ပြည်ထဲရေးဝန်ကြီးဌာန မိသားစုများက ဆွမ်းဆန်တော်လှူဒါန်း

 

နေပြည်တော်   မေ  ၇


ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ ဝင်/ ဝန်ထမ်း  အရာထမ်း၊ အမှု ထမ်းမိသားစုများက    မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်း များသို့      ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို   ဆောင် ရွက်လျက်ရှိသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်   နေပြည်တော်ကောင်စီ နယ်မြေ တပ်ကုန်းမြို့နယ်ရှိ မဟာ ဇနကကျောင်းတိုက်သို့   လည်း ကောင်း၊ ကချင်ပြည်နယ် မြစ်ကြီး နားမြို့နယ်ရှိ        အောင်တော်မူ ပရဟိတကျောင်းတိုက်သို့ လည်း ကောင်း၊ ကရင်ပြည်နယ် ဘားအံ မြို့နယ်ရှိ  ဆေးဝင်္ကဘာစာသင် တိုက်သို့ လည်းကောင်း၊   ရခိုင် ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ဇေယျာရာမ(ခ)   ရန်အောင်မြေ ကျောင်းတိုက်သို့  လည်းကောင်း၊ ရှမ်းပြည်နယ်    မူဆယ်မြို့နယ်ရှိ မဟာဝန်ကျောင်းတိုက်နှင့် လားရှိုး မြို့နယ်ရှိ   အရှေ့ခါးရိုးပရိယတ္တိ စာသင်တိုက်သို့  လည်းကောင်း ဆရာတော်၊     သံဃာတော်များ အတွက်    ဆွမ်းဆန်တော်များကို       တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။             
   

သတင်းစဉ်