ပြည်ထောင်စုအနာဂတ်အတွက် မလွဲမသွေလုပ်ဆောင်ရမည့်အရာ

Type
1

 

ပြည်ထောင်စုနေ့အကြို ဂုဏ်ပြုဆောင်းပါး

 

ခင်ရတနာ
 

၂၀၂၄   ခုနှစ်   ဖေဖော်ဝါရီလ  ၁၂  ရက်နေ့သည်  မိမိတို့နိုင်ငံ၏  နေ့ထူးနေ့မြတ်  ပြည်ထောင်စုနေ့  ဖြစ်သည်။  ယခုနှစ်ဆိုလျှင်  ပြည်ထောင်စုနေ့  ဖြစ်တည်လာခဲ့သည်မှာ  ၇၇ နှစ် တိုင်ခဲ့ပြီ။ 

 

ဗြိတိသျှတို့က        မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့်အခါ ရေရှည်အုပ်ချုပ် ခွင့်ရရှိစေရန် တိုင်းရင်းသားများကို သွေးခွဲ အုပ်ချုပ်ခဲ့သည်။ ဗြိတိသျှတို့၏ အုပ်ချုပ် ရေးပရိယာယ်ကြောင့်    တိုင်းရင်းသား အချင်းချင်း   သံသယများဖြင့်  ရင်းနှီးမှု အားနည်း၊ သွေးကွဲခဲ့ရသည်။ အင်္ဂလိပ်တို့ သိမ်းပိုက်ခံရသည့် မူလနှစ် ၇၀ ဝန်းကျင် အထိ မြေပြန့်သားနှင့် တောင်တန်းသား တို့ တစ်ကြိမ်မျှပူးပေါင်း၍ လွတ်လပ်ရေး ကို   မကြိုးပမ်းခဲ့ဖူးကြ။   ဖက်ဆစ်ကို တော်လှန်ကြမှသာ     တိုင်းရင်းသား အားလုံးပေါင်းစည်းမိသည်။ ထိုမှတစ်ဖန် အင်္ဂလိပ်ကို တော်လှန်ခဲ့ကြချိန်တွင်တော့ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း နှင့် ခေါင်းဆောင်များ၏ ဦးဆောင်မှုဖြင့် တောင်ပေါ်မြေပြန့်မခွဲခြားဘဲ လွတ်လပ် ရေးပန်းတိုင်သို့       ရောက်ရှိခဲ့သည်။ သို့သော် တစုတစည်းတည်း လွတ်လပ် ရေးရရှိလာခဲ့ခြင်းသည်   လွယ်ကူသည့် ခရီးတော့မဟုတ်ခဲ့။   ခက်ခဲကြမ်းတမ်း လှသည်။ 


တစ်ခုသော ဆောင်းရာသီ၊  ကာလ အားဖြင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလအတွင်း က  ဗိုလ်ချုပ်အောင်ဆန်း   ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့   ဗြိတိန်သို့ ရောက်ရှိပြီး တောင်တန်း/ ပြည်မ မခွဲခြား ဘဲ   လွတ်လပ်ရေးအတွက်  တောင်းဆို နေစဉ်     ပြည်တွင်းမှာရော     ပြည်ပမှာပါ မြန်မာနိုင်ငံမှ       တောင်တန်းသားနှင့် မြေပြန့်သားတို့ အစေးမကပ်သယောင် ဝါဒဖြန့်မှုများ ပျံ့နှံ့ခဲ့သည်။ မြန်မာပြည် တွင် ကျန်ရစ်သည့်ခေါင်းဆောင်များက တောင်တန်းဒေသများကို အလျင်အမြန် သွားရောက်ကာ      တိုင်းရင်းသားတို့ စည်းလုံးညီညွတ်ရေး၊    လွတ်လပ်ရေး အတူတကွ     အရယူနိုင်ရေး   စည်းရုံး ရသည်။      ဗြိတိန်သို့ရောက်ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်        မစ္စတာ အက်တလီတို့ ချုပ်ဆိုသည့် အောင်ဆန်း-အက်တလီ    စာချုပ်အရ   ဗြိတိသျှတို့က ပရိယာယ်အပြည့်ဖြင့် ရေးသားထားသည် ကို မြင်တွေ့ရပြီး လွတ်လပ်ရေးပေးရာ တွင် တောင်တန်းသားများက ပြည်မကြီး နှင့်ပူးပေါင်းရန် သဘောတူပါက အတူတူ လွတ်လပ်ရေးပေးမည်၊        အကယ်၍ ပြည်မနှင့်ပူးပေါင်းရေးကို  တောင်တန်း သားများ သဘောမတူပါက သူတို့ဆန္ဒ အတိုင်း ဖြစ်စေရမည်ဟူသည့် သဘော သက်ဝင်သည့်စာချုပ် ဖြစ်သည်။


