ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၆/ ၂၀၂၃ )
၁၃၈၅ ခုနှစ် ၊ ကဆုန်လဆန်း   ၂   ရက်
( ၂၀၂၃ ခုနှစ် ၊ ဧပြီလ   ၂၀   ရက် )
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းနှင့် ရွှေပြည်တော်ဝင်လမ်းထောင့်၊ အကွက် အမှတ် (၅) တွင်  ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၁) ဖြစ်ပါသည်။
                
    (ပုံ) သိန်းစိုး 
    ဥက္ကဋ္ဌ
    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်