
နေပြည်တော် မေ ၂၄
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏ သားသမီးများ၊ ကျောင်းသား ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုစည်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး နီလင်းအောင်နှင့်ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန် ဦးခိုင် ထွန်းဦးနှင့်ဇနီး ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့ ၏ဇနီးများ၊ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူ များနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးရုံးနှင့် တပ်ဖွဲ့၊ ဦးစီးဌာနများမှ တပ်ဖွဲ့ဝင်၊ ဝန်ထမ်းများ၏ သားသမီး၊ ကျောင်းသား ကျောင်းသူ ၃၅၄၄ ဦးအတွက် ပညာသင်ထောက်ပံ့ ကြေး နှင့် ကျောင်းသုံးဗလာစာအုပ်များ ပေးအပ် ချီးမြှင့်ရာ တပ်ဖွဲ့၊ ဦးစီးဌာနအလိုက် ကျောင်းသား ကျောင်းသူများက လက်ခံကြသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများကိုယ်စား ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြား ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ပြည်ထဲရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ မိသားစုဝင် သားသမီးများဖြစ်ကြသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် မူလတန်း ကျောင်းသား ကျောင်းသူ ၁၇၇၁ ဦး၊ အလယ်တန်း ကျောင်းသား ကျောင်းသူ ၇၂၈ ဦး၊ အထက်တန်း ကျောင်းသား ကျောင်းသူ ၇၁၂ ဦး၊ တက္ကသိုလ်ပညာ သင်ကြားမည့် ကျောင်းသား ကျောင်းသူ ၃၃၃ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၅၄၄ ဦးတို့အား ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံးဗလာ စာအုပ် ၃၈၁၇၂ အုပ် ငွေကျပ် ၁၃၀၄၈၀၀၀ဝ (ကျပ်တစ်ထောင့်သုံးရာလေးသိန်းရှစ်သောင်းတိတိ) တို့ကို ပညာသင်ထောက်ပံ့ကြေး ပထမအကြိမ်အဖြစ် ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်