
နေပြည်တော် ဒီဇင်ဘာ ၇
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့နယ်ရှိ မဟာဇနကကျောင်းတိုက်၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ မြို့မယဉ်ငေးသာသနာ့ ရိပ်သာ ကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ဆန်တန်းကျောင်းသစ် ကျောင်းတိုက်နှင့် မဟာမြိုင်ပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး စမ်းချောင်းမြို့နယ်ရှိ မဟာမြိုင်ကျောင်းတိုက်၊ မရမ်းကုန်းမြို့နယ်ရှိ တိပိဋကမဟာဂန္ဓာရုံကျောင်းတိုက်နှင့် အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိ စာသင်တိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ ကရင် ပြည်နယ် ဘားအံမြို့နယ်ရှိ သရက်တောကျောင်းတိုက်၊ မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ တောင်ဆင်တဲကျောင်းတိုက်နှင့် မဟာအောင်မြေမြို့နယ်ရှိ ပေါင်းလဲကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး ဗဟန်းမြို့နယ်ရှိ ဗောဓိသုခကျောင်းတိုက်၊ ရှမ်းပြည်နယ်တောင်ကြီးမြို့နယ်ရှိ မြရတနာကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသ ကြီး ပုသိမ်မြို့နယ်ရှိ မြောင်းမြကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
သတင်းစဉ်