ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် မိသားစုများ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်း

 

နေပြည်တော်   မေ   ၆


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း အရာထမ်း၊ အမှု ထမ်း မိသားစုများသည် မြို့နယ် အသီးသီးရှိ          ဘုန်းတော်ကြီး ကျောင်းများသို့   သွားရောက်၍ ဆွမ်းဆန်တော်များ   ဆက်ကပ် လှူဒါန်းလျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်  နေပြည်တော်ကောင်စီ နယ်မြေ   ပျဉ်းမနားမြို့နယ်ရှိ သနပ္ပင်ဆိပ်(အရှေ့)ကျောင်းတိုက် သို့ လည်းကောင်း၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်ရှိ   ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်သို့  လည်း ကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ်ရှိ မင်းကွန်းဓမ္မ ရိပ်သာကျောင်းတိုက်သို့   လည်း ကောင်း၊ ရခိုင်ပြည်နယ် စစ်တွေ မြို့နယ်ရှိ  အလိုတော်ပြည့်ကျောင်း တိုက်သို့  လည်းကောင်း၊ ရန်ကုန် တိုင်းဒေသကြီး  အင်းစိန်မြို့နယ်ရှိ ရာကျော်ဘုရားလေး  ကျောင်း တိုက်သို့ လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး  ပုသိမ်မြို့နယ်ရှိ ညောင်ပင်သာ  ပရိယတ္တိစာသင် တိုက်သို့လည်းကောင်း  တာဝန်ရှိ သူများ သွားရောက်၍ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန် တော်များ    ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။ 
 

သတင်းစဉ်