ပြည်ထောင်စုရှေ့​နေချုပ်ရုံး၏ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၁)သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  ဇူလိုင်  ၁၅


ပြည်ထောင်စုရှေ့နေချုပ်ရုံး   ရုံးအုပ်နှင့် ဌာနခွဲစာရေးများ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် (၂/၂၀၂၁) သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့  နံနက် ၁၀ နာရီက ကျင်းပသည်။ 


ပြောကြား


အခမ်းအနားတွင်   ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦးက  ယခု ဖွင့်လှစ်သောသင်တန်းတွင်  ရုံးလုပ်ငန်း များ၊ ရုံးစာရေးသားခြင်း၊ မှတ်ပုံတင်စာအုပ် နှင့် ဖိုင်တွဲများထားရှိပုံ၊ အမှုတွဲထိန်းသိမ်း ခြင်း၊  ပင်စင်ကိစ္စ၊   မှတ်တမ်းဌာနစုနှင့် ရုံးစစ်ဆေးခြင်းကိစ္စရပ်များ၊  ဘတ်ဂျက် နှင့် ငွေစာရင်းဆိုင်ရာကိစ္စရပ်များ၊  နိုင်ငံ့ ဝန်ထမ်းဥပဒေ၊  နည်းဥပဒေများ၊  စီမံ      ခန့်ခွဲရေးဆိုင်ရာ  ညွှန်ကြားချက်များနှင့် အခြားသိသင့်  သိထိုက်သော  အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စများ၊ ရုံးသုံးအင်္ဂလိပ်စာအခေါ်အဝေါ် များ၊  အစိုးရလျှို့ဝှက်ချက်  အက်ဥပဒေ စသည်တို့ကို    ပို့ချပေးခဲ့သည့်အပြင် ဒုတိယရှေ့နေချုပ်က စာအုပ်ထုတ်ဝေရေး သိကောင်းစရာများနှင့် စာကြည့်တိုက် ပညာရပ် အတွေ့အကြုံများကို လမ်းညွှန် ပို့ချပေးခဲ့ပါသဖြင့် ပညာဗဟုသုတများစွာ ရရှိခဲ့ကြမည်ဟု    ယုံကြည်ပါကြောင်း၊ သင်တန်းမှရရှိသော သင်ခန်းစာဗဟုသုတ များသည်    မိမိတို့    ဝန်ထမ်းဘဝ တစ်လျှောက်လုံးအတွက် အသုံးဝင်မည့် အရာများဖြစ်သည်ကို    သိရှိမှတ်သား ထားစေလိုကြောင်း၊     ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏     ဂုဏ်သိက္ခာကို မိမိကိုယ်တိုင် စောင့်ထိန်းလိုက်နာရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်က    ကြီးကြပ် ဆောင်ရွက်သွားရန်   လိုအပ်ကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုရှေ့နေချုပ် က သင်တန်း၌ ပထမ၊ ဒုတိယနှင့် တတိယ ဆု ရရှိသူများကို ဆုများအသီးသီးချီးမြှင့် သည်။
အခမ်းအနားသို့  ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများနှင့်  သင်တန်းဆရာ ဆရာမ များ၊   သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ 


သတင်းစဉ်