
နေပြည်တော် အောက်တိုဘာ ၁၃
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ လယ်ဝေးမြို့နယ်ရှိ ရန်ကင်းတောရကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ တိပိဋက ကမ္ဘောဇပရိယတ္တိ စာသင်တိုက်၊ ရန်ကုန် တိုင်းဒေသကြီး ဒေါပုံမြို့နယ်ရှိ မင်းနန္ဒာပရိယတ္တိ စာသင်တိုက်၊ မင်္ဂလာ တောင်ညွန့်မြို့နယ်ရှိ တုလွှတ်စံပရိယတ္တိ စာသင်တိုက်၊ မရမ်းကုန်း မြို့နယ်ရှိ ပညာသိပ္ပံကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိ စာသင်တိုက် ၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ကျိုင်းငမ်းကျောင်းတိုက် နှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ဓာတုဝိဇ္ဇာပရိယတ္တိ စာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကို လည်းကောင်း၊ ကရင် ပြည်နယ် ဘားအံမြို့နယ်ရှိ နိဗ္ဗိန္ဒကျောင်းတိုက် (အပေါ်ပုံ)၊ ပဲခူးတိုင်း ဒေသကြီး ပဲခူးမြို့နယ်ရှိ ကြခတ်ဝိုင်းကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မစိုးရိမ် ပရိယတ္တိစာသင်တိုက်၊ မန္တလေးတိုင်း ဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ ဝေသာလီ ဝိပဿနာ မဟာဂန္ဓာရုံ ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ အလယ်ကျောင်း ပရိယတ္တိ စာသင်တိုက်နှင့် လမ်းမတော်မြို့နယ်ရှိ ကျောက်ပန်းတောင်း သာမဏေကျော်ပရိယတ္တိစာသင်တိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်