
နေပြည်တော် ဧပြီ ၁၉
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ်ရှိ အောင်မင်္ဂလာသိဒ္ဓိ ရွှေကျောင်း တိုက်သို့လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး တမူး မြို့နယ်ရှိ မစိန်တောရ ကျောင်းတိုက်သို့ လည်းကောင်း၊ တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ နန်းတော်ရာ ကျောင်းတိုက်သို့ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး ချောက် မြို့နယ်ရှိ စလင်းပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ်ရှိ မစိုးရိမ်ပရိယတ္တိ စာသင်တိုက်(၉-မိုင်) သို့ လည်း ကောင်း၊ ရှမ်းပြည်နယ် သီပေါ မြို့နယ်ရှိ နန်းဦးစေတီ ပရိယတ္တိ စာသင်တိုက်သို့ လည်းကောင်း ဆရာတော်၊ သံဃာတော်များ အတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြကြောင်း သိရသည်။ သတင်းစဉ်