
နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်၏ သစ်တောသယံဇာတ များ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရန်၊ အဖိုးတန်ဂေဟစနစ်များ မပျောက်ပျက်အောင် စောင့်ရှောက် နိုင်ရန်နှင့် သစ်တောထိန်းသိမ်း ရေးလုပ်ငန်းများတွင် အထောက် အကူပြုစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်အမြန်လမ်းမကြီး ရဲတပ် ဖွဲ့မှူးရုံးဧရိယာ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ နှင့် ဦးစီးဌာနများမှ အရာရှိကြီးများ နှင့် ဇနီးများ၊ တပ်ဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်က သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် အဖိုးတန် ဂေဟစနစ်များ မပျောက်ပျက်အောင်စောင့်ရှောက် နိုင်ရေးတို့အတွက် သစ်တော သစ်ပင်များသည် လူ့ပတ်ဝန်းကျင် အတွက် များစွာအရေးပါကြောင်း၊ သစ်တောသစ်ပင်များက ရေ၊ သယံဇာတများကို ထိန်းသိမ်းပြီး သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်ကို သဟဇာတကျစေ ကြောင်း၊ “ဥတုရာသီတောကိုမှီ” ဟူသည့်အတိုင်း ရာသီဥတုကို ကောင်းမွန်စေကြောင်း၊ စိမ်းလန်း စိုပြည်မှုကိုဖြစ်စေသဖြင့် လူ့စိတ် နှလုံးကို အေးချမ်းစေကြောင်း၊ သစ်ပင်များ စိုက်ပျိုးရာတွင် တစ်ပင်စိုက် တစ်ပင်ရှင်၊ စိုက်သမျှ အပင် ရှင်သန်စေရန် စတင်စိုက်ပျိုး သည်မှစ၍ စဉ်ဆက်မပြတ် ပြုစု ထိန်းသိမ်းသွားရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးချုပ် နှင့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်း ပင်ကို ဦးဆောင်စိုက်ပျိုးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ ဒုတိယဝန် ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက်၏ဇနီး၊ အမြဲ တမ်းအတွင်းဝန်နှင့်ဇနီး၊ တပ်ဖွဲ့ နှင့်ဦးစီးဌာနများမှ အရာရှိကြီးများ နှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်၊ ဝန်ထမ်း များက သတ်မှတ်နေရာများတွင် သစ်ပင်များ စိုက်ပျိုးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့သည် တာဝန်ရှိသူများနှင့် အတူ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏ စုပေါင်း သစ်ပင်စိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြသည်။
ယနေ့ပြုလုပ်သည့် ပြည်ထဲ ရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ရတနာ တန်းဝင်ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ ပိတောက်၊ မန်ဂျန်ရှား၊ သင်္ကန်း၊ မဲဇလီ၊ သပြေကြီး၊ မန်ကျည်း၊ ယမနေ စသည့်သစ်ပင် စုစုပေါင်း ၁၂၀၀ တို့ကို စုပေါင်း စိုက်ပျိုးကြသည်။
အလားတူ ပြည်ထဲရေးဝန်ကြီး ဌာနကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများ၏ ရုံးချုပ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုံး၊ ဌာနများတွင်လည်း မိုးရာသီ သစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်များ၊ အရိပ်ရ လေကာပင်များ၊ သီးပင်စားပင် များကို တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်ထဲ ရေးဝန်ကြီးဌာနအနေဖြင့် ယနေ့ တွင် သစ်ပင် ၄၁၁၉၀ တို့ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။
သတင်းစဉ်