
နေပြည်တော် နိုဝင်ဘာ ၁၁
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစု များက မြို့နယ်အသီးသီးရှိ ဘုန်းတော် ကြီးကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ထန်းတပင် တောရကျောင်းတိုက်၊ ကရင်ပြည်နယ် ဘားအံမြို့နယ်ရှိ မြိုင်သဇင်ကျောင်း တိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ မြို့တော်ဦးကျောင်းတိုက်၊ ရန်ကုန် တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ မိုးကောင်းကျောင်းတိုက်၊ ရွှေပြည်သာ မြို့နယ်ရှိ ရတနာပန်းကုံး ပရိယတ္တိ စာသင်တိုက်၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ ရွှေရင်အေးကျောင်းတိုက်နှင့် သာကေတမြို့နယ်ရှိ သုစိတ္တာ လင်္ကာရ ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ်ရှိ ဟိုခုံကျောင်းတိုက် တို့သို့ ဆွမ်းဆန်တော်များကိုလည်း ကောင်း၊ မကွေးတိုင်းဒေသကြီး မကွေး မြို့နယ်ရှိ ပညာစက္ကရာမ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်ရှိ ရှမ်းစုဆီးဘန်နီကျောင်းတိုက် နှင့် ချမ်းအေးသာစံမြို့နယ်ရှိ ဣစ္ဆာသယ (ခ)ကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသ ကြီး အလုံမြို့နယ်ရှိ ကွင်းကျောင်း ပရိယတ္တိစာသင်တိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အေးစေတီ ပရိ ယတ္တိစာသင်တိုက်နှင့် လားရှိုးမြို့နယ်ရှိ အေးချမ်းမြေ့ ကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကို လည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြကြောင်း သိရ သည်။
သတင်းစဉ်