ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ ဥက္ကဋ္ဌတာဝန်လွှဲအပ်သည့် (၇) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး တက်ရောက်

 

နေပြည်တော်   နိုဝင်ဘာ   ၂     


ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ်ချုပ်ရုံးကော်မရှင် အကြီးအကဲ Mr.Mario G. Lipana  ၏     ဖိတ်ကြားချက်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်     ဒေါက်တာခင်နိုင်ဦး ဦးဆောင်သော     မြန်မာကိုယ်စားလှယ်အဖွဲ့သည် မနီလာမြို့၌ နိုဝင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပ သော အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ  စာရင်းစစ် ချုပ်ရုံးများအဖွဲ့  (ASEANSAI)  ၏   ဥက္ကဋ္ဌတာဝန် လွှဲအပ်သည့်  (၇) ကြိမ်မြောက် ထိပ်သီးအစည်းအဝေး (7th ASEANSAI Summit)နှင့် ဆက်စပ်အစည်းအဝေး များသို့ တက်ရောက်ခဲ့သည်။


အဆိုပါ  ထိပ်သီးအစည်းအဝေးတွင် ASEANSAI အလှည့်ကျဥက္ကဋ္ဌအဖြစ်     တာဝန်ယူဆောင်ရွက်ရ မည့်    ဖိလစ်ပိုင်နိုင်ငံ    စာရင်းစစ်ကော်မရှင်ဥက္ကဋ္ဌ  Mr. Gamaliel A. Cordoba  က  ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး   ပြည်ထောင်စုစာရင်းစစ်ချုပ် ASEANSAI ၏ လက်ရှိဥက္ကဋ္ဌ  ဒေါက်တာခင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားသည်။


ယင်းနောက်  ASEANSAI  ကော်မတီအသီးသီး၏ နှစ်စဉ်လုပ်ဆောင်ချက် အစီရင်ခံစာများ၊  ASEANSAI ၏ စည်းမျဉ်းနှင့်  လုပ်ထုံးလုပ်နည်း  ပြင်ဆင်မှုများ၊ စာရင်းစစ်ချုပ်ရုံးများ၏ လွတ်လပ်မှုဆိုင်ရာ  ပူးပေါင်း သုတေသနအစီရင်ခံစာနှင့် တည်ဆောက်ရေးလုပ်ငန်း များ  စစ်ဆေးခြင်းဆိုင်ရာ   အခြေခံလမ်းညွှန်တို့နှင့် စပ်လျဉ်းပြီး တင်ပြဆွေးနွေးအတည်ပြုကြသည်။


ထို့ပြင်  ပြည်ထောင်စုစာရင်းစစ်ချုပ်က   ဥက္ကဋ္ဌ အဖြစ်    တာဝန်ယူဆောင်ရွက်ခဲ့သည့်  ၂၀၂၁  ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ်  နိုဝင်ဘာလအထိ ကာလ အတွင်း ASEANSAI  ၏  လုပ်ငန်းဆောင်ရွက်ချက် များကို   စုစည်းပြုစုထားသည့်   အထိမ်းအမှတ် မှတ်တမ်းစာအုပ်     (ASEANSAI Chairmanship Commemoration Book 2021-2023)ကို ASEANSAI အဖွဲ့ဝင်နိုင်ငံများမှ စာရင်းစစ်ချုပ်များထံ  ပေးအပ်ပြီး လာမည့် (၂) နှစ်တာကာလအတွက် အဖွဲ့၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ရမည့်  ဖိလစ်ပိုင် နိုင်ငံ  စာရင်းစစ်ကော်မရှင်ဥက္ကဋ္ဌထံသို့ ASEANSAI ၏ ဥက္ကဋ္ဌတာဝန်များကို ASEANSAI အထိမ်းအမှတ် တူ၊ အလံ စသည့်  အထိမ်းအမှတ်ပစ္စည်းများနှင့်အတူ လွှဲပြောင်းပေးအပ်သည်။


ယင်းထိပ်သီးအစည်းအဝေးသို့   အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ  စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ အတွင်းရေးမှူးချုပ်၊  အဖွဲ့ဝင်အာဆီယံ (၁၀) နိုင်ငံမှ စာရင်းစစ်ချုပ်များ  ဦးဆောင်သည့်  ကိုယ်စားလှယ် များ၊ သက်ဆိုင်ရာ အာဆီယံနိုင်ငံများ၏ သံအမတ်ကြီး များ၊  သံရုံးတာဝန်ခံများနှင့်  ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။


ထို့အတူ    နိုဝင်ဘာ ၁ ရက်ကလည်း   ထိပ်သီး အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှုအစည်းအဝေးနှင့် နည်းပညာဆိုင်ရာ ကြိုတင်ညှိနှိုင်းမှု အစည်းအဝေးများသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဦးဆောင် သောအဖွဲ့ ပါဝင်တက်ရောက်ခဲ့ကြောင်း   သတင်းရရှိ သည်။                    
   

သတင်းစဉ်