
နေပြည်တော် ဖေဖော်ဝါရီ ၆
၂၀၂၂ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် အလေးပြုခြင်းခံယူမည့် ပြည်ထောင်စုအလံတော်အား ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ လက်ဆင့်ကမ်းသယ်ယူခြင်း၊ မော်တော်ယာဉ်၊လေယာဉ်တို့ဖြင့် သယ်ဆောင်ခြင်းတို့ကို စနစ်တကျဖြင့် စီစဉ်စုဖွဲ့၍ ကျင်းပမည်ဖြစ်သည်။
ထိုကဲ့သို့ ပြည်ထောင်စုအလံတော်အား ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ရန်ကုန်မြို့တော်ခန်းမမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ထိုမှတစ်ဆင့် လေယာဉ်ဖြင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိပြီး နေပြည်တော်မြို့တော်ခန်းမသို့ သယ်ဆောင်ပုံအဆင့်ဆင့်အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD, MRTV NRC, MRTV FARMERS’, MRTV PARLIAMENT, MWD, MWD VARIETY, မြန်မာ့အသံရေဒီယိုတို့မှ ယင်းနေ့နံနက် ၆ နာရီမှစ၍ တိုက်ရိုက်(LIVE) ရိုက်ကူး ထုတ်လွှင့် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်