ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူအပေါ်  အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ

 

 

နေပြည်တော် ဇန်နဝါရီ    ၂၅ 
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပါသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမင်းသူ သည်  နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ အတွင်းက    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ   ရွေးကောက်ပွဲ  အောင်နိုင်ရေးအတွက် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံ ဆက်သွယ်၍ NLD တံဆိပ်ပါသော  တီရှပ်အင်္ကျီအထည်  ၁၈၀၀၀  အတွက်  ကာလတန်ဖိုး ငွေကျပ် ၃၁၅ သိန်းကိုလည်းကောင်း၊ NLD တံဆိပ်ပါသောလွယ်အိတ်များ ဝယ်ယူရန်အတွက် ငွေကျပ်သိန်း ၃၆၀ ကိုလည်းကောင်း လက်ခံ ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်းဖြစ်ကြောင်း  စစ်ဆေးပေါ်ပေါက်သဖြင့်  ၎င်းအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဘုရားကုန်းမြို့မရဲစခန်းတွင် ၂၅-၁-၂၀၂၂ ရက်နေ့ ၌ ပထမသတင်းပေး  တိုင်ကြားချက်ဖွင့်လှစ်၍  တရားစွဲဆိုအရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း  အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်မှ သတင်းရရှိသည်။                        သတင်းစဉ်