
နေပြည်တော် ဧပြီ ၂၁
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ သန္တိသုခကျောင်းတိုက်သို့လည်းကောင်း၊ ကရင်ပြည် နယ် မြဝတီမြို့နယ်ရှိ သစ္စာနန်းမြိုင်ကျောင်းတိုက် သို့လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ သာသနာ့ရောင်ခြည်ကျောင်း တိုက်သို့လည်းကောင်း၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ မဟာဝိသုတာရာမ ပရိယတ္တိ စာသင်တိုက်သို့လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ အနောက်ခင် မကန်ကျောင်းတိုက်သို့လည်းကောင်း၊ ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်ရှိ မဟာဂန္ဓာရုံသဒ္ဓမ္မဝိဟာရ သာမဏေကျော် စာသင်တိုက်သို့လည်းကောင်း ဆရာ တော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်များ ကို ပြည်ထဲရေးဝန်ကြီးဌာန၊ တပ်ဖွဲ့/ ဦးစီးဌာနများမှ သက်ဆိုင်ရာ နေပြည်တော်ကောင်စီနယ်မြေနှင့် တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရ သည်။
သတင်းစဉ်