ပြည်ထောင်စုနယ်မြေအတွင်း အကျုံးဝင်မှတ်ပုံတင်ထားသောအလုပ်ဌာနများမှ အာမခံအလုပ်သမားများကို ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါအကျိုးခံစားခွင့်များ ခွင့်ပြုထုတ်ပေး

 

နေပြည်တော်  နိုဝင်ဘာ   ၂၉


၂၀၁၂ ခုနှစ်  လူမှုဖူလုံရေးဥပဒေ နှင့်အညီ ပြည်ထောင်စုနယ်မြေ အတွင်း    အကျုံးဝင်မှတ်ပုံတင် ထားသော    အလုပ်ဌာနများမှ အာမခံ   အလုပ်သမားများအား အကျိုးခံစားခွင့်များ ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ လူမှုဖူလုံ ရေးအဖွဲ့ (ရုံးချုပ်)   စုဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ အလုပ်သမား ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊    ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊      အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊    အလုပ်ရှင်၊ အလုပ်သမား   ကိုယ်စားလှယ် များ၊ အာမခံအလုပ်သမားများနှင့် အကျိုးခံစားခွင့် လက်ခံရယူမည့် သူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ပြည်ထောင်စုနယ်မြေ အတွင်းရှိ လူမှုဖူလုံရေးအဖွဲ့တွင် အကျုံးဝင်      မှတ်ပုံတင်ထား သော   အာမခံအလုပ်သမားများ အား ၂၀၁၂ ခုနှစ်  လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု   အာမခံ စနစ်အရ    ဆေးဖိုးကုန်ကျစရိတ် များ   ပြန်လည်ပေးအမ်းခြင်းနှင့် အလုပ်တွင်ထိခိုက်မှု အကျိုးခံစား ခွင့်အာမခံစနစ်အရ   လုပ်ငန်းခွင် ထိခိုက်မှုကြောင့်   သေဆုံးသွား သည့်    အာမခံအလုပ်သမား၏ ကျန်ရစ်သူမိသားစုများအား အကျိုး ခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်းဖြစ် ကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ မြို့နယ်လူမှုဖူလုံရေးရုံး ၇၈ ရုံးတွင် အလုပ်ဌာန ၃၅၄၃၀ နှင့်   အလုပ်သမား   ၁၂၅၃၃၆၆ ဦး အကျုံးဝင်မှတ်ပုံတင်ထားပြီး ပြည်ထောင်စုနယ်မြေ  လူမှုဖူလုံ ရေးအဖွဲ့တွင် အကျုံးဝင်မှတ်ပုံတင် ထားသည့်အလုပ်ဌာန ၁၀၇၄ ဌာန၊ အာမခံအလုပ်သမား ၂၆၅၆၅ ဦး ရှိကြောင်း။


အာမခံ    အလုပ်သမားများ ကျန်းမာရေးစောင့်ရှောက်မှု၊ မကျန်း မာမှု၊ မီးဖွားမှု၊ သေဆုံးမှုနှင့်အလုပ် တွင်ထိခိုက်မှုအတွက်    ငွေကြေး အကျိုးခံစားခွင့်တို့အပြင် အငြိမ်း စားယူပြီးနောက် ဆေးဝါးကုသမှု ဆက်လက်  ခံယူခွင့်တို့အတွက် “One for all ,  All   for  one” (စုပေါင်းခြင်းဖြင့်ဖူလုံအံ့) ဆိုသည့် လူမှုဖူလုံရေးဆောင်ပုဒ် နှင့်အညီ ဆောင်ရွက်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်ခြင်းကြောင့် အလုပ်ရှင် များအနေဖြင့် မိမိအလုပ်သမား များအား ဥပဒေနှင့်အညီ အကျုံး ဝင်မှတ်ပုံတင်ပြီး ထည့်ဝင်ကြေး များပေးသွင်းခြင်း၊ ဥပဒေနှင့်အညီ အကျိုးခံစားခွင့်များထုတ်ယူခြင်းဖြင့် အလုပ်သမားများ၏အကျိုးကို   နစ်နာဆုံးရှုံးမှု မရှိအောင်ဆောင် ရွက်နိုင်မည်ဖြစ်ကြောင်းနှင့်  လူမှု ဖူလုံရေးအဖွဲ့အနေဖြင့်   ခေတ် ကာလနှင့်အညီ လိုက်လျောညီထွေ ဖြစ်စေမည့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း ပြော ကြားသည်။


ထို့နောက်    ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲ တမ်းအတွင်းဝန်တို့က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး    ဥပဒေနှင့်အညီ ပြည်ထောင်စုနယ်မြေ    အတွင်း အကျုံးဝင်  မှတ်ပုံတင်ထားသော အလုပ်ဌာနများမှ အာမခံအလုပ် သမား ၁၄ ဦးအား   အကျိုးခံစား ခွင့်   ငွေကျပ်    ၂၄၄၄၀၃၆၈   ကို လက်ရောက်ခွင့်ပြု    ထုတ်ပေးခဲ့ သည်။ လူမှုဖူလုံရေးဥပဒေသစ် စတင်အကောင်အထည်ဖော်သည့် ၂၀၁၄  ခုနှစ်မှစ၍   ယနေ့အထိ လက်ရှိအကောင်အထည်ဖော်နေ သော အာမခံစနစ်နှစ်မျိုးအောက်မှ ခွင့်ပြုထုတ်ပေးနေသည့်   အကျိုး ခံစားခွင့် ၁၅ မျိုးအတွက် တစ်နိုင်ငံ လုံးအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် အောက်တိုဘာအထိ အကျိုး ခံစားခွင့်အမှုတွဲ  ၁၈၅၃၁၄ မှု အတွက် ငွေကျပ် ၁၂၀၀၅ ဒသမ ၉၇၂ သန်းကို   ခွင့်ပြုထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်