
နေပြည်တော် မေ ၃
ပြည်ထဲရေးဝန်ကြီးဌာန မိသားစု ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူ သီရိမြို့နယ် တောင်းဆုရ “ဝ” စေတီတော် ပရိဝုဏ်အတွင်းရှိ မဟာဗောဓိညောင်ပင်၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ နှင့်ဇနီး၊ ဒုတိယဝန်ကြီး မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့်ဇနီး၊ အမြဲတမ်း အတွင်းဝန် ဦးခိုင်ထွန်းဦးနှင့်ဇနီး၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ အရာရှိကြီးများ နှင့် ဇနီးများ၊ တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည် ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး စိုးထွဋ်နှင့် ဇနီးတို့သည် တောင်းဆုရ “ဝ” စေတီတော် ညီတော်ဘုရား လိုဏ်ဂူတော် အတွင်းရှိ ရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်း၊ ဆီမီးတို့ ကပ်လှူ ပူဇော်သည်။
ထို့နောက် အခမ်းအနားမှူး က ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ရန် ပန်ကြားသည့် မဟာ ဗောဓိ ရုက္ခသိဉ္ဇနပူဇာ ဂါထာတော် ကို ဖတ်ကြားပူဇော်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီးတို့ ဦးဆောင်သော အခမ်းအနားသို့ တက်ရောက်လာ သူများက သတ်မှတ်ထားသည့် နေရာတို့မှ အဖွဲ့လိုက် မဟာဗောဓိ ညောင်ပင်အား ကဆုန်ညောင်ရေ သွန်းလောင်း၍ အမွှေးနံ့သာရည် များ ပက်ဖျန်းပူဇော်ကာ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်