ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဂုဏ်ပြုယာဉ်များ ပြသပေးနေမှုနှင့် တိုင်းရင်းသားရိုးရာအစားအစာများရောင်းချပေးမှုအပေါ် ပြည်သူများ၏ ဝမ်းသာပီတိစကားသံများ

(၇၅)နှစ်မြောက်   စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင်     ပါဝင်ပြသခဲ့သည့် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ   ဂုဏ်ပြုယာဉ်များအား    နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ ခင်းကျင်း ပြသထားသည့်အပြင်   တိုင်းရင်းသားရိုးရာအစား အစာများကိုလည်း သတ်မှတ်နေရာများအလိုက် ရောင်းချပေးလျက်ရှိရာ  လာရောက်လေ့လာကြည့်ရှု သူများဖြင့် အထူးစည်ကားလျက်ရှိသည်။ 


ယခုကဲ့သို့ ဂုဏ်ပြုယာဉ်များနှင့်  တိုင်းရင်းသား ရိုးရာအစားအစာဆိုင်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပေးမှုနှင့်ပတ်သက်၍  ဂုဏ်ပြုယာဉ်များနှင့် အတူ ပါဝင်ကပြ ဖျော်ဖြေကြသည့် တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှုအဖွဲ့များ၊  တိုင်းရင်းသားရိုးရာ အစားအစာရောင်းချသူများ၊ လာရောက်လေ့လာ ကြည့်ရှုကြသည့် ပြည်သူများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ ရင်တွင်းစကားသံများကို မျှဝေလိုက်ရပါသည်။ 


မဂျူးဂျူး
(မကွေးတိုင်းဒေသကြီးယဉ်ကျေးမှုအဖွဲ့)
စိန်ရတု ဂုဏ်ပြုအခမ်းအနားမှာ ကပြဖျော်ဖြေခွင့် ရတာ ကိုယ့်ကိုယ်ကိုယ် အားရမှုရှိသလို  ဒီပြပွဲကြီးမှာ လည်း ပြည်သူတွေကို ကပြဖျော်ဖြေခွင့်ရတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။   ပြပွဲကို  ပြည်သူ တော်တော်များများလာကြပြီး  စည်စည်ကားကား ဖြစ်သွားတာတွေ့ရတော့ ပျော်ရွှင်မိပါတယ်။  ပြပွဲ နောက်ဆုံးနေ့အထိ အားရပါးရ ကပြဖျော်ဖြေသွားမှာ ပါ။ တိုင်းရင်းသားအစားအစာတွေကိုလည်း ဈေးနှုန်း ချိုသာစွာနဲ့   ရောင်းချပေးနေပါတယ်။ ဒါကြောင့်         ပြည်သူတွေ  လာရောက်ဝယ်ယူအားပေးကြပါလို့ နှိုးဆော်ပါတယ်။ 
မအေးအေးသန့်(ပြပွဲလေ့လာကြည့်ရှုသူ)


ဒီပြပွဲလာကြည့်ရတာ     တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို ကိုယ်တိုင်ရောက်သွားသလို ခံစားရ ပါတယ်။ တိုင်းရင်းသားရိုးရာ အစားအစာတွေကို လည်း  တစ်နေရာတည်းမှာ   စားခွင့်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်။ ပြီးတော့ ကချင်ပြည်နယ်ရိုးရာယဉ်ကျေးမှုအဖွဲ့ရဲ့    ကချင်ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေမှုဟာ ပျော်စရာကောင်းတဲ့အပြင်  ကိုယ်တိုင် ပါဝင်ဆင်နွှဲခွင့်ရတဲ့အတွက်  ပျော်စရာကောင်းပါ တယ်။  ဒီပြပွဲကို လာရောက်လေ့လာခြင်းအားဖြင့် အသိအမြင်ဗဟုသုတတွေ၊  ဒေသန္တရဗဟုသုတတွေ များစွာရရှိမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့အနေနဲ့  အခွင့်အရေးကိုလက်လွှတ် မခံဘဲ လာရောက်လေ့လာကြဖို့  တိုက်တွန်းလိုပါ တယ်။                            

m စာမျက်နှာ ၅ မှ
မချိုချိုလတ်
(ပြပွဲလေ့လာကြည့်ရှုသူ)
စိန်ရတုပြည်ထောင်စုနေ့ပွဲမှာ တိုင်းဒေသကြီး/ ပြည်နယ်တွေကိုယ်စားပြု   ဂုဏ်ပြုယာဉ်တွေ ပါဝင်မယ်လို့သိရပါတယ်။  ဒီလိုသိရကတည်းက ဂုဏ်ပြုယာဉ်တွေကို  စုစည်းပြီး ပြည်သူတွေကို ပြန်လည်ပြသပေးရင်   ကောင်းမယ်လို့  စိတ်ထဲ တွေးမိဖူးတယ်။ အခုတော့ ဆန္ဒတွေပြည့်ဝခဲ့ပါ တယ်။  ပြပွဲရောက်တဲ့အခါမှာလည်း  ခမ်းခမ်း နားနားနဲ့ ပြင်ဆင်ထားတာတွေ့ရတော့ အတိုင်း မသိဝမ်းသာမိပါတယ်။ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့တွေကလည်း ရိုးရာအကအလှတွေနဲ့ ဖျော်ဖြေ တဲ့အပြင်  ကိုယ်တိုင်ဝင်ရောက်   ဆင်နွှဲခွင့်ရတဲ့ အတွက်လည်း ပျော်ရွှင်မိပါတယ်။   ဒီလိုအလှပြ ယာဉ်တွေကို မြင်ဖူးတာ ကျွန်မအတွက်  ပထမဆုံး ဖြစ်ပါတယ်။ တိုင်းရင်းသားရိုးရာအစားအစာတွေကိုလည်း  စားသုံးရတာ   အရသာရှိပါတယ်။ နောက်ပြီး ဂုဏ်ပြုယာဉ်တွေအပေါ်မှာ တိုင်းရင်းသား ပေါင်းစုံရဲ့ အထင်ကရနေရာတွေ၊ အထိမ်းအမှတ်တွေ၊ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို စုစည်းပြသထား တဲ့အတွက်လည်း ဗဟုသုတများစွာရရှိပါတယ်။ 
ဦးမျိုးဦး
(ပြပွဲလာရောက်ကြည့်ရှုသူ)
ဒီလိုပွဲမျိုးကိုလာရောက်ကြည့်ရှုခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ တိုင်းရင်းသားပေါင်းစုံရဲ့ အထိမ်းအမှတ်တွေနဲ့   အထင်ကရနေရာတွေကို ကြည့်ခွင့်ရတဲ့အတွက်  ကလေးတွေအတွက်လည်းဗဟုသုတတွေရပါတယ်။  ဒီလိုပြည်နယ်နဲ့ တိုင်းဒေသ ကြီးတွေရဲ့       အထင်ကရနေရာတွေကို   တစု တစည်းတည်းတွေ့ရတာ  ပထမဆုံးအကြိမ်ဖြစ်ပါ တယ်။  တိုင်းရင်းသားအစားအစာတွေနဲ့   အထိမ်း အမှတ်တွေကို    အခုလို   တွဲဖက်မြင်ရတော့    အဲဒီ                ပြည်နယ်တွေကိုရောက်သွားသလိုခံစားရပါတယ်။ နောင်နှစ်တွေမှာလည်း     ဒီလိုမြင်ကွင်းမျိုးတွေ တွေ့ချင်ပါသေးတယ်။      

   m စာမျက်နှာ ၆ မှ
ကိုကျော်သူနှင့် မိသားစု
(ပြပွဲလာရောက်ကြည့်ရှုသူ)
ကျွန်တော့်သက်တမ်းနှစ် ၄၀ မှာ ဒီလိုပွဲတော်မျိုး တစ်ခါမှ မသွားဖူးပါဘူး။  ဒီလို ဂုဏ်ပြုယာဉ်တွေနဲ့ ပြတဲ့အတွက်      အထူးအဆန်းလည်းဖြစ်တယ်၊ မိသားစုတွေအနေနဲ့လည်း  ပိုပြီးပျော်ရွှင်ကြည်နူးစရာကောင်းပါတယ်။ ကလေးတွေကလည်း အထင် ကရနေရာတွေကိုမြင်ရတော့     ဗဟုသုတပိုရပါ တယ်။    တိုင်းရင်းသားတွေ   အစုံပါတဲ့အတွက်            တိုင်းရင်းသားအချင်းချင်း   ချစ်ကြည်ရင်းနှီးမှု၊            စည်းလုံးညီညွတ်မှုတို့ကို  ဖော်ဆောင်ရာလည်း ရောက်ပါတယ်။ တိုင်းရင်းသားရိုးရာအစားအစာ တွေကလည်း    အရင်ကစားနေကျဖြစ်ပေမယ့် အခုလို တကယ့်ရိုးရာလက်ရာစစ်စစ်ကိုစားသုံးရတဲ့ အတွက် အဲဒီဒေသတွေရဲ့ အငွေ့အသက်လေးတွေကို ပိုပြီးခံစားမိပါတယ်။ နောင်လည်းဒီလိုတိုင်းရင်းသားချစ်ခင်ရင်းနှီးမှုလေးတွေကို မြင်ချင်ပါတယ်။ 
ကိုဟန်လင်း
(တိုင်းရင်းသားရိုးရာအစားအစာရောင်းချသူ)
ဒီနေ့လို ခမ်းနားတဲ့ ပြပွဲမှာ ကျွန်တော်တို့ရဲ့ ဗမာ ရိုးရာအစားအစာပါဝင်ရောင်းချရတဲ့အတွက် အတိုင်း မသိဝမ်းသာမိပါတယ်။ နောက်ပြီး တခြားတိုင်းရင်းသား ရိုးရာ အစားအသောက်တွေကိုလည်း စားသုံးခွင့်ရတဲ့ အတွက်လည်း ပျော်ရွှင်မိတယ်။ လာရောက်စားသုံးတဲ့ သူတွေကိုလည်း ဈေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးပါ တယ်။   ဂုဏ်ပြုယာဉ်တွေကိုလည်း   လွတ်လွတ် လပ်လပ်ကြည့်ရှုခွင့်ရပါတယ်။ ပြပွဲမှာ ပါဝင်ဆင်နွှဲ ကြဖို့    တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို ပြောကြားလိုပါတယ်။
သတင်း - ခေတ်လူငယ်
ဓာတ်ပုံ - ကိုကိုထိန်