ယာဉ်ထိန်းရုံးအား  လက်လုပ်မိုင်း တစ်လုံးဖြင့်    သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ ကြောင်း။ 
á    ၂၀၂၂ ခုနှစ်    မတ်လတွင်    ဇင်မျိုးဦး(ခ)Flash (ခ)သားငယ်  သည်   ဖမ်းဆီးရန်ကျန်တရားခံ ဥက္ကာလင်းယံ ၏ စေခိုင်းမှုဖြင့်  မြောက်ဥက္ကလာပ  မြို့နယ် (ဃ)ရပ်ကွက် မေဓာဝီလမ်း “လကမ္ဘာ” ဆေးခန်းအနီးရှိ “ဘဘကြီး”   စားသောက်ဆိုင် အား  လက်လုပ်မိုင်းတစ်လုံးဖြင့်   သွားရောက် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
á    ဧပြီ ၁၄ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ်    သည်   ဖမ်းဆီးရန်ကျန်   တရားခံ   ဥက္ကာလင်းယံ ၏ စေခိုင်းမှုဖြင့် မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်    အုပ်ချုပ်ရေးမှူးရုံးအား ပစ္စတိုဖြင့်   သွားရောက်ပစ်ခတ်ခဲ့ရာ   အပြစ်မဲ့ ပြည်သူ ဒေါ်ကြည်ခိုင်ဝင်း သေဆုံးခဲ့ကြောင်း။
á    ဧပြီ ၁၆ ရက်တွင် ဇင်မျိုးဦး(ခ)Flash(ခ)သားငယ် သည် ဖမ်းဆီးရန်ကျန်တရားခံ   ဥက္ကာလင်းယံ  ၏   စေခိုင်းမှုဖြင့်   မြောက်ဥက္ကလာပမြို့နယ် မြရတနာလမ်းမှ မောင်းနှင်လာသည့် လုံခြုံရေး ယာဉ်တစ်စီးအား    လက်လုပ်မိုင်းတစ်လုံးဖြင့် သွားရောက်ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများအား ဥပဒေ အရ    ထိရောက်စွာအရေးယူနိုင်ရေး   ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊   အကြမ်းဖက်မှု ဆောင်ရွက်နေသူများအား   ပြည်သူတစ်ရပ်လုံးက  ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့်     ဆက်စပ် တရားခံများကို    အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက   သက်ဆိုင်ရာသို့   လျှို့ဝှက်စွာ  သတင်းပေးတိုင်ကြားနိုင်ပါကြောင်း၊  သတင်းပေးသူ နှင့် ဖမ်းဆီးပေးသူများကို   ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများချီးမြှင့်ပေးလျက်ရှိကြောင်းနှင့် မြို့၊ ရွာများ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေးအတွက်  ပြည်သူ တစ်ရပ်လုံးပူးပေါင်းပါဝင်  ကြိုးပမ်းဆောင်ရွက်နိုင် ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း   အသိပေးသတင်း ထုတ်ပြန်အပ်ပါသည်။                သတင်းစဉ်