ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များလှူဒါန်း

နေပြည်တော်   ဇန်နဝါရီ   ၂၅


ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းများ   ဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင် ပြေစေရန် ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီး ဌာန၊ တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက        မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့  ဆွမ်းဆန်တော်များ  ဆက်ကပ်လှူဒါန်း ခြင်းကို ဆောင်ရွက်လျက်ရှိသည်။


ဆက်ကပ်လှူဒါန်း


ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင်     နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရှိ     မစိုးရိမ်တိုက်သစ် ကျောင်းတိုက်နှင့်      ဥတ္တရသီရိမြို့နယ်ရှိ  ဝဇီရာနန္ဒသုဗောဓာရုံကျောင်းတိုက်တို့သို့  လည်းကောင်း၊ ကရင်ပြည်နယ် ဘားအံ မြို့နယ်ရှိ ကရင်ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး  ထားဝယ်မြို့နယ်ရှိ  ဇောတိကာရုံပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊  ရန်ကုန် တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ   လှိုင် ဓမ္မာရုံကျောင်းတိုက်သို့  လည်းကောင်း၊ ရှမ်းပြည်နယ်   မိုးမိတ်မြို့နယ်ရှိ   ပုဗ္ဗာရုံ  ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း ဆရာတော်၊   သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီး ဌာန၊ တပ်ဖွဲ့/ဦးစီးဌာနများမှ  သက်ဆိုင်ရာ နေပြည်တော်      ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့ရှိ တာဝန် ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်