ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၂၀၂၁ ခုနှစ် စတုတ္ထ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   ဒီဇင်ဘာ    ၁၅ 


ပြည်ထောင်စုရာထူးဝန်အဖွဲ့၏  ၂၀၂၁ ခုနှစ် စတုတ္ထ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၁)   ကို ယနေ့နံနက် ၁၀  နာရီတွင်  ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

 


ထို့နောက်     ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရှိ     ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့်     ဗဟိုဝန်ထမ်း တက္ကသိုလ်များမှ အမြဲတမ်းအတွင်း ဝန်၊ ပါမောက္ခချုပ်များ၊ ညွှန်ကြား ရေးမှူးချုပ်နှင့် ဒုတိယအမြဲတမ်း  အတွင်းဝန်တို့က   ၂၀၂၁   ခုနှစ် အောက်တိုဘာလမှ  ဒီဇင်ဘာလ အထိ စတုတ္ထ (၃) လပတ် လုပ်ငန်း  ဆောင်ရွက်နိုင်မှုအခြေအနေများ နှင့်     ရှေ့ဆက်လက်ဆောင်ရွက် မည့်     လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ       ပြည် ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌက တင်ပြချက်များနှင့်    စပ်လျဉ်း၍ ဆောင်ရွက်ရန်          ရှိသည်များကို မှာကြားပြီး      နိဂုံးချုပ်      အမှာ စကားပြောကြားကာ      အစည်း အဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

 


အဆိုပါ    အစည်းအဝေးသို့ ပြည်ထောင်စု     ရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင်များ         ဖြစ်ကြသည့် ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင် မျိုးမြင့်၊  ဦးရဲနိုင်၊  သူရဦးဘိုနီနှင့် ဤအဖွဲ့ရှိ    ဥက္ကဋ္ဌရုံးအဖွဲ့၊   ဦးစီး ဌာနများနှင့် ကွပ်ကဲမှုအောက်ရှိ ဗဟိုဝန်ထမ်း     တက္ကသိုလ်များမှ  အမြဲတမ်းအတွင်းဝန်၊   ပါမောက္ခ ချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ  တက်ရောက်ကြ သည်။           


သတင်းစဉ်