ဗိုလ်ချုပ်နှင့်       အဖွဲ့ဝင်များက ဖေဖော်ဝါရီလ ၂ ရက်နေ့ ဗြိတိန်မှ ပြန်လည် ရောက်ရှိသည်နှင့်တစ်ပြိုင်နက် တိုင်းရင်း သားများအားလုံး  တညီတညွတ်တည်း လွတ်လပ်ရေး ရရှိခံစားနိုင်စေရန်အတွက် လုံ့လစိုက်ထုတ်ခဲ့ရာ ဖေဖော်ဝါရီလ ၈ ရက် နေ့မှ ၁၁ ရက်နေ့အထိ ပင်လုံညီလာခံကြီး တွင် ဆွေးနွေးခဲ့ကြပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့   နံနက် ၁၀ နာရီတွင်   ဗိုလ်ချုပ် အောင်ဆန်းနှင့်     တောင်တန်းဒေသ ကိုယ်စားလှယ် ၂၁ ဦးတို့က ပြည်မနှင့် တောင်တန်း ခွဲခြားမှုမရှိ မြန်မာတိုင်းရင်း သားပေါင်းစုံ ပူးပေါင်းရန် သဘောတူညီ သည့်    ပင်လုံစာချုပ်ကြီးကို    လက်မှတ် ရေးထိုးနိုင်ခဲ့သည်။ 


တစ်ပြည်ထောင်လုံးရှိ တိုင်းရင်းသား ပေါင်းစုံ၏      သွေးစည်းညီညွတ်မှုကို ပြသသည့် ထိုတစ်နေ့မှာ မိမိတို့နိုင်ငံ၏ အလေးအမြတ်ပြုရာ ပြည်ထောင်စုနေ့ ဖြစ်လာခဲ့သည်။ ဤသို့ဖြင့် ဗြိတိသျှအစိုးရ သည်လည်း    ကတိအတိုင်း    ပြည်မ တောင်တန်း   ဒေသအားလုံးကို  တစ်ပြိုင် တည်း လွတ်လပ်ရေးပေးအပ်ခဲ့ရသဖြင့် မိမိတို့    ယနေ့တိုင်    လွတ်လပ်သည့် နိုင်ငံအဖြစ်      ရပ်တည်လာနိုင်ခဲ့ခြင်းမှာ ပြည်ထောင်စုနေ့တွင်     အုတ်မြစ်ချ လက်တွဲခဲ့ခြင်း၏ အကျိုးရလဒ်ပင် ဖြစ်ပါသည်။


ပြည်ထောင်စုအနှစ်သာရ ပျောက်ဆုံးနေပြီလား


မိမိတို့နိုင်ငံသည်    ပဋိပက္ခများနှင့် မတည်ငြိမ်မှုအကြား    ရုန်းမထွက်နိုင် သေး။ ထိုအရာများက အရိပ်ပမာ အုပ်မိုး ထားသဖြင့် စီးပွားရေး၊ လူမှုရေး၊ ဘာသာ ရေး၊ ပညာရေး စသည့် တိုင်းသူပြည်သား တို့၏ အရေးကိစ္စမှန်သမျှတို့ လောင်းရိပ် မိကာ ညှိုးနွမ်းကြရသည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလတွင် လွတ်လပ်ရေးရရှိခဲ့ပြီး   ၁၉၄၈  ခုနှစ်     မတ်လအတွင်းမှာပင်         ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင် တော်လှန်ရေး    စတင်ခဲ့သည့်အတွက် လွတ်လပ်ရေးရရှိပြီး   သုံးလအတွင်းမှာ ပြည်တွင်းစစ်မီး   စတင်ခဲ့ခြင်းကြောင့်         ယခုဆိုလျှင်       နှစ်ပေါင်း  ၇၀   ကျော်      အချင်းချင်း   တိုက်ခိုက်ရင်း၊    စွပ်စွဲ ပြစ်တင်ရင်းဖြင့်သာ      အချိန်တွေကုန်ခဲ့ ရသည်။ ထိုသို့  ငြင်းခုံဝေဖန်ပြစ်တင်ရင်း   အချိန်ကုန်ခံရမည့်အစား   မတူကွဲပြားမှု များကို      စုစည်းညီညွတ်လိုက်ခြင်း သည်သာ   ပဋိပက္ခနှင့်   မတည်ငြိမ်မှုများ မှ            လွတ်မြောက်မည်ဖြစ်ပါသည်။    ထို့အတွက်      ပါဝင်ပတ်သက်သူတို့၏ ဉာဏ်ရည်၊    နှလုံးရည်၊   ယုံကြည်ချက် တို့ဖြင့်    ပြည်ထောင်စုကြီး   ငြိမ်းချမ်း တည်ငြိမ်ခြင်းသို့  ရှေးရှုတည်ဆောက်စေ လိုပါသည်။ 


လက်ရှိတွင်  နိုင်ငံအတွင်း ဝါဒကွဲ၊ အယူအဆကွဲပြားမှုများအပြင် ပြည်တွင်း၊ ပြည်ပ အဖျက်သမား၊ နိုင်ငံ့သစ္စာဖောက် များကြောင့်    ပြည်တွင်းမငြိမ်သက်မှု၊ တိုက်ပွဲများ  ကြုံတွေ့နေရပြီး   မိမိတို့ နိုင်ငံရေးကို   ဘက်ပေါင်းစုံမှ  ဝင်ရောက် စွက်ဖက်ခြယ်လှယ်လိုသည့် ပြည်ပနိုင်ငံ များ၏ ထိုးနှက်မှုကိုလည်း မကြာခဏ ပြန်လည်ဖြေရှင်းနေရသည်။ 


တိုင်းပြည်အတွင်း  ဖြစ်ပွားနေသည့် ပဋိပက္ခများကို  လေ့လာကြည့်သည့်အခါ မဲလိမ်မဲခိုးခြင်းမှသည်        နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ပြေလည် အောင်   မဆောင်ရွက်ခြင်းမှအစပြု၍ လက်နက်ကိုင်ပဋိပက္ခများကို   အကြမ်း ဖက်သည့်   နည်းလမ်းဖြင့်  လုပ်ဆောင် စေရန်  သွေးထိုးမြှောက်ပင့်ပေးနေသည့် CRPH, NUG စသည့် နိုင်ငံ့သစ္စာဖောက် အကြမ်းဖက်သမားများကြောင့်  လည်း ကောင်း၊   အမှားနှင့် အမှန်ကို   ခွဲခြား မမြင်နိုင်သည့် လူငယ်အကြမ်းဖက်သမား PDF  တို့ကြောင့်လည်းကောင်း၊  မိမိတို့ အကျိုးစီးပွားအလို့ငှာ  လက်နက်မစွန့် နိုင်ကြသည့် ပြည်နယ်အချို့မှ တိုင်းရင်း သားလက်နက်ကိုင်တို့ကြောင့်    လည်း ကောင်း    ယခုကဲ့သို့    ပြည်တွင်းစစ်မီး ရှည်ကြာစွာ တောက်လောင်နေရသည်။


ပြည်နယ်အများစုတွင်  သစ်တော များ၊   သယံဇာတများကို  တရားမဝင် ထုတ်ယူတူးဖော်နေကြသည့်  အမည်ခံလက်နက်ကိုင်အဖွဲ့အစည်းများ၊ မူးယစ် ဆေး၊ တရားမဝင်ငွေကြေးဈေးကွက်နှင့် လိမ်လည်မှုများ၊    လက်နက်မှောင်ခို ရောင်းဝယ်ဖောက်ကားခြင်းများ စသည့် ဒုစရိုက်မှုအသီးသီးတို့ကို ဖော်ဆောင်ရင်း နယ်မြေ    ထိန်းသိမ်းစောင့်ရှောက်ပေး နေသယောင်   လက်နက်ကိုင်အသီးသီးတို့ သည်    ပြည်ထောင်စုအတွက်  အမှိုက် သရိုက်များပင် မဟုတ်ပါလား။ 


တိုက်ပွဲတိုင်းတွင်    အပြစ်မဲ့ပြည်သူ တို့၏   စိတ်နှလုံးကို  စတေးကြရသည် ချည်းဖြစ်သည်။       မိခင်မဲ့သွားသည့် သားသမီးများ၊    အသက်မဲ့သွားသည့် စာသင်ကျောင်းများ၊ အသက်ဘေးကြောင့် စစ်ဘေးရှောင်စခန်းများတွင် ရာသီဥတု ဒဏ်၊ ဗုံးဒဏ်၊ လက်နက်ကြီးဒဏ် စသည့် ဒဏ်ရာဒဏ်ချက်များကို   အန်တုရင်ဆိုင် နေကြရသူများသည် မိမိတို့၏ တိုင်းရင်း သားပြည်သူများပင် ဖြစ်ပါသည်။  


မိမိတို့နိုင်ငံတွင် အဓိကတိုင်းရင်းသား လူမျိုး ရှစ်မျိုး၊   တိုင်းရင်းသားလူမျိုးစု ပေါင်း ၁၃၅ မျိုးခန့်ရှိကြပြီး  တိုင်းရင်းသား လူမျိုးအားလုံး သာတူညီမျှအခွင့်အရေး ရရှိခံစားခွင့်ရှိသကဲ့သို့     မိမိတို့နိုင်ငံ၏ လျှောက်လှမ်းနေသည့် နိုင်ငံရေးစနစ်မှာ စစ်မှန်စည်းကမ်းပြည့်ဝသည့်     ပါတီစုံ ဒီမိုကရေစီစနစ်ဖြစ်သည်။ တိုင်းရင်းသား အားလုံး          လိုလားတောင့်တသည့် ဒီမိုကရေစီနှင့်       ဖက်ဒရယ်စနစ်ကို အခြေခံသည့်    ပြည်ထောင်စုဖြစ်ပေါ် လာစေရန်အတွက်     ပြည်တွင်းစစ်မီးများ ချုပ်ငြိမ်းရေးမှာ ပြည်သူများ အလိုလား အတောင့်တဆုံး         ဆန္ဒတစ်ရပ်ပင် ဖြစ်သည်။


ငြိမ်းချမ်းရေးနှင့်အတူ ရှာဖွေကြရမည့် ဖွံ့ဖြိုးတိုးတက်ရေး


နိုင်ငံတစ်နိုင်ငံ        တည်ရှိမှုသည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာတည်သည်။   ငြိမ်းချမ်းသာယာ သောနိုင်ငံသည်        ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ဝယ်   အရှိန်အဟုန် မပြတ် ရှေ့ဆက်နေကြသည်။ ငြိမ်းချမ်း သောနိုင်ငံ၏ နိုင်ငံသူ နိုင်ငံသားများသည် လည်း    အလိုအလျောက်   ဂုဏ်သိက္ခာ ရှိနေကြသည်။          မြန်မာလူမျိုးတို့၏ ဂုဏ်သိက္ခာသည်     ကမ္ဘာ့အလယ်တွင် မြင့်မားနေစေရန်    ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့လိုသည်။ ငြိမ်းချမ်းပြီးနောက် အလိုအပ်ဆုံးအရာသည် ဖွံ့ဖြိုးတိုးတက် ရေးပင်ဖြစ်ပြီး         ဖွံ့ဖြိုးတိုးတက်ရေး အတွက်  မိမိတို့နိုင်ငံအနေဖြင့် ပညာရေးကဏ္ဍ  မြင့်မားရေးနှင့်      သုတေသနလုပ်ငန်း များကို      ပိုမိုလုပ်ဆောင်နိုင်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားကြရန် အလွန်အရေးကြီးသည်ဟု      ယူဆမိပါ သည်။ 


အောင်မြင်သည့်       နိုင်ငံတိုင်းတွင် သုတေသနလုပ်ငန်းများကို ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိကြပြီး   သုတေသန လုပ်ငန်းအတွက်    ငွေကြေးကုန်ကျခံ ဆောင်ရွက်ခြင်းဖြင့်      မှန်ကန်သည့် သတင်းအချက်အလက်များ    ရရှိခြင်း၊ အရေးကြီးသည့်      အချက်အလက် အကြောင်းအရာများကို စမ်းသပ်သိရှိနိုင် ခြင်း၊ အယူအဆသစ်များ ချမှတ်နိုင်ခြင်း တို့ကို အလွယ်တကူ ပြုလုပ်နိုင်ကြသည်။ သုတေသနလုပ်ငန်းများကို ကျယ်ကျယ် ပြန့်ပြန့် ထိထိရောက်ရောက်ဆောင်ရွက် ခြင်းဖြင့် ထိုနိုင်ငံ၏ စီးပွားရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့မှာ တစ်ဟုန်ထိုး မြင့်မား လာနိုင်ကြောင်း လေ့လာဆန်းစစ်သူများက တညီတညွတ်တည်း ပြောဆိုထားကြသည်။


သုတေသန၏ အကျိုးရလဒ်အနေ ဖြင့်   မိမိတို့   နေ့စဉ်အသုံးပြုနေသည့် အသုံးအဆောင်အားလုံးကို   ပြည်ပမှ ဝယ်ယူတင်သွင်းရခြင်းကို     များစွာ သက်သာခွင့်ရရှိနိုင်သကဲ့သို့ အိမ်နီးချင်း နိုင်ငံများသို့      ပြည်တွင်းထွက်ကုန်များ တင်ပို့ရာတွင်လည်း များစွာအထောက် အကူပြုနိုင်မည်ဖြစ်သည်။ ဥပမာအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ သီးနှံအလိုက် ဈေးကွက် သုတေသန      စာတမ်းများဖြစ်သည့် ကြက်သွန်ဖြူ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ဆန်စပါး၊ မျိုးစေ့၊     အစေ့ထုတ်ပြောင်း၊    ပဲပုပ်၊ နေကြာ၊   ကော်ဖီ    အစရှိသည်တို့မှ တောင်သူများနှင့် သီးနှံတင်ပို့ရောင်းချသူ များအတွက် သတင်းအချက်အလက်များ ရရှိပြီး ပြည်ပသို့တင်ပို့ရာတွင် များစွာ အထောက်အကူဖြစ်စေသည်ကို မြင်တွေ့ ရသည်။ ထို့အတူ နိုင်ငံတကာမှ စီးပွား ရေး၊ နိုင်ငံရေးဆိုင်ရာ သုတေသနများကို လေ့လာဆန်းစစ်ခြင်းအားဖြင့် ဈေးကွက် လိုအပ်ချက်၊   ဝယ်လိုအားနှင့်    အလား အလာ မျှော်မှန်းချက်များကို တွက်ဆနိုင် သည်။ 


ထို့ကြောင့်ပင် မိမိတို့ကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံများသည်       ဖွံ့ဖြိုးတိုးတက်မှုသို့ အလျင်မြန်ဆုံး တက်လှမ်းနိုင်မည့် တစ်ခု တည်းသော        နည်းလမ်းဖြစ်သည့် သုတေသန     ဆောင်ရွက်ချက်များမှ တစ်ဆင့်     ထုတ်ကုန်များကို    ကိုယ်တိုင် ထုတ်လုပ်ခြင်းမှသည် တီထွင်စွမ်းအား များ    ရင့်သန်ကာ     နိုင်ငံ့စီးပွားရေးကို မြှင့်တင်ရာရောက်သကဲ့သို့   နိုင်ငံတော် အေးချမ်းတည်ငြိမ်မှု၊    အလုပ်အကိုင် အခွင့်အလမ်းပေါများမှု၊  တိုင်းရင်းသား ပြည်သူများ  ချမ်းသာကြွယ်ဝမှုများဆီ အထိ ရောက်ရှိနိုင်မည်ဖြစ်ပါသည်။


မိမိတို့တိုင်းရင်းသားလူမျိုးအားလုံးသည်     ကိုယ့်ကြမ္မာ  ကိုယ်ဖန်တီးနိုင် ကြရန်ဟူသည့်         ရည်ရွယ်ချက်ဖြင့် ပြည်ထောင်စုနေ့ကို သက်သေအရာထား ကာ လွတ်လပ်ရေးအောင်ပန်းကို အရယူ နိုင်ခဲ့ကြပါသည်။ သို့သော် ပြည်ထောင်စု ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊  တိုင်းရင်း သားအားလုံးညီညွတ်စွာဖြင့် ဖွံ့ဖြိုးတိုးတက် ရေးလမ်းကြောင်းပေါ်    လျှောက်လှမ်း နိုင်ရေးအတွက်မူ      အဟန့်အတားနှင့် စိန်ခေါ်မှုများစွာတို့        ရင်ဆိုင်နေရဆဲ ပင်။     တိုင်းရင်းသားလူမျိုးအချင်းချင်း ချစ်ကြည်ရင်းနှီးစွာဖြင့်       ပြည်သူများ ရရှိထားသည့် ဒဏ်ရာဒဏ်ချက်များကို အပြန်ပြန်အလှန်လှန်   ဆန်းစစ်ကြရင်း စစ်ပွဲများ      အပြီးတိုင်ရပ်တန့်ခြင်းဖြင့် ငြိမ်းချမ်းခြင်းနှင့်   ဖွံ့ဖြိုးတိုးတက်ခြင်း အတိ       ပြီးပြည့်စုံသည့်   အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး ကို ထုဆစ်ပုံဖော်ဖို့ အချိန်အခါပင်ဖြစ်ပါ ကြောင်း။            ။