ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်များ လှူဒါန်း


 

နေပြည်တော်   ဇန်နဝါရီ    ၂၅
ကိုဗစ်- ၁၉  ရောဂါ  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  ဆောင်ရွက် နေသည့် ကာလအတွင်း  ဆွမ်းကိစ္စရပ်များအဆင်ပြေစေရန် ရည်ရွယ် ၍ ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်း မိသားစုများက  မြို့နယ်အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများသို့        ဆွမ်းဆန်တော်များ   ဆက်ကပ်လှူဒါန်းခြင်းကို  ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ    ဇမ္ဗူသီရိမြို့နယ်ရှိ    မစိုးရိမ်တိုက်သစ်ကျောင်းတိုက်နှင့်     ဥတ္တရသီရိမြို့နယ်ရှိ  ဝဇီရာနန္ဒသုဗောဓာရုံကျောင်းတိုက်တို့သို့ လည်း ကောင်း ၊  ကရင်ပြည်နယ်  ဘားအံမြို့နယ်ရှိ ကရင်ပရိ ယတ္တိ စာသင်တိုက်သို့လည်းကောင်း ၊ တနင်္သာရီတိုင်း ဒေသကြီး  ထားဝယ်မြို့နယ်ရှိ  ဇောတိကာရုံ  ပရိယတ္တိစာသင်တိုက်သို့ လည်းကောင်း၊  ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ လှိုင်ဓမ္မာရုံ ကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ်  မိုးမိတ်မြို့နယ်ရှိ ပုဗ္ဗာရုံ ပရိယတ္တိ    စာသင်တိုက်သို့လည်းကောင်း   ဆရာတော်၊   သံဃာတော် များအတွက်  ဆွမ်းဆန်တော်များကို ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့/ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေနှင့်  တိုင်း ဒေသကြီး/ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။ 
သတင်းစဉ်