ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များ ခင်းကျင်းပြသထားမှု ပြည်ထောင်စုဝန်ကြီးများ  ကြည့်ရှုအားပေး

နေပြည်တော် ဖေဖော်ဝါရီ ၁၃


(၇၅)နှစ်မြောက်   စိန်ရတု                  ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်း အနားတွင်   ပါဝင်ပြသခဲ့သည့် ပြည်ထောင်စုနယ်မြေနှင့်  တိုင်း ဒေသကြီး/ပြည်နယ်အသီးသီးမှ ဂုဏ်ပြုယာဉ်များအား ပြည်သူများ လေ့လာနိုင်ရန်      နေပြည်တော် ဥပ္ပါတသန္တိ    စေတီတော်ရှေ့ တပေါင်းကွင်း၌  ခင်းကျင်းပြသ ထားရာ   ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ    လာရောက် ကြည့်ရှုအားပေးကြသည်။ 


ကြည့်ရှုအားပေး


ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီး ဌာန      ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်   ဇနီး၊             တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန     ပြည်ထောင်စု ဝန်ကြီး  ဦးစောထွန်းအောင်မြင့်၊ နေပြည်တော်ကောင်စီ  ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယ ဝန်ကြီး   ဦးရဲတင့်နှင့်     ဦးဇော် အေးမောင်နှင့်    နေပြည်တော် ကောင်စီဝင်များက      တိုင်း ဒေသကြီး / ပြည်နယ်အလိုက် ခင်းကျင်းပြသထားသည့်  ဂုဏ်ပြု ယာဉ်များနှင့်  ရိုးရာယဉ်ကျေးမှု အလိုက်   ကပြဖျော်ဖြေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြ သည်။ 
ပါဝင်ဆင်နွှဲ


ထို့နောက်   ကချင်ပြည်နယ် ကိုယ်စားပြု  ဂုဏ်ပြုယာဉ်ရှေ့၌ ကချင်ပြည်နယ် ရိုးရာယဉ်ကျေးမှု အဖွဲ့များက  ကချင်ရိုးရာအက အလှများဖြင့်     ကပြဖျော်ဖြေ   ကြရာ    ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊  ဦးစောထွန်း အောင်မြင့်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ ကချင်ပြည်နယ်   ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊  ဒုတိယဝန်ကြီး များနှင့်  နေပြည်တော်ကောင်စီဝင် များက     ပြည်သူများနှင့်အတူ ပါဝင်ဆင်နွှဲကြသည်။ (ယာပုံ)
ရိုးရာအစားအစာများ


ယင်းနောက်  ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်    ပြပွဲလာ ပြည်သူများ ဝယ်ယူအားပေးနိုင် ရန်နှင့် သုံးဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆိုင်များဖွင့်လှစ်၍  တိုင်းရင်းသား ရိုးရာအစားအစာများ ရောင်းချ ပေးနေမှုကို    ကြည့်ရှုအားပေး သည်။
(၇၅)နှစ်မြောက်    စိန်ရတု          ပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနားတွင်  ပါဝင်ပြသခဲ့သည့် ဂုဏ်ပြုယာဉ်များပေါ်တွင် ပြည်သူ   များ တိုင်းရင်းသားရိုးရာယဉ်ကျေး မှု ဓလေ့ထုံးတမ်းများကို  ချစ်ခင် တန်ဖိုးထားတတ်စေရန် ရည်ရွယ် ၍       မြန်မာနိုင်ငံအတွင်းရှိ                တိုင်းရင်းသားများ၏   အထိမ်း အမှတ်များ၊ လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ နှင့် ဒေသထုတ်ကုန်များကို သရုပ် ဖော် ပြသပေးထားရာ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများ နှင့် မိသားစုများ၊  ဒေသခံပြည်သူ များ    စိတ်အားထက်သန်စွာ လေ့လာကြသည်။
ထို့ပြင်     တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တိုင်းရင်းသား ရိုးရာအစားအစာများကိုလည်း ရောင်းချပေးလျက်ရှိရာ တစ်ချိန် တည်းတွင်   တိုင်းရင်းသားအစား အစာများကို    စားသုံးနိုင်သော အခွင့်အရေးဖြစ်သည့်အတွက် ပြည်သူများ    စိတ်ဝင်တစား ကြိတ်ကြိတ် တိုးဝယ်ယူသုံးဆောင် ကြသည်။ 
ဂုဏ်ပြုယာဉ်များ     ခင်းကျင်း ပြသခြင်းနှင့်  တိုင်းရင်းသားရိုးရာ အစားအစာများ ရောင်းချခြင်းကို ဖေဖော်ဝါရီ   ၁၅ ရက်အထိ နံနက် ၈  နာရီမှ    ည  ၈ နာရီအတွင်း လာရောက်ကြည့်ရှုလေ့လာနိုင် ကြောင်း သိရသည်။  


သတင်းစဉ်