ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

 

နေပြည်တော်   ဧပြီ   ၂၀


ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ ဝင်/ဝန်ထမ်း       အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ် အသီးသီးရှိ      ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော် များ  ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။

 


ထိုသို့  ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ မရှိခဏ ဓမ္မရောင်ခြည်  ကျောင်းတိုက်သို့ လည်းကောင်း၊    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ တောင်ပေါ် ကျောင်း ပရိယတ္တိစာသင်တိုက်သို့လည်းကောင်း၊    မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ      ပြည် ကျောင်းပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊      ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ      ကျောက်ကြီး တောင်     ကျောင်းတိုက်သို့လည်း ကောင်း၊ ရှမ်းပြည်နယ် တောင်ကြီး မြို့နယ်ရှိ သစ်ပင်ထောင် ပရိယတ္တိ စာသင်တိုက်သို့   လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး   ပုသိမ် မြို့နယ်ရှိ    ရွှေတောင်ပရိယတ္တိ စာသင်တိုက်သို့   လည်းကောင်း ဆရာတော်၊    သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက   သွားရောက် ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်းစဉ်