ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား ကျောင်းသူများဖြစ်အောင် ပြုစုပျိုးထောင်ရေး လုပ်ငန်းညှိနှိုင်း စည်းဝေး

 

နေပြည်တော်   ဇန်နဝါရီ   ၂၄


ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ပညာ ရေးကဏ္ဍ   ဖွံ့ဖြိုးတိုးတက်ရေးနှင့်  ဗလငါးတန်နှင့် ပြည့်စုံသော ကျောင်းသား ကျောင်းသူများဖြစ်အောင် ပြုစုပျိုးထောင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင်    နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ   နေပြည်တော် ကောင်စီဥက္ကဋ္ဌ    ဦးသန်းထွန်းဦး၊   နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊  နေပြည်တော်အဆင့်   ဌာန ဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်ပညာရေးမှူးများ တက်ရောက်ကြသည်။
ဦးစွာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျောင်းသား ကျောင်းသူ လူငယ်များအား ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ များ ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာအတတ်ပညာများ ပြည့်စုံစေရေးလေ့လာဆည်းပူးပြီး ဗလငါးတန်ဖွံ့ဖြိုး တိုးတက်ရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို  ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျန်းမာ ရေးနှင့်ပတ်သက်ပြီး  နေထိုင်ရေး၊   စားသောက်ရေး စသည့်အသိပညာပေးကဏ္ဍများကိုလည်း ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ မြို့ပေါ်နှင့် ကျေးလက်ဒေသတွင် လေ့လာသင်ယူမှုအခွင့်အလမ်း များ တစ်ပြေးညီရရှိပြီး အသက်မွေးဝမ်းကျောင်းပညာ အခြေခံဖြင့် ရွေးချယ်သင်ယူနိုင်စေရေး၊ အခြေခံပညာ ကျောင်းများသည် ဒေသတစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အထောက်အကူပြု  ပင်မဌာနများအဖြစ် ပေါ်ထွန်းလာစေရေးတို့ကိုအားလုံးက ဝိုင်းဝန်းဆောင် ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ 
ထို့နောက် တက်ရောက်လာကြသည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့်   ဗလငါးတန်ပြည့်စုံသော ကျောင်းသား  ကျောင်းသူများဖြစ်အောင်   ပြုစု ပျိုးထောင်ပေးရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ များအလိုက်  ဆောင်ရွက်နေမှုများနှင့်  ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။
ယင်းနောက်   နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး   မင်းနောင်က    တင်ပြချက်များနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး တင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက် များနှင့်စပ်လျဉ်း၍  လိုအပ်သည်များကို   ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။ 
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန်အတွင်းရှိ   Myanmar   New   Power Motorcycle Co.,Ltd မော်တော်ဆိုင်ကယ်  တပ်ဆင် ထုတ်လုပ်စက်ရုံသို့  သွားရောက်၍   စက်ရုံအတွင်း မော်တော်ဆိုင်ကယ်များ  တပ်ဆင်ထုတ်လုပ်နေမှု အခြေအနေများကို   လှည့်လည်ကြည့်ရှုအားပေးပြီး ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုန် ကြီးကြပ်ရေး ကော်မတီ၊ ဆပ်ကော်မတီများ၊ စက်မှု ဇုန်စီမံခန့်ခွဲရေးကော်မတီများမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့်  တွေ့ဆုံ၍    လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍  နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် Dakhina Meat Export Co.,Ltd အသား ခြောက်ထုတ်လုပ်ခြင်းနှင့် အသားအေးခဲခန်းလုပ်ငန်း ဆောင်ရွက်မည့် စက်ရုံတည်ဆောက်နေမှုအခြေအနေ ကိုလည်းကောင်း၊ MAYLP Agriculture Co.,Ltd စပါးအခြောက်ခံ စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို လည်းကောင်း၊ ရာဇတံခွန် ကုမ္ပဏီလီမိတက် ကမ္ဘာကျော်ဓာတ်မြေဩဇာစက်ရုံ အတွင်း ဓာတ်မြေဩဇာထုတ်လုပ်နေမှုအခြေအနေများကိုလည်းကောင်း သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။                        

သတင်းစဉ